Steemit Platform ပေါ်မှ အတွေးများ ( အပိုင်း-၅ )
မင်္ဂလာပါ။ ဤဆောင်းပါးမှာ steemit Platform နှင့်ပါတ်သက်သော မိမိခံစားချက်များကို ဖေါ်ပြလိုရင်း ဖြစ်ပါသည်။ လွန်ခဲ့သော ၁၂ နာရီခန့်က @steemblog မှနေ၍ steemit Platform နှင့်ပါတ်သက်သော နည်းပညာများနှင့်ပါတ်သက်၍ ထပ်မံ အဆင့်မြှင့်လိုက်ကြောင်း ဆောင်းပါး တပုဒ်တက်လာပါသည်။
နည်းပညာနှင့် ပါတ်သက်သော ဆောင်းပါး ဖြစ်သဖြင့် မည်မျှ ကြိုးစားဖတ်သော်လည်း နားမလည်ပါ။ ၁၀ % ခန့်သာ ကောင်းကောင်း နားလည်ပါသည်။ steemit အကောင့် လျှောက်ရန် ပိုမို လွယ်ကူလာတော့ မည့် အကြောင်း နှင့် SMT များ နှင့်ပါတ်သက်၍ အဆင့်မြှင်တင်နေကြောင်း များ ပါဝင်ပါသည်။
steemit Platform သည် တရက်ထက်တရက် ပိုမိုကောင်းမွန်အောင် ပညာရှင်များက ကြိုးစားနေကြပါသည်။ SMT များနှင့်ပါတ်သက်၍ ဝေမျှရလျင် APPICS သည် သူ၏ ICO ခေါ်ပြီးသွား၍ Steemit Platform ၏ SMT နည်းပညာ တရားဝင် လွင့်တင်မည့် အချိန်ကို စောင့်နေပါသည်။
APPICS ၏ XAP token များကို Steem နှင့် SBD အသုံးပြု၍ ရယူနိုင်သော ICO ကို ကျွန်တော် အလုပ်များနေသဖြင့် မမှီလိုက်ပါ။ ယခုကတော့ ICO ကာလပြီးဆုံးသွားပါပြီ။ ထို့ အတူ Steem ၏ SMT နည်းပညာပေါ်တွင် အခြေခံမည့် နောက်ထပ် project တခုဖြစ်သည့် steemhunt ဟူ၍ ထွက်ပေါ်လာပါပြီ။
ဤ steemhunt မှာ ကုန်ပစ္စည်းများ ကြေညာသော website များအား တနေရာတည်းတွင် စုစည်း ကြည့်နိုင်ပါသည်။ သူတို့ အခေါ် product hunt ဟုလည်း ခေါ်ပါသည်။ ကျွန်တော်လည်း သေချာမလေ့လာရသေး၍ အသေးစိတ်မရေးပြနိုင်သေးပါ။ Hunt token ၏ airdrop အစီအစဉ်စနေပြီဖြစ်ပါသည်။ အကျယ်သိလိုလျင် အောက်ပါ လင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
မိမိ SP အား delegates လုပ်၍ hunt token များ စောစောစီးစီး မှာယူထားနိုင်ပါပြီ။ ကျွန်တော့ အနေဖြင့်ကတော့ steemit အကောင့်၏ key များကို သုံး၍ ဝင်ရောက်ရသော website ဟူသမျှကို ရှောင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော့အတွက်ကတော့ Steem သည်သာ အကောင်းဆုံး ဖြစ်နေ၍ ဖြစ်ပါသည်။
ဤသည်မှာ steem Blockchain နည်းပညာအပေါ် အခြေခံထားသော အသစ်ထွက်ပေါ်လာကြတော့မည့် နည်းပညာအသစ်များကို အနည်းငယ် ဖေါ်ပြပေးရခြင်း ဖြစ်ပါသည်။ လက်ရှိတွင် steemit Platform အား အခြေခံသော social media အသစ်များ ထွက်ပေါ်လာသလို super 8 ball ကဲ့သို့သော SBD reward များရှိနိုင်သည့် game များလည်း ထွက်ပေါ်လာနေပါပြီ။
ဤသို့ steemit Platform တရက်ပြီး တရက် တိုးတက်လာသည်နှင့် အမျှ steemit အပေါ်တွင် အာရုံစိုက်နေသော ကျွန်တော်၏ နေ့စဉ်ဘဝများလည်း လိုက်ပါပြောင်းလည်း နေပါသည်။ တခါတလေ ကျွန်တော် စဉ်းစားမိသည်မှာ ကျွန်တော့ အနေဖြင့် ၁၀ တန်းစာမေးပွဲအား ဤ steemit Platform ပေါ်တွင် အာရုံထား သလောက် ကြိုးစားအားထုတ်ခဲ့လျင် ယခုအချိန်တွင် ဆရာဝန်လောက်တော့ ဖြစ်နိုင်မည်ဟုထင်ပါသည်။
သို့သော် ကံကြမ္မာက ကျွန်တော့အား ဆရာဝန် ဖြစ်စေချင်ပုံမရပါ။ MSC Leader သာ ဖြစ်စေချင်ပုံရပါသည်။ အဘယ်ကြောင့် ဆိုသော် မိမိနှင့် ဝါသနာတူ သူငယ်ချင်းမိတ်ဆွေများ ဤ steemit Platform ပေါ်တွင် တစုတဝေးတည်း တွေ့နေရ၍ ဖြစ်ပါသည်။ လက်ရှိ ကျွန်တော်တို့ MSC တွင် အခြေခံမတူ သော နယ်ပယ် အသီးသီးမှ ဝါသနာတူ မိတ်ဆွေများ လာရောက်စုပေါင်းနေ၍ မတူညီသော ဗဟုသုတများအား တနေရာတည်းတွင် ရရှိနိုင်သကဲ့သို့ ဖြစ်နေခြင်းသည် steemit Platform ၏ ကောင်းကွက် ဖြစ်ပါသည်။
Steemit Platform ကလည်း ရှေ့ဆက်၍ နည်းပညာများအား အဆင့် မြှင့်နေပါသည်။ Steem ဈေးကလည်း တက်လိုက်ကျလိုက်ဖြင့် ဈေးကွက်ရှင်သန်နေပါသည်။ MSC အဖွဲ့ဝင်များကလည်း ပေါ်လာလိုက် ပျောက်သွားလိုက်ဖြင့် ရှေ့ဆက်နေကြပါသည်။
တခုသေချာသည်ကတော့ Steemit platform အား စွဲလမ်းသွားသူသည် သူ၏ နေ့စဉ် ဘဝများတွင် steemit မပါလျင် တခုခု လိုနေသကဲ့သို့ ခံစားရမည်ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုတော် ကျွန်တော် ကိုယ်တိုင် မည်မျှ အလုပ်ရှုပ်နေသည်ဖြစ်စေအချိန်ရသည်နှင့် ဤ steemit Platform ကို လက်က အလိုလို ရောက်နှင့် ပြီးသာ ဖြစ်နေသောကြောင့် ဖြစ်ပါသည်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Photo Credit :Original source
Author : Henry Aung ( Kachin )
MSC : 001
အကောင့်တခါပါထားဘူး၍ ကြောက်နေပါပြီ ။
MSC ကနေ စာဘဲပုံမှန်ရေးပြီး steem နဲ့ sbd ယူပါတော့မယ် ။
Bot သုံးမယ်တော့ လုပ်လိုက်ပါ.... happy go lucky..
သူ့ချည်းပဲလားဆိုတော့ စတီးမစ်နဲ့ပါ ဘုရား ဆိုသလို စတီးမစ်က နေ့စဉ်ဘဝမှာ လွှမ်းမိုးနေပါပြီဗျာ
အမှန်ပါပဲ... တနေကုန် အလုပ်များနေရင်တောင် အိပ်ခါနီး တကြိမ်လောက်တော့ ဝင်ကြည့် ဖြစ်တာရယ်
steemit ကဘဝတစ်ခုလုံးမဟုတ်ပေမဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်တော့ တည်ရှိနေခဲ့ပါပြီ steemit ထဲ တစ်နေ့  နှစ်ခါတော့ ဝင်ကြည့်နေရတယ် အရက်စွဲတယ် စွဲတယ်နဲ့ ညနေတိုင်းသောက်နေတာ ဘယ်မှာစွဲလို့ လဲ ဆိုသလိုပေါ့ steemit မစွဲသေးဘူးလို့ သာ. . . .
တင်ပါ့... ဆားများ စားရတယ်မရှိဘူး ဟင်းခတ်တာနဲ့ ကုန်တာပဲ ဆိုသလိုပေါ့။
steemitထဲကတော့အားချိန်မှန်သမျှပါပဲ။library တခုထဲရောက်နေသလိုပါပဲအချိန်ပြည့်postပေါင်းစုံရှာဖတ်မိနေပါတယ်။
အတူတူပါပဲ... တခုပြီး တခု ဖတ်စရာမကုန်ဘူး... တချို့ စိတ်ဝင်စားစရာ ကောင်းတဲ့ အကောင့်ဆိုရင် အရင်ကတင်ထားတာတွေ လိုက်ရှာ ဖတ်နေရတာ ပျော်စရာ။
Steemhunt ဆိုတဲ့စကားလုံးကို မြင်ဖူးနေတာကြာပြီ
ခုမှပဲ ကုန်ပစ္စည်းကြငြာတဲ့ ဝဘ်ဆိုက်မှန်းသိတော့တယ်ရှင့်
Steemhunt ကလည်း ကုန်ပစ္စည်း ကြေညာသူတွေ အတွက် အရမ်းကို အဆင်ပြေတဲ့ နေရာပါ။
မနက်လင်းလာတာနဲ့ ဖုန်းလေးဖွင့် steemထဲ ဝင်လိုက်ရမှ တနေ့တာလုံးအတွက် နေသာထိုင်သာ ရှိသွားပါတယ်
သေချာပါပြီ... မနက်လင်းတာနဲ့ ဆိုတော့ @kyi လို အိမ်သာထဲ ဖုန်းယူသွားပြီး V & M ပေးတာပဲ ဖြစ်ရမယ်
😊😊😊😊😊
မကြာမကြာလာရောက်လည်ပတ်ပါသည်။အမြဲမရောက်ဖြစ်သည်ကိုတော့ခွင့်လွတ်ပါ။
ဟုတ်ကဲ့ဆာရာစိုး... ကိစ္စမရှိပါဘူး။ steemit Platform ပေါ်မှာ ရှိနေရင်ပဲ အဆင်ပြေလှပါပြီ။ အချို့ဆိုရင် လုံးဝကို နားပလိုက်ကြတာမို့ပါ။
Air drop ကို တစ်ခါမှ မရယူဖူးသေးပါ... hunt token ကို
စိတ်ဝင်စားသော်လည်း steemit acc key များသုံးရ၍
အလွဲအချော် ဖြစ်မည်ကိုတော့ လန့်မိပါသည်။ 8 ball လည်း
အချိန်ရသလို ဝင်ထိုးဖြစ်ပါတယ်...SP တိုးရေး ရှေးရှုထားလို့ပါ။
သတင်းကောင်းလေးများ ထပ်သိပါရစေဗျာ... ကျေးဇူးပါ။
အမှန်ပြောရရင် ကျွန်တော်လည်း free token တွေ တခါမှ မယူဘူးပါဘူး။ ကိုသာအေး တော့ ကျွမ်းတယ်ပြောတာပဲ။
hunt token အကြောင်းလေ့လာပြီးသွားရင် ပြောပြပါဦး။ steem နဲ့ဆက်စပ်နေတယ်ဆိုတော့ စိတ်ဝင်စားတယ်ဗျာ။
လောလောဆယ် အလုပ်နည်းနည်းများနေလို့ အထွေးရေ... အဲဒါက ERC20 Token တွေဆိုတော့ Etherum Wallet ကနေသွားရမှာ.. ပြီးမှ Steem SMT ပြန်ပြောင်းမှာ ဆိုတော့ ကျွန်တော်လည်း ရှုပ်နေတာရယ်
သတင်းကောင်းလို့ဆိုရမှာပေါ့ဗျာ အကိုဟင်လိုလက်တွဲခေါ်ဆောင်သွားမဲ့ leaderတွေ အများကြီးပေါ်ထွန်းလာပါစေ
ကျွန်တော့ထက်တော်တဲ့ Community Leader တွေအများကြီး ရယ် steemit မယ်... ကျွန်တော်က သူတို့ ကို ဘယ်လိုမှ မမှီနိုင်ပါဘူး..