Steemit Platform နှင့် အခြေအနေများ ( Henry Aung )

in #myanmar8 years ago

henry Aung.jpg

မင်္ဂလာပါ။ ယခုတလော ကျွန်တော့ အနေဖြင့် ခရီးသွား ဆောင်းပါးများသာ ဆက်တိုက်ရေးနေရသဖြင့် Steemit Platform နှင့်ပါတ်သက်၍ အချက်အလက်များသာစုဆောင်းနေခဲ့ရပါသည်။ လွန်ခဲ့သော ရက်အနည်းငယ်ခန့်ကို ပြန်ကြည့်လိုက်လျင် MSC တွင် နေရာယူထားသော အကြောင်းမှာ minnnow booster အကြောင်းပင်ဖြစ်ပါသည်။

minnow သာမက booster အများအပြားနှင့်ပါတ်သက်၍ ကျွန်တော့ အနေဖြင့် သုံးသင့်သည် မသုံးသင့်ဟူ၍ အကြံပေးလိုခြင်း မရှိပါ။ သို့သော် ကျွန်တော်တို့ မြန်မာ tag ကို အသုံးပြုသူများအနေဖြင့် MSC members များအား အနည်းငယ်သတိပေးချင်ပါသည်။

minnow booster ကဲ့သို့သော whales များမှာ vote ရောင်းစား၍ စီးပွားရှာကြသည်မှန်သော်လည်း ရောင်းသူနှင့်ဝယ်သူကြားတွင် တိကျသေချာသော စည်းကမ်းများ ချမှတ်မထားပါ။ စည်းကမ်းချမှတ်ထားလျင်တောင် ကိုယ်က deposit အလျင်သွင်းထားရသည်ကို သတိထားစေလိုပါသည်။

Steem ဈေးနှင့် SBD ဈေးများ ထိုးတက်ခဲ့ ပြီး နောက်ပိုင်းတွင် ဤသို့ booster ဈေးကွက်များပေါ်လာကြသည်ကို အချို့က ကြိုဆို သကဲ့သို့ အများအားဖြင့်တော့ လက်မခံလိုကြပါ။ အများအားဖြင့် SBD များများပေးနိုင်သူက များများ Vote ခံရသဖြင့် နာမည်ကြီးမည်ဖြစ်သော trending page သို့ ရောက်ရသော်လည်း မိမိ၏ ရေးသားမှုများမှာ quality content မဖြစ်သောအခါ များစွာ ရှက်စရာကောင်းပါသည်။

01.png

လက်ရှိ Steemit ၏ trending page တွင် booster များကြောင့် ရောက်ရှိလာသောသူများ နှင့်ပါတ်သက်၍ စကားသံများထွက်ပေါ်လာပါတော့သည်။ Reputation ကြီးသူအများစုက booster များအား အပြစ်တင်ကြသောအခါ သူတို့အနေဖြင့် စည်းကမ်း ကန့်သတ်ချက်များ လုပ်ဆောင်လာရပါတော့သည်။

မြန်မာ tag နှင့်ပါတ်သက်၍ တော့ အထွေအထူးမပြောလိုပါ။ ကျွန်တော်တို့ MSC တွင် စည်းကမ်းများဖြင့် မိမိတို့ရေးသော ဆောင်းပါး များကို quality content ဖြစ်စေရန် ထိမ်းထားကြသော်လည်း booster များအတွက်မှု မိမိ၏ quality ကို လျှော့ချလိုက်ကြသည်ကို တွေ့ရပါသည်။

ကျွန်တော့ အနေဖြင့် Steemit Platform ကို ဝင်ရောက်လာသော အခါ ကျွန်တော့ Steemit blog သည် ကျွန်တော့ ၏ standard အဖြစ်သတ်မှတ်ပါသည်။ Steemit အစပိုင်းတွင် မိမိ၏ ဆောင်းပါးများ ပြားဂဏန်းသာ ရသော်လည်း မိမိ အရေးအသားကို လျှော့ချ မပြစ်ပါ။ ကိုးရီယား အဖွဲ့၏ ထောက်ခံအားပေးမှုရသောကြောင့်လည်း နေ့ စဉ် ဆောင်းပါး ဖြစ်ရုံမျှ ဟူ၍ တွေ့သမျှလည်း ရေးမတင်ပါ။

မိမိ၏ standard ကို မိမိ၏ blog တွင်ထင်ဟပ်စေပါသည်။ ဤတွင် အခြားသူများက စောဒက တက်စရာရှိပါသည် " ကိုဟင်က support တွေရှိတော့ ပြောအားရှိတာပေါ့ " ဟူ၍ ။ မှန်ပါသည် ။ ကျွန်တော့်တွင် ကျွန်တော်ဆောင်းပါးများအား ပုံမှန် Vote ပေးနေကြသော support များရှိပါသည် ။

သို့သော် ထိုသို့သော support များရလာအောင် မိမိ blog standard ဖြင့် သူတို့သတိထားမိစေရန် လုပ်ဆောင်ခဲ့ရခြင်း ဖြစ်ပါသည်။ မိမိ blog အား မိမိပင် ဖွင့် မကြည့် ချင်လျင် တနည်းအား ဖြင့် မိမိ blog ဖွင့်လိုက်တိုင်း အလွယ်လိုက်ရေးသားထားသော စာ ၊ ဆောင်းပါး များသာ တွေ့ရ၍ မိမိပင် မကြည့်ချင်လျင် အခြားမည်သူက လာ၍ အရေးတယူ ဖွင့်ကြည့်မည်နည်း။

02.png

ကျွန်တော်ပြောလိုသည်မှာ ထိုသို့ support များရှိလာအောင် မိမိ၏ blog သည် Steemit Platform ပေါ်တွင့် standard တခုရှိသော blog ဖြစ်ပါသည် တနည်းအား ဖြင့် original content များသာ ရေးတင်သလို ယခုအချိန်ထိ မည်သို့သော အလွယ်လိုက်ခြင်းမှ မလုပ်ခဲ့သေးပါ။

busy.org ကတင်ရင် vote ပေးသည်ဟူ၍ busy မလုပ်သလို လူအများက zappl ဟူ ၍ လည် လိုက်ပြီး hello zappl မလုပ်ခဲ့ပါ။ ဆိုလိုချင်သည်မှာ မိမိ standard တခုဖြင့် အခြားသူများ သတိထားမိလာအောင် အသိအမှတ် ပြုမိလာအောင် လုပ်ယူခဲ့ရခြင်း ဖြစ်ပါသည်။ လက်ရှိ MSC တွင် စာရေးနေကြသော members များအားလည်း မေးလိုပါသည်။

မိမိရေးသားသောစာ ၊ ဆောင်းပါးများ မိမိ ၏ blog သည် မိမိသတ်မှတ်ထားသော စံ တနည်း အားဖြင့် မိမိ standard ကို ထင်ဟပ်စေပါသလော သို့ မဟုတ် ငွေရ ရင်ပြီးရောပေါ့ကွာ ဘာရေးရေးပေါ့ ဟူသော အတွေးဖြင့် ရေးသားနေသလောဆိုသည်မှာ မိမိသာ အသိဆုံး ဖြစ်ပါလိမ့်မည်။

03.png

လက်ရှိအနေဖြင့် minnow booster ဖြင့် vote ခိုင်းလျင် မြတ်သည် မမြတ်သည် မသိသော်လည်း ကျွန်တော့အနေဖြင့် အကြံပေးလိုသည်မှာ minnow သည်လည်း Admin Team များဖြင့် စနစ်တကျ ဖွဲ့စည်းထားသော အသင်းအဖွဲ့ ဖြစ်ပါသည်။ မိမိတို့ မြန်မာ များအနေဖြင့် minnow ကို ရေရှည် အသုံးပြုလိုလျင် တတ်ကျွမ်းနားလည်သူတို့က ဦးဆောင်၍ minnow admin team များ၏ ယုံကြည်မှုကို ရယူနိုင်အောင် ဆောင်ရွက်စေလိုပါသည်။

ထို့နောက် ဦးဆောင်သူတို့က minnow သို့ ပို့မည်ဖြစ်သော ဆောင်းပါးများကို သူတို့ စည်းကမ်းနှင့် ကိုက်ညီအောင် စီစစ်ပေးသင့်ပါသည်။ ဤသို့ အဖွဲ့ အစည်းဖြင့် စည်းကမ်းရှိရှိသွားလျင် မြန်မာ tag နာမည်ပျက်စရာ black list ထိစရာအကြောင်း မမြင်ပါ။ ကျွန်တော့ အနေဖြင့်လည်း အကြံသာပေးရပါသည် မြန်မာတို့အား အဖွဲ့အစည်းတခု၏ စည်းကမ်းအောက်သို့ ဆွဲခေါ်ရန် မည်မျှ ခက်ခဲသည်ကို သိပြီး ဖြစ်ပါသည်။

သို့သော် မြန်မာတို့၏ ဆောင်းပါး များ black list ထိသည် မြန်မာတို့ copy ကူးကြသည်ဟူသော သတင်းများ ကြားရသဖြင့် ဝင်၍ လျှာရှည် ကြည့် ခြင်းဖြစ်ပါသည်။ အချူပ်အနေဖြင့် ကျွန်တော် အကြံပေးလိုသည်မှာ members တို့ အနေဖြင့် မိမိတို့ Steemit blog မည်သို့သော စံ standard ဖြင့် ရှေ့ဆက်သွားမည်ကို စဉ်စားစေလိုပါသည်။

Steemit Platform တွင် standard ဆိုသည့်အရာမှ အများသတိပြုမိရန် မလွယ်လှသော်လည်း ထို standard ဟူသော အရာအား တကူးတက ရှာဖွေ မြှင့်တင်ပေးသူတို့ ရှိနေကြသည်ကိုတော့ သိထားစေချင်ပါသည်။နောက်ဆောင်းပါးတွက် Steemit Platform နှင့် bitcoin ဈေးကျ ခြင်း နှင့်အတူ Steem , SBD နှင့် အခြား coinmarket တို့၏ အကြောင်း ဖေါ်ပြပေးပါမည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png

Photos credit; Google Image

Author : Henry Aung ( Kachin )
MSC : 001

Sort:  

Myanmar tag တွဲပြီး တလွဲလုပ်နေတာတော့ဆိုးလွန်းပါတယ်ဗျာ။Myanmar Tag ကို မျက်နှာငယ်ရအောင် အရှက်ရအောင် ဖြစ်လာဖို့အတွက် သေခြာ လုပ်နေသလားလို့တောင်ထင်ရပါတယ်။

You got a 48.45% upvote from @thebot courtesy of @myintlwinsoe!
Please delegate us Steem Power & get 97% daily rewards share!
20 SP, 50, 75, 100, 150, 200, 300, 500, 1000 or Fill in any amount of SP.
Click For details | Discord server

Minnow နှိပ်စက်ပုံကတော့ပြောမနေပါနဲ့အကိုရယ်ခံလိုက်ရတာ ၂ပါတ်စာလောက်စုထားတာလေးပြောင်ရော့

SP ဝယ်တာကမှ စိတ်ချရအုံးမယ်

ဟုတ်တယ်အကိုကျနော် sp209 မ၀ယ်ခင်က sbd ၀ယ်ပီးminnow မှာသွားရင်းမလို့ ဘုတ်မန့်တွေပို့စ့်ဘုတွေပေါ့တော်သေးတယ်အကို့ကိုလာမေးပီး power up လုပ်လိုက်တာမှန်သွားတယ် အထူးကျေးဇူးတင်ပါတယ်အကိုဟင်ရယ်

Myanmar tagသုံးပြီး​ဆောင်းပါးတပုဒ်​တည်းကိုအ​ကောင့်​၁၆ခု​လောက်​ကို​ကော်​ပီကူးတင်​​နေသည်​ကိုပင်​​တွေ့ရပါသည်​။MSCမှမဟုတ်​​သော်​လည်းစည်းကမ်းမဲ့စွာပရမ်းပတာတင်​ချင်​သလိုတင်​​နေသည်​များကိုလည်းအခါခါ​တွေ့​နေရပါသည်​။

အစ်ကိုလည်း ဘားမှ မပြောတတ်တော့ပါဘူး။ Steemit Platform မှာ ဒီ့ထက်ဝင်ပါရင်လည်း ပို အပြောခံရတော့မှာမို့ ဘေးကနေပဲ ဝင်ကြည့်နေပါတော့တယ်။

Standard.
This is the wide and meaningful word.
Write has his (or) her own style, thinking, though and presentation. This fact made his (or) her standard.
Thank for your remaind Bro.

အမှန်ပါပဲ, စံ တခုကိုတည် ဆောက်ဖို့ မိမိကိုယ်တိုင်ပဲ သတ်မှတ်ရတာပါ။

လေ့လာမှု့အရမ်းအားနည်း​တော့ minnowboosterနဲ့ တစ်​ခါ​မှ​တော့ ​ရေးထား​သော ​ဆောင်းပါးများအားvoteမလုပ်​ဖြစ်​ခဲ့ပါဘူး minnowbooste နဲ့ comment vote​လေးတစ်​ခါလုပ်​မိပါတယ် တစ်​ခါတည်း black​ listလုပ်ခံရတာပါဘဲ

တခါတည်းပါ ဆိုသလိုပေါ့....

ဖတ်ဖို့ အသင့်ပါဗျာ နောက်ဟာတွေကပိုပြီးစိတ်ဝင်စားစရာကောင်းမှာမို့  ရေးသားပြတာကို ကျေးဇူးပါ
myanmar tag ကို copy ထင်နေတာလဲ ကိုယ်တိုင်အပြောခံရလို့  စိတ်မကောင်းပါဘူးဗျာ

ကျွန်တော်လည်း စိတ်မကောင်းပါဘူး....

right , မမ လည်း အာ့ ကို စိတ်ပူတာ msc မဟုတ်တောင်
မြန်မာ tag တွဲထားတော့ မြန်မာ အဖွဲ့အစည်း roll ကျမသွားအောင် သတိပြုသင့်ပါတယ်

ထိန်းသိမ်းပေးမဲ့သူ... ဦးဆောင်လုပ်ဆောင်ပေးမဲ့သူ လိုအပ်နေတာပါ။ အခုက တယောက်တပေါက်ကြိုက်သလို တင်နေကြတော့.....

အန်တီကတော့..အရိုသားဆုံးဝန်ခံရလျှင်..ငွေတွေဘယ်လောက်ရတယ်။ဈေးကဘယ်လိုပေါက်လို့..ဘာဖြစ်တယ်..စသဖြင့်..ဘာမှနားမလည်ပါဘူး။ဆရာဦးတင်လှိုင်အသိဆုံး။
အဓိက..စာရေးခြင်းဝါသနာ၊နောက်တခုက..သိပ်အရေးကြီးတဲ့စေတနာ။အဲဒါက..တို့နိုင်ငံကလူငယ်တွေပျက်စီးနေကြတယ်။အဓိက..စာမဖတ်လို့..ဗဟုသုတမရှိဘူး။ဗဟုသုတမရှိလို့အရာရာကို..လိမ်သမျှယုံကြည်နေကြတယ်။လူတွေအ.လေ..၊တုံးလေ..အာဏာရှင်ကြီးစိုးလေဘဲ။
အဲဒါကြောင့်စာဖတ်ခြင်းကိုစိတ်ဝင်စားလာအောင်လုပ်တဲ့
စတီးမစ်မှာ..ဝင်ရောက်လာတာ။ရည်ရွယ်ချက်က..အဲဒါဘဲ။
မနေ့က..ပို့စ်တခုတင်လိုက်တယ်။ဖတ်ကြညိ့လိုက်ဦးနော်
ကလေးတွေနားလည်နိုင်တဲ့အနေအထားလေးနဲ့ရေးထားတာ။သူတို့လေးတွေတင်သမျှကို..ဝင်မန့်ပီး..ဝေဖန်ပေးနေတယ်။လက်တက်စေခြင်လို့။အဲဒီအတွက်..ငွေရလား..မရလားလဲနားမလည်ဖူး။အန်တီလက်ခံထားတာက..တိုင်းပြည်နဲ့လူငယ်တွေ..အဆင့်မြင့်စေဖို့ဘဲ..သားရေ..။

လူငယ်တွေ ကိုတွဲခေါ်တဲ့ နေရာမယ် အန်တီတို့ ၊ ဆရာတင်လှိုင်ဦး တို့လို ရှေ့မှီ နောက်မှီ တွေ ရဲ့ morales support က အရမ်းကို အရေးပါ ပါတယ်။ အခု ဖြစ်ပျက်နေတာက စာမဖတ်တာထက် ဖတ်ချင်စိတ်ကို မရှိပဲ... အလွယ်လိုက်နေကြတာပါ။

သူများ bot တာနဲ့ လို က်​ bot မိတာ မသိနားမလည်​ပဲ
ကိုယ့်​ဆီကပါသွားတာသာ အဖတ်​တင်
 ဗဟုသုတရပါတယ်​ ကိုဟင်​ ​ကျေးဇူးလဲတင်​ပါတယ်
လောဘ​တွေနဲ့​မှောင်​​နေတာကိုအလင်းပြ​ပေးလို့။

အမှန်တော့ ထိန်းထိန်း သိမ်းသိမ်းနဲ့ ပုံမှန် လုပ်သွားရင် ရနိုင်ပါလျက်နဲ့ တရက်တည်းကို အကောင့်ပေါင်းစုံနဲ့ ကြုံသလို တင်နေကြတော့..... ကျွန်တော်လည်း မပြောတတ်တော့ဘူး။

ဗဟုသုတရပါတယ်ရှင် ကျမလူသစ်တစ်ယောက်ပါ
MSC အဖွဲ့သို့လည်ဝင်ရောက်ချင်ပါသည်
ကိုဟင်ရဲ့စာများကိုလည် မီသလောက်ဖတ်ပြီး
နှစ်သက်မိပါသည်။ ကျမကိုလည်း လက်တွဲခေါ်ယူပေးပါရှင်။

ဟုတ်ကဲ့ပါ။ သိပ်မကြာခင် အဖွဲ့ဝင်အသစ်လက်ခံတဲ့ အခါ ထည့်စဉ်းစားပေးပါ့မယ်။

Coin Marketplace

STEEM 0.07
TRX 0.28
JST 0.046
BTC 67695.07
ETH 2036.26
USDT 1.00
SBD 0.53