You are viewing a single comment's thread from:

RE: How to change instincts ပင်ကိုယ်စရိုက်ကို ဘယ်လိုပြောင်းလဲမှာလေး

in #myanmar8 years ago

ဒီပြသနာဟာ စရိုက်မဟုတ်ပါ။ အဓိက စနစ်နဲ့ ဥပဒေပါ။ မြန်မာပြည်မှာကတော့ ပါးစပ်နဲ့ ပဲ ခန့်လိုက် ဖြုတ်လိုက် လုပ်ကြတဲ့ အတွက် ခုလို ပြသနာများ တက်လာရခြင်းပါ။ အလုပ်သမားဘက်ကကြည့်ရင် ငါမလုပ်နိုင်တော့လို့ ထွက်သွားတယ် ၊ ဘာဖြစ်လဲ။ ငါမလုပ်ရင် ငါလခ မရဘူး ဘားမှ မဖြစ်ဘူး လို့ တွက်လို့ မရပါ။ အလုပ်ရှင်မှာ ကိုယ် ရုတ် တရက် ထွက်သွားတဲ့ အတွက် ကိုယ့် လုပ်ငန်း လည်ပတ်ဖို့ အတွက် နောက်လူ ရှာ မရရင် လုပ်ငန်း ရပ်ထားရမဲ့ အနေအထား မျိုး ၊ နောက်လူ ရသော်လည်း ကျွမ်းကျင် မှု မရှိသေးတဲ့ အတွက် ပြန်လည် သင်ပြပေးရမဲ့ ကြန့်ကြာချိန် ။ အဲဒီလို မျိုးတွေရှိပါတယ်။ ဒါကြောင့် စင်္ကပူ မှာ ဘယ်လို အလုပ်သမားမျိုးပဲ ခန့်ခန့် အနိမ့် ဆုံး သန်းရှင်းရေးသမားတောင် contracts လို့ခေါ်တဲ့ စာချုပ်ချုပ်ရပါတယ်။ တကယ်လို့ အလုပ်ရှင်က အလုပ်သမားကို ဖြုတ် ချင်ရင် တလ ကြို အကြောင်းကြား ရပါတယ်။ ဒီတလအတွင်း တခြားအလုပ် ရအောင် ရှာ နိုင်ခွင့်ရှိတယ်။ အလုပ်သမားကလည်း အလုပ်ထွက်မယ်ဆိုရင် အလုပ်ရှင်ကို တလ ကြို အကြောင်းကြား ရပါတယ်။ အလုပ်ရှင်ကလည်း နောက်လူ ခေါ် ၊ သူ မထွက်ခင် စပ်ကြား နောက်လူကို တာဝန် သေချာလွဲခဲ့။ ပါးစပ်နဲ့ အလုပ်ခန့် အလုပ်ဖြုတ်သရွေ့ ဒီပြသနာ ရှိနေအုံး မှာပါ။

Sort:  

ဟုတ်ကဲ့ပါအကိုအောင် ခုလိုသိရှိခွင့်ရခဲ့တယ်အတွက် ကျေးဇူးတင်ပါတယ်။

Coin Marketplace

STEEM 0.06
TRX 0.28
JST 0.047
BTC 63914.89
ETH 1867.66
USDT 1.00
SBD 0.49