Steemit အရူးလွယ်အိတ် ( Henry Aung )

in #myanmar4 years ago

henry Aung.jpg

မင်္ဂလာပါ။ မပြီးပြတ်သေးသော ဟောင်ကောင် အကြောင်းရေးသားရန် ရည်ရွယ်သော်လည်း လောလောဆယ် ဘာဖြစ်မှန်းမသိ။ စာရေး ခြင်းထက် စာဖတ်ရန် ပိုအားသန်နေပါသည်။ ဟောင်ကောင် အကြောင်း အကျဉ်းချုံ့ရလျင် ကမ္ဘာ့ လူမိုက်ကြီး အမေရိကန်က ဟောင်ကောင် ဆန္ဒပြသူများအား ဆက်လက်ဖမ်းဆီး နေလျင် စီးပွားရေး ပိတ်ဆို့မည်ဟု လေသံပြစ်လိုက်သောအခါ ယခုကတော့ ဟောင်ကောင်လည်း ငြိမ်သက်သယောင် ဖြစ်သွားပြီ ဖြစ်ပါသည်။ မနက်ဖြန် တွင် ရွေးကောက်ပွဲလုပ်၍ မဲပေးကြတော့မည်ဖြစ်ပါသည်။

ဟောင်ကောင်သားတို့ မိမိတို့ လိုချင်နေသော ခေါင်းဆောင်ကောင်း ရလိမ့်မည်ဟု မျှော်လင့်ရပါသည်။ Steemit platform နှင့်ပတ်သက်၍ Presentation videoclip များကြည့်ရန် ရည်ရွယ်ထားသော်လည်း ယခုထိမကြည့် ဖြစ်သေးပါ။ ယနေ့ည တကယ်ကြည့်၍ မနက်ဖြန် တနင်္ဂနွေနေ့တွင် Update တင်ပေးပါမည်။ Steemit team ကတော့ မျှော်လင့်ချက်များ ပေးနေဆဲ။ SMT , Communities စသည်ဖြင့် Steemit platform အားမောင်းနှင်နေဆဲ။

ကျွန်တော့ Wallet ထဲတွင်တော့ အသုံးပြု၍ ရသော token များ အသုံးပြု၍ မရသော token များ ပွစာတက်နေပြီ ဖြစ်သည်။ အရူးလွယ်အိတ်ကဲ့သို့ အစုံအလင် တွေ့သမျှ ကောက်ထည့်နေဆဲ။ တနေ့တော့ အသုံးဝင်ကောင်းပါရဲ့။ BTC စျေးကျဆင်းသွားခြင်း နှင့်အတူ Steem ဝယ်ထားလျင် ကောင်းမည်လား ၊ BNB ဝယ်ထားလျင်ကောင်းမည်လား ။ လက်ကတော့ ယားလာပြီ ဖြစ်ပါသည်။

ဘာပဲဖြစ်ဖြစ် မိမိ wallet တွင် $ အမှတ်အသား မြင်နေရသရွေ့တော့ စိတ်ချမ်းသာ နေဆဲ ဖြစ်ပါသည်။ စကားမစပ် Coinbase တွင် Tezos ( XTZ ) 6$ ဖိုးခန့် အလကား ပေးနေပြီ ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါသည်။ coinbase အကောင့် ရှိသူတို့ သွားရောက်ထုတ်ယူကြပါကုန်။ Tezos တခုလျင် လျက်ရှိပေါက်စျေး USD $ 1.26 စျေးပေါက်နေပါသည်။ ကျွန်တော်လည်း Tezos ထုတ်ယူရန် လုံးပန်းလိုက်ပါအုံးမည်။ အလကားရ လျင် ဆင် တောင်သက်စေ့ ဝယ်လွတ်ပြီး ကုသိုလ်ယူရ မည် ဟု ဆိုထားသည် မဟုတ်လား ။ မနက်ဖြန် Steemit အကြောင်း တကယ်ရေးသား ဖော်ပြပေးပါမည်။

logo.png
Author : Henry Aung ( Kachin )
MSC : 001

Sort:  

အရူးလွယ်အိတ်က ကျနော်တို့လို့ steemit အရူးတွေအတွက်ကတော့ ထည့်လေထည့်လေ မပြည့် နိူင်လေပါပဲဗျာ...
စျေးကတော့..ပိုက်ပိုက်တက်နိုင်သူတွေကတော့..ဝယ်ထားရင်ကောင်းမလားပဲလေ..
အားမရသေးဘူးဗျာ...ကိုယ်တွေလည်းဝယ်ချင်မိရဲ့ဗျာ တခါတည်းဒီလိုစျေးမှာ နောက်တခါပြန်လှည်မကြည့်ရအောင် ammount လောက်ထိပါ့...

$0.10$ ဆိုတဲ့ ပမာဏကလည်း ကျွန်တော်တို့ အတွက် ပိုက်ဆံပဲကိုး.... Cryptocurrency လောကအတွက် အပြာင်းအလည်း တခုလိုအပ်နေပြီ။

ဟုတ်တယ်အကိုရေ..ကျနော်တို့တွေ အချိန်အတော်ပေးရအုံးလိမ့်မယ်နဲ့တူတယ်ဗျာ..

ကျေးဇူးပါဗျာ
အရူးလွယ်အိတ်ကမှ စုံသဗျ

Posted using Partiko Android

ရသမျှ စုသာစု.... လိုအပ်တဲ့အခါ အသုံးဝင်လာလိမ့်မယ်။

Coinbase အကောင့်တော့ရှိတယ် TZကဘယ်လိုလုပ်ရပါ့

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 60719.63
ETH 2911.16
USDT 1.00
SBD 3.59