Myanmar Steemit Community ၏ ထောက်တိုင်များ ( Henry Aung )

in #myanmar7 years ago

STEMMIT-HENRY.jpg

မင်္ဂလာပါ။ ဤဆောင်းပါးမှာ MSC တွင် post promotion ရယူရန် ဖွဲ့စည်းထားသော sub Group များ၏ ခေါင်းဆောင်များကို ရည်ရွယ်၍ ရေးသားထားခြင်းဖြစ်ပါသည်။ ယခု အချိန်တွင် Steemit Platform မှာ တဦးကောင်း တယောက်ကောင်း အနေဖြင့် သွား လို့ မရကြောင်း အားလုံး သဘောပေါက်မည်ဟု မျော်လင့်ပါသည်။

ဤ Steemit Platform မှာ အဖွဲ့ လိုက် လက်တွဲညီ ညီ ဟန်ချက် ညီညီ လုပ်ရှား ရသော social media platform ဖြစ်ပါသည်။ ဤသို့ အဖွဲ့လိုက် ဟန်ချက်ညီညီ လုပ်ရှား နိုင်ရန် ဦးဆောင် သူ ခေါင်းဆောင်များ လိုအပ်ပါသည်။ ထိုအဖွဲ့ခေါင်းဆောင်များကလည်း တာဝန်ယူလိုမှု တာဝန်ခံလိုမှုရှိရန် အလွန်လိုအပ်ပါသည်။

လက်ရှိအချိန်တွင် MSC ၏ အနေဖြင့် Steemit Platform ပေါ်မှအကျိုးအမြတ်များကို မြန်မာ လူငယ် မောင်မယ် များအားလုံး ရရှိနိုင်ကြစေရန် ဆောင်ရွက်ရာ၌ ဤ admin များ သော်လည်းကောင်း အဖွဲ့ ခေါင်းဆောင်များကိုသော်လည်းကောင်း လခ ဟူ၍ အကျိုး တစုံတရာ ပိုမို မပေးနိုင်သေးပါ။ မိမိတို့ admin များကိုယ်တိုင်လည်း စေတနာ့ ဝန်ထမ်းနေကြသလို အဖွဲ့ ခေါင်းဆောင်များကလည်း မိမိတို့ နည်းတူ စေတနာ့ ဝန်းထမ်း ရမည်သာဖြစ်ပါသည်။

ထို့ကြောင့် ထို အဖွဲ့ခေါင်းဆောင်များသည် MSC structure တခု လုံး၏ POLE ဟူသော ဝင်ရိုး ထောက်တိုင်ပမာ ဖြစ်ပါသည်။ ထို့ ကြောင့် MSC ၏ ဝင်ရိုး ထောက်တိုင်များ ခိုင်မာပါမှ အဆောက်အဦး တခုလုံးခိုင်မာမည်ဖြစ်ပါသည်။

01.jpg

PLANNING

ခါင်းဆောင် တဦး အနေဖြင့် POLE ဟူသော ဝင်ရိုးထောက်တိုင် အတိုင်း ကျင့်ကြံနိုင်ရန် ပထမဦးစွာ P ၏ စကားလုံးအတိုင်း Planning ဖြင့် စရပါမည်။ မိမိတို့ အဖွဲ့အစည်း စတင်ဖွဲ့စည်းသည်နှင့် မည်ကဲ့သို့ ရေရှည် တည် တံ့အောင် ဆောင်ရွက်မည်၊ မည်ကဲ့သို့ ပိုမိုကြီးထွားအောင် ဆောင်ရွက်မည် စသည့် စီမံချက်ခေါ် plan ရှိရန် အလွန် လိုအပ်ပါသည်။

မိမိတို့ အဖွဲ့အစည်းတွင် ကျစ်ကျစ်လစ်လစ် ရှိစေရန် မည်ကဲ့သို့ သော အုပ်ချုပ်မှုပုံစံထားရှိမည်၊ မည်ကဲ့သို့ သော စည်းမျဉ်းစည်းကမ်းများ ချမှတ် လိုက်နာကြမည် ကိုလည်း Plan ထဲတွင် ထဲတွင်း စဉ်းစားရပါသည်။ ခေါ်င်းဆောင်ဟူသည်မှာ တဦးတယောက်တည်း သိမ်းကြုံး လုပ်သွားရန် မဟုတ်ပါ။ မိမိနှင့် အတူ ထိုအဖွဲ့ အစည်းကို ထိန်းသိမ်းနိုင်ရန် မိမိကို ကူညီမည့် သူများ တနည်းအားဖြင့် management team or admin team စသည်ဖြင့် လိုအပ်ပါသည်။

ထို့ကြောင့် မိမိနှင့်အတူ စိတ်တူ ကိုယ်တူ ဆောင်ရွက်နိုင်မည့်သူများကို မိမိ admin team တွင် ထည့် သွင်း ထားနိုင်ရပါမည်။ ထို့ကြောင့် မိမိကိုယ်တိုင် plan မချနိုင်ပါက မိမိ၏ စိတ်တူကိုယ်တူ admins များ ဖြင့်သော်လည်းကောင်း management team ဖြင့်သော်လည်ကောင်း တိုင်ပင်၍ မည်သို့ မည်ပုံ မိမိတို့ အဖွဲ့ အစည်းအား အောင်မြင်ရေး လမ်းကြောင်းပေါ်သို့ ပို့ ဆောင်ပေးနိုင်မည်ဟူသော plan ချထားနိုင်ရန်လိုအပ်ပါသည်။

ဤသို့ plan ချထားရာတွင် ပထမ plan မအောင်မြင်လျင် ဒုတိယ plan ဖြင့် ဆောင်ရွက်မည် ဟူ၍ Plan A သာမက Plan B လည်း ဆွဲ ထားနိုင်ရန် လိုအပ်ပါသည်။ လက်ရှိ MSC တွင် post promotion ပေး၍ မြန်မာ လူငယ်မောင်မယ်များအား ဆွဲ ခေါ်နေသော အစီအစဉ် မှာ ကျွန်တော် ၏ Plan B ဖြစ်ပါသည်။ မအောင်မြင်ခဲ့ သော Plan A အကြောင်းကို စာလေးမည် စိုး၍ မဖေါ်ပြတော့ပါ။

02.jpg

ORGANIZING

ဒုတိယ ဖြစ်သော O မှာ organizing ဟုခေါ်သော စည်းရုံး နိုင်ရေးဖြစ်ပါသည်။ မိမိတို့အဖွဲ့ အစည်းတွင် အောင်မြင်ရေး လမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးနိုင်သော plan လည်းရှိ နေပြီ ၊ အဖွဲ့ အစည်း တရပ် အနေဖြင့် လူအင်အားလည်း ရှိနေပြီ ဖြစ်သောအခါ မိမိတို့ အောင်မြင်ရေး လမ်းကြောင်း plan များကို အဖွဲ့ ဝင်များအား ချ ပြ ၍ ဤ သို့ ဤပုံ လုပ်ဆောင်ကြမည် စသည်ဖြင့် အဖွဲ့သားများအားစည်းရုံးနိုင်ရပါမည်။

ဤသို့ စည်းရုံးရာတွင် လက်ခံသူများရှိသလို လက်မခံ နိုင်သူများလည်း ရှိပါလိမ့်မည်။ သို့ရာတွင် အဖွဲ့ အစည်း တခု တိုးတက်ရာ တိုးတက်ကြောင်း လုပ်ဆောင်ရာတွင် ခေါင်းဆောင်တို့မှာ ထိုလက်မခံ နိုင်သူများ၏ အဘယ့်ကြောင့် လက်မခံနိုင်ရခြင်းကို သေသေချာချာ နားထောင်တတ်လျင် မိမိတို့ အဖွဲ့အစည်းအတွက် အလွန်အကျိုးများပါသည်။

အကြောင့်မဲ့သက်သက် ဘုကန့်လန့်တိုက်၍ မိမိတို့ မည်သို့ သော plan ချ၍ စည်းရုံး ရေး ပြုလုပ်စေကာမူ မိမိတို့အား ကန့်လန့်တိုက်နေသူများကို တော့ ချန်သင့်လျင်ချန်ထားခဲ့ရပါမည်။ ကျွန်တော် အထက်တွင် တင်ပြခဲ့သည့်အတိုင်း အများအား မိမိ plan ကို ချပြရာတွင် ဟိုလူပြော ဟိုလို ပြင်လိုက် ဒီလူပြောဒီလို ပြင်လိုက်ဖြင့် ရှေ့ဆက်နေလျင် လိုရာရောက်တော့မည်မဟုတ်ပါ။ မိမိ ချထားသော plan အား အများသူငှာ လက်ခံလာနိုင်စေရန် ပြောဆိုစည်းရုံး နိုင်ခြင်းသည် ခေါင်းဆောင်တို့ ၏ အရည်အချင်းဖြစ်ပါသည်။

03.jpg

LEADING

တတိယဖြစ်သော L မှာ leading ဟုခေါ်သော ဦးစီး ဦးဆောင် ဆောင်ရွက်ခြင်းဖြစ်ပါသည်။ မိမိတို့တွင် ကောင်းမွန်သော plan လည်း ရှိပြီ ၊ အဖွဲ့သားများအားလည်း plan အတိုင်း လိုက်ပါ အကောင်အထည်ဖေါ်နိုင်ရန် စည်းရုံးနိုင်ပြီဆိုလျင် ခေါင်းဆောင်ကိုယ်တိုင်မှ ဦးဆောင်ပြီး ထို plan ကို အောင်မြင်ရန် ဦးဆောင် လုံးလ ပြုနိုင်ရပါသည်။

ငါ plan ချထားတယ် နင်တို့ လိုက်နာကြဟူ၍ ပြစ်ထား၍ မရပါ။ ဤသို့ ဦးစီး ဦးဆောင် ဆောင်ရွက်ရာတွင် ခေါင်းဆောင်တို့ မှာ အလွန်ပင်စိတ်ရှည်ရန်လိုပါသည်။ ထစ်ကနဲ့ ပြသနာဖြစ်လျင် ပက်ကနဲ ပြန်ပြောလိုက် ၊ ငါ ခေါင်းဆောင် ငါပြောသလိုလုပ် ဟူ၍ လုပ်၍ မရပါ။ အထူးသဖြင့် သူများဘာလုပ်လုပ် ငါကန့်လန့်တိုက်မယ်ဟူ သော လူတန်းစားတရပ်သီးသန့်ရှိနေသောကြောင့် ဖြစ်ပါသည်။

ထို့အတူ ခေါင်းဆောင်လုပ်သူတို့မှာ သူတပါး၏ ချီးမွမ်း ခန်းများတွင်လည်း သာယာ ယစ်မူးမနေရန် အလွန်လိုအပ်ပါသည်။ အကြောင်းမှာ မိမိတို့ကို ချီးမွမ်းနေကြသူများသာ မိမိတို့အား ပြန်လည် ပုတ်ခတ်မည့်သူများဖြစ်ကြောင်း သတိထားစေလိုပါသည်။ ဥပမာ ပြပါမည်။ မိမိတို့ MSC admin များကို ကျေးဇူး တင်လှချည်ရဲ့ ဟူ၍ ချီးမွမ်းသော အကောင့် တခု မှာ cheetah မိ၍ MSC မှ အပြစ်ယူ သောအခါ မိမိတို့ MSC admin တို့မှာ မအေနှင့် ကိုင်တုတ်ဆဲခံရပါသည်။

သို့ သော် အရှည် သဖြင့် အကျိုးများမည်မဟုတ်သဖြင့် မိမိတို့ admin များမှလည်း ဥပေခါ ပြုထားလိုက်ပါသည်။ ထို့ကြောင့် အဖွဲ့ အစည်းကို ခေါင်းဆောင်မည့်သူများသည် စိတ်ရှည် သည်းခံရန် လိုအပ်သလို ပြတ်သားမှုနှင့် ဥပေခါ လည်း ထားနိုင်ရပါသည်။

04.png

EVALUATING

နောက်ဆုံးစာလုံး ဖြစ်သော E မှာ evaluating ဟု ခေါ်သော ချင့်ချိန်ခြင်း တန်ဖိုးဖြတ်ခြင်းများကို လုပ်ဆောင်နိုင်ရပါမည်။ မိမိတို့ plan များကို အောင်မြင်အောင် အကောင်အထည် ဖေါ်ရာတွင် ဖြစ်ပေါ်လာသော ကောင်းခြင်း ဆိုးခြင်း များအပေါ်မူတည် ၍ ချင့်ချိန် တန်ဖိုးဖြတ်နိုင်ရပါမည်။

မိမိတို့ plan များကို အကောင်အထည် ဖေါ်ရာတွင် လမ်းခုလတ်၌ ဤ plan သည် အလုပ်မဖြစ်သော အချိန်ကုန်၍ အကျိုးမရှိသော plan ဖြစ်နေပါက ခေါင်းဆောင်ဖြစ်သူမှ ချင့်ချိန်၍ လိုအပ်လျင် တစ်မှ ပြန်စနိုင်ရန် ဖြစ်စေ သို့မဟုတ် plan B ကို အကောင်အထည် ဖေါ်နိုင်ရန် ဖြစ်စေ လုပ်ဆောင်နိုင်ရပါမည်။ ထို့ကြောင့် ခေါင်းဆောင်တို့သည် မိမိတို့ အဖွဲ့ အစည်းကို အောင်မြင်အောင် ဦးဆောင်ရာတွင် ကောင်း၏ ဆိုး၏ ဟူသော ချင့်ချိန် တန်ဖိုးဖြတ် နိုင်ရန်လည်း လိုအပ်ပါသည်။

ကျွန်တော့ ဆောင်းပါးအစတွင် ဆိုခဲ့သည့် အတိုင်း ဤဆောင်းပါးသည် MSC ၏ Sub-Group Leader များအတွက် ရည်ရွယ်သော ဆောင်းပါးဖြစ်ပါသည်။ လောလောဆယ်တွင် အဖွဲ့ လေးဖွဲ့ ရှိသော်လည်း အချို့ အဖွဲ့တွင် မတတ်သာ၍ ခေါင်းဆောင်လုပ်နေကြသူများရှိပါလိမ့်မည်။ လက်ရှိအချိန်တွင် ခေါင်းဆောင်ဟု ဆိုရာတွင်လည်း အများနည်းတူ အားလုံး တန်းတူ ရရှိနေကြပါသေးသည်။

များမကြာကာလတွင် ခေါင်းဆောင်ကောင်း၍ မိမိတို့ အဖွဲ့တွင် စနစ်တကျ အောင်မြင်ရေး plan များနှင့် admin team နှင့် စနစ်တကျ ဖွဲ့စည်းထားသော အသင်းအဖွဲ့သည် အခြားအဖွဲ့များထက် သာလွန်သော အကျိုးခံစားရပါလိမ့်မည်။ ဤသို့ ဖြစ်လာအောင်လည်း MSC admin များက ဆောင်ရွက်နေကြပါသည်။

ကျွန်တော် အဘယ့်ကြောင့် ဤ ကဲ့သို့ အဖွဲ့ ငယ်များဖွဲ့ ၍ promotion တင်နေရသနည်း ဆိုသော် ... မိမိအဖွဲ့ ခေါင်းဆောင်က အခြားအဖွဲ့ ထက် ညံ့၍ မိမိတို့ တဖြည်းဖြည်း သူများနောက်ရောက်လာသောအခါ ရွက်ပုန်းသီး ခေါင်းဆောင်များပေါ်ထွက်လာပါလိမ့်မည်။ လက်ရှိ အဖွဲ့ လေးဖွဲ့ တွင် မည်သူမျှ ခေါင်းဆောင်လုပ်လိုသူ မရှိသော အဖွဲ့သည် တဖွဲ့လုံး promotion တွင် ပါဝင်ခွင့် ရမည်မဟုတ်၍ မိမိတို့ ခေါင်းဆောင်ကောင်းကို မိမိတို့ ရွေးထားကြပါရန်သာ တိုက်တွန်းလိုပါသည်။ အဘယ်ကြောင့်ဆိုသော် မိမိတို့ MSC ၏ ရှေ့ရေး သည် ထိုအဖွဲ့လေးဖွဲ့၏ ထောက်တိုင်ပေါ်တွင် တည်ဆောက်ကြမည်ဖြစ်သောကြောင့် ဖြစ်ပါသည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

steemit logo.png

Photos credit; Google Image
Author : Henry Aung ( Kachin )
MSC : 001

Sort:  

Nice Henry!

wow.. Dubi boss.... welcome back

cheer up! Henry!

thanks you very much zefa

မြန်မာပြည်သားတွေကို အောင်မြင်စေချင်သော စိတ်ရင်းစေတနာအပြည့်နဲ့  steemit myanmar community ကို ရှေ့ဆာင်လမ်းပြပေးခဲ့သော အစ်ကို@kachinhenry လေးစားပြီးရင်း လေးစားပါတယ် ပရဟိတစိတ်ဓာတ်ဖြင့် စေတနာ့ဝန်ထမ်းကြသော msc adminများကိုလည်း လေးစားပါတယ် ကျနော်တို့ တွေလည်း နောက်လိုက်ကောင်းတစ်ယောက် ဖြစ်အောင် ကြိုးစားကြရင်းနဲ့ mscအဖွဲ့သားများအားလုံးလည်း အောင်မြင်ကြပါစေခင်ဗျာ

လူလေး 33 ထဲပါ လွယ်မယ်ထင်မိပေမဲ့ အခက်ခဲတွေ အမျာကြီး admin တွေ နဲ့ တိုင်ပင်ရင်း ဆုံးဖြတိလိုက် အင်း..အတော်မောပါတယ် လို့ 😁😁ဒါပေမဲ့ ပျော်ပါတယ်လို့ group ထဲက ကလေးတွေလဲ ပျော်အောင် ထားပါတယ်လို့ တင်ပြရင်း😁😁

ကျေးဇူးတင်ပါတယ် Kyi ... လိုအပ်တဲ့ Steem power တခုရောက်ရင် နောက်တဆင့် တက်ကြတာပေါ့

ဟုတ် အကို
Plan အနေနဲ့ ရေးဆွဲပြီး ဆက်သွားဖို့ အစီစဉ်ရှိပါတယ်
လောလောဆယ်မှာတော့ Accountတိုင်းကို ကျွန်တော်
လိုက်လံစစ်ဆေးကြည့်ရှုနေပါသေးတယ်။
ခုလို အသိပေး၊သတိပေးလို့  ကျေးဇူးတင်ပါတယ် အစ်ကို

ကျွန်တော်တို့  လိုချင်နေတဲ့ လိုအပ်ချက်လည်းဖြစ်တဲ့
အဓိက Main Point ဖြစ်သော
Steem Power မြန်ဆန်စွာနဲ့ တိုးပွားလာရေးကို
အကောင်ထည်ဖော် ဆောင်ရွက်သွားပါ့မယ် အစ်ကို

အခုလို သိရတာ အားရလိုက်ပါဘိ ကိုမိုးဇော်

အရမ်းအားရှိပါတယ်ခုလိုပြောပြထားတာတွေ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိပေမဲ့ Leader နဲ့ Admin များ Sub-Leader များရဲ့လမ်းညွှန်မှုတွေကို စိတ်ကူးမလွဲပဲနဲ့လိုက်နာနေပါတယ်။ဘာလို့လဲဆိုတော့ ဆုံးဖြတ်ချက်တစ်ခုက ခုတွေးပီးခုဆုံးဖြတ်ထားတာမဟုတ်လို့ပါ။ အားလုံးတိုင်ပင်ပီးမှ အကောင်းဆုံးကို ချမှတ်ထားတာဖြစ်လို့ လက်ခံလိုက်နာရင်း တိုးတက်အောင်လုပ်ဆောင်သွားမှာပါ။

အခုလို ကြားရတာ ဝမ်းသာပါတယ်။ sub leader များကြိုးစားပါမှ MSC ရှေ့ဆက်လို့ ရမှာပါ။

ဟုတ်ကဲ့အကို

ကောင်းမွန်စွာ လိုက်နာ ပူပေါင်းဆောင်ရွက်သင့်ပါသည်

ကျေးဇူးတင်ပါတယ်

စိတ်​ကူး​ကောင်း အ​ရေး​ကောင်း အ​တွေး​ကောင်းပါ့ ကိုဟင်​ ​နောက်​လိုက်​​ကောင်းဖြစ်​​အောင်​ကျိုးစားပါမည်

ကျေးဇူးတင်ပါတယ်

Hello , I like you blog.Upvote and Follow you ! You are invited to my blog
Welcome.

အ​ကောင်းဆုံးလုပ်​​ဆောင်​ခြင်းပါပဲ good job