Steemit Platform ပေါ်မှ အတွေးများ ( အပိုင်း - ၇ ) ( Henry Aung )

in #myanmar6 years ago

henry Aung.jpg

လွန်ခဲ့သော ရက် အနည်းငယ်က လက်ရှိဖြစ်ပေါ်နေသော Steem ဈေးနှင့်ပါတ်သက်၍ steemit platform ပေါ်ရှိ ဂုရုကြီးများ ဖြင့် စကားစမြည်း ပြောဖြစ်ပါသည်။ စကားစမြည်း ပြောကြသည်ဟု ဆိုသော်လည်း ကျွန်တော့ အနေဖြင့် တော့ နားထောင်သမားသက်သက် သာ ဖြစ်ပါသည်။

လက်ရှိ Steem ဈေးနှင့် ပါတ်သက်၍ ကျွန်တော့ မေးခွန်းမှာ Steem ဈေး အဘယ့်ကြောင့် တက်မလာနိုင်ရသနည်း ဖြစ်ပါသည်။ ဂရုကြီး တဦး ဖြေထားသည်မှာ Steem ဈေးသည် လက်ရှိ blogger များ မှ နေ့စဉ် စာ၊ ဆောင်းပါး များ ရေးသားနေကြသူများသာ ရှိသရွေ့ လက်ရှိဈေးထက် ပို၍ တက်သွားစရာ အကြောင်း မရှိပါ။

ဆိုလိုသည်မှာ blogger များ ရှိ၍ Steem နှင့် SBD များ ထွက်ပေါ်လာကြသော်လည်း ဤ blogger များ ပုံမှန် စာ၊ ဆောင်းပါး ရေးနေရုံ ဖြင့် Steem ဈေးတက်သွားမည် မဟုတ် ပါ။ ထို့ကြောင့် steemit အနေဖြင့် သူ၏ တန်ဖိုး ဖြစ်သော Steem & SBD တို့အား ဈေးတက်စေချင်လျင် ထုတ်ကုန် တခု ထုတ်လုပ်ရမည် ဖြစ်ပါသည်။

ထိုထုတ်ကုန် ၏ အရည်အသွေး နှင့် အသုံး ဝင်မှု ၊ လူကြိုက်များ မှုတို့အား မူတည်၍ Steem & SBD များ ဈေးတက်လာကြပါလိမ့်မည် ဟု ပြောပြပါသည်။ steemit ၏ ထုတ်ကုန်မှာ SMTs ဖြစ်ပါသည်။ ထုတ်ကုန် တခုတည်း မဟုတ်ပါ ။ ရာပေါင်းများစွာသော SMTs များက စောင့်ဆိုင်နေကြပါသည်။

888.jpg

ဤ Smart Media Tokens များ နှင့် ပါတ်သက်၍ ကျွန်တော်အတွေးမှာ လက်ရှိ ဈေးကွက် အတွင်း ၌ ပင် ထောင်ပေါင်း သောင်းပေါင်း များစွာသော coin များ Tokens များ ရှိနေကြရာ နောက်ထပ် ထွက်ပေါ်လာကြမည် ဖြစ်သော SMTs များအတွက် ဈေးကွက် နေရာ ရနိုင်ပါမည်လောဟု သံသယ ရှိမိပါသည်။

ဂရုကြီးများ ရှင်းပြကြသည်မှာ coin များ tokens များ ထွက်ပေါ်နေကြဆဲဖြစ်သလို နောက်ထပ်၍ လည်း အများကြီး ထွက်ပေါ်လာကြပါလိမ့်မည်။ မိမိတို့ ထုတ်လုပ်လိုက်သော coin များ token များသည် သူ၏ ပင်းမ ဖြစ်သော blockchain နည်းပညာအပေါ်မူတည်၍ လူကြိုက်များ မှု ၊ ရေ ပန်းစားမှု အပေါ်တွင် ထို coin များ Token များ ရပ်တည် နေနိုင်ကြပါသည်။

ဥပမာ ပြရလျင် လက်ရှိ BTC ၏ ရေပန်းစားမှု ၊ လူကြိုက်များမှုကို အခြားမည်သည့် coin ကမှ လိုက်မမှီသေးပါ။ သို့သော် တချိန်ချိန်တွင် BTC ထက် ပိုမို ကောင်းမွန်သော ၊ အသုံးပြုရ လွယ်ကူသော ၊ ရွှေ့ပြောင်း ရလွယ် သော coin တမျိုးမျိုး ထွက်လာလျင် ထို coin ၏ လူကြိုက်များမှု အပေါ် မူတည်၍ BTC ကို ကျော်တက်သွားကြပါလိမ့်မည်။

ထို့ ကြောင့် steemit မှ ထွက်ပေါ်လာကြမည် ဖြစ်သော SMTs များသည်လည်း မည်မျှလောက် လူကြိုက်များသည် ၊ ရေပန်းစား သည် ဆိုသည့် အပေါ်မူတည်၍ အောင်မြင် ကြပါလိမ့်မည်။ steemit platform သည် သူ၏ ထုတ်ကုန်များ ဖြစ်သော SMTs များ ထွက်လာကြပြီးနောက် လုပ်စရာ ၂ ခုသာ ရှိပါသည်။

Steem များများ ပိုင်ဆိုင်၍ power up လုပ်ထားပြီး ထွက်ပေါ်လာကြမည် ဖြစ်သော SMTs များအား အကျိုးသက်ရောက်စေရမည် ဖြစ်သလို SBD အား ငွေကြေးတရပ် အဖြစ် အသုံးပြု နိုင်စေရန် Amazon , Alibaba ကဲ့သို့သော online ဈေးဝယ် website များတွင် ဈေးကွက် ဖေါက်ရမည် ဖြစ်ပါသည်။ steemit တွင် ဈေးကွက် တာဝန်ယူထားကြသူများ လုပ်ဆောင်ကြပါလိမ့်မည်။

999.jpg

ကျွန်တော် ၏ ယခင်ဆောင်းပါးများတွင်လည်း ဖေါ်ပြပေးဘူးပါသည်။ Steemit ၏ SMTs များသည် Steem Power ပေါ်တွင် မူတည်၍ ထုတ်လုပ်ကြပါလိမ့်မည်။ SMTs အောင်မြင်လေ လူကြိုက်များလေ ထိုနည်း ပညာအား အဆင့် မြှင့်တင်ရန် Steem power လိုအပ်လေလေ ဖြစ်ပါသည်။

ထို့ကြောင့် လက်ရှိ ကျွန်တော်တို့ မြင်နေကြရပြီ ဖြစ်သော Steemhunt, Airclinic တို့မှာ SP များ delegates လုပ်ရန် သူတို့၏ ထွက်ပေါ်လာကြမည် ဖြစ်သော SMTs များဖြင့် ဆွယ်ယူနေကြခြင်း ဖြစ်ပါသည်။ အချုပ်ဆိုရလျင် လက်ရှိ Steem ဈေးမှာ မက်လောက်စရာ မရှိသေးပါ။ ဤ မက်လောစရာ မရှိသော အချိန်သည် မိမိအတွက် Steem Power ရယူရန် အကောင်းဆုံး အချိန် ဖြစ်ပါသည်။

Steem ဈေး မက်လောက်စရာ ဖြစ်လာချိန်တွင် ကျွန်တော်တို့ အတွက် SP စုရန် အခွင့်အရေး အလွန် နည်းသွားပြီ ဖြစ်ပါသည်။ အဘယ်ကြောင့် ဆိုသော် Steem ဈေး တက်လေလေ မိမိတို့ စာရေး၍ ရရှိလာသော SP နည်းလာလေ လေ ဖြစ်ပါသည်။ လူတိုင်း လူတိုင်း ကံမကောင်း နိုင်ကြသော်လည်း ကြိုးစားသူများ အဖို့တော့ ကံမကောင်းလျင်တောင် ဝရိယ အကျိုး ခံစားခွင့် ရှိပါသေးသည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png

Photo Credit : Original Source
Author : Henry Aung ( Kachin )
MSC : 001

Sort:  

Steem and sbd ဖြင့် products တွေ ထုတ်ရောင်းချင်သပဗျာ

Posted using Partiko Android

ရောက်လာပါလိမ့်မယ် အဲဒီနေ့ရက်တွေ

စုမယ် စောင်းမယ် sp တွေကို ကွယ်

မိန်းမယူဖို့လား...?

ဝီရိယအကျိုးလေး ခံစားဖို့ စောင့်မျှော်လျှက်ပါ ကိုဟင်

အကောင်းဆုံး ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်လျက်ပါ။

ကံမကောင်းလျှင်တောင် ဝီရိယအကျိုးခံစားရမည်
ကြိုက်သည် ဝီရိယလေးစိုက်လိုက်အုံးမည် ကိုဟင်ရေ

အကောင်းဆုံးပါ။

Steemfest အကြောင်းတော့ သေချာမသိပါဘူးဗျ။ အဲဒီ steemfest တွေကြောင့် steem ဈေးများကျသလားလို့ ထင်မိပါတယ် Bro. အဲဒီပွဲ သွားဖို့ ကျင်းပဖို့ steem တွေကို ရောင်းကြမှာပါ။

Posted using Partiko Android

အဲဒီလို တော့ မဟုတ်လောက်ဘူး။ Steemit platform ရဲ့ ရေပန်းစားမှု အဆင့်က တဖြည်းဖြည်း ကျ လာသလို Steem token တွေကို ဝယ်ယူရင်းနှီး မှု နည်းလာလို့ ဈေးကျ သွားတာပါ။

စာကြိုးစားရေးပါ့မယ်ရှင့်

များများရေးပါ မမကြည်။ Steem က တရက် နှစ်ရက် မသိသာပေမယ့် တလ နှစ်လ ဆိုရင် သိသာပါတယ်။

‌မျှော်‌လင့်‌ချက်‌ များ ဖြင့်ကြိုးစား‌နေပါတယ်‌အစ်‌ကို‌ရေ။

အကောင်းဆုံးပါ။

အကောင်းဆုံးကို စောင့်မျှော်လျှက်ပါဗျာ တတ်နိုင်သမျှတော့ စုဆောင်းနေရဆဲပါ

မျှော်လင့်သော ထိုတနေ့ပေါ့..... ဘယ်နေ့မှန်းတော့ မသိသေးဘူး။

ကိုယ်ရေးကိုယ်တာများ အခြေနေအရ စတီးမစ်ပေါ်က ခဏခွဲခွာနေရပေမယ့် steem ဈေးလေးတော့ စောင့်ကြည့်ဖြစ်ပါတယ်အကိုရေ။ စာမရေးနိုင်တာ ဝမ်းနည်းမိတယ်။

ခုတောင် steem ဝယ်ချင်တာ ဝယ်စြာ ပိုက်ပိုက် မချိသေး ။

Coin Marketplace

STEEM 0.19
TRX 0.16
JST 0.030
BTC 63578.28
ETH 2600.09
USDT 1.00
SBD 2.83