You are viewing a single comment's thread from:

RE: Myanmar Steemit Community မှ ဝမ်းနည်းပါသည် ( Henry Aung )

in #myanmar8 years ago

နည်းပညာတွေ အကြောင်းကို ရေးရာ မှာ အားလုံးစုံ တူသွားနိုင်တယ်ဆိုတာ မဖြစ်နိုင်ပါ။ ဒီနည်းပညာပဲ ဖြစ်၍ တူသွား နိုင်သည် ဆိုခြင်းမှာ လည်း မဖြစ်နိုင်ပါ။ မိမိတင်ပြပုံ အပေါ်မူတည်၍ အများနှင့် မတူအောင် ကွဲလွဲ ရေးလို့ ရပါသည်။ ဥပမာပြပါမည်။ ကျွန်တော့်အနေဖြင့် Steemit နည်းပညာအကြောင်း ရေးနေသည်မှာ အားလုံးအသိ ဖြစ်ပါသည်။ ထို့ အတူ ဆရာတင်လှိုင်လည်း လူသစ် များအတွက် Steemit နည်းပညာ အကြောင်း ရေးသားခဲ့၊ ရေးသားနေဆဲ ဖြစ်ပါသည်။ ဒီနည်း ပညာတခုတည်းကို ရေးသားနေသော်လည်း ကျွန်တော်တို့ ၏ တင်ပြပုံ မတူပါ။ နည်းပညာ ဟု ဆိုရာတွင် အလွန်ကျယ်ပြန့်လှ၍ အကြောင်းအရာတခုတည်းကို အသေးစိတ်ရေးမည်လား အနုစိတ်ရေးမည်လား ၊ အကြမ်းဖျင်း အခြေခံ ရေးမည်လား အများကြီးကွာခြားပါသည်။ ထို့အတူ မိမိ မည်သို့ မည်ပုံ တင်ပြမည် ကလည်း အရေးကြီးပါသည်။ ဟသ သဘော နှော၍ တင်ပြမည်လား သို့ မဟုတ် ပညာရပ် ဆန်ဆန် ရေးသားတင်ပြမည်လား အများကြီး ရွေးချယ်နိုင်ပါသည်။ သည်နည်းပညာကိုသာ ဖေါ်ပြရ၍ အခြားသူများရေးထားသည်နှင့် တူနေရပါသည်ဆိုသည်မှာ ကျွန်တော့် အမြင်ကတော့ အကြောင်းပြချက်ပေးနေသည်ဟုသာ မြင်ပါသည်။

Coin Marketplace

STEEM 0.06
TRX 0.32
JST 0.059
BTC 66905.69
ETH 2022.98
USDT 1.00
SBD 0.49