အမြဲဒွန်တွဲနေသောဆန့်ကျင်ဖက် (KC Myanmar )

in #myanmar8 years ago (edited)

IMG_9640.JPG

တစ်ချို့က ချီးမွမ်းကြတယ်...တစ်ချို့ကကဲ့ရဲ့ကြတယ်။ ချီမွမ်းခံရရင် ပျော်ရသလို...အကဲ့ရဲ့ခံရရင် မဲ့ရတယ်။

တစ်ချို့က ချစ်ကြတယ်...တစ်ချို့ကမုန်းကြတယ်။ အချစ်ခံရတာ ကျေနပ်ပေမယ့်...အမုန်းကြတော့ ခါးသီးသလိုပဲ။

တကယ်တော့...ကိုယ်သိသင့်တာက...ဒီဇာတိလောကကြီးဟာ ကောင်းခြင်း နဲ့ မကောင်းခြင်း ရဲ့ ကြီးစိုးမှုအောက်မှာ တည်ရှိနေပါတယ်။ ဆန့်ကျင်ဘက်နှစ်ခုက အမြဲဒွန်တွဲနေလေ့ ရှိပါတယ်။ အချစ်ရှိရင် အမုန်းရှိမယ်။ အပြုံးမှာ အမဲ့ရှိတယ်။

ဒါကိုနားလည်ကြမယ်ဆိုရင် ဘယ်တော့မှ အစွန်းမရောက်တော့ပဲ လောကမှာ အများနဲ့ သဟဇာတဖြစ်စွာ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။

လူတစ်ဦးက ကိုယ့်ကိုကဲ့ရဲ့ခဲ့မယ်ဆိုရင် စဉ်းစားရမှာက ဒီလောကရဲ့ နိယာမအရ ကဲ့ရဲ့ခြင်းမှာ အားကျခြင်းပါရှိတယ်ဆိုတာပါပဲ။ ဒါကြောင့် ဒီလူကဲ့ရဲ့လို့လည်း အားမငယ်ပါနဲ့။

ဒီအတိုင်းပါပဲ။ လူတစ်ယောက်က ကိုယ့်ကို ချီးကျူးလာလို့လည်း အင်မတန်မှ အောက်ခြေလွတ်သွားစရာ မရှိပါဘူးလေ။ ချီးကျူးခြင်းမှာ ကဲ့ရဲ့ခြင်းဆိုတာ ဒွန်တွဲပါလာတတ်တယ် ဆိုတာကိုနားလည်မိမယ် ဆိုရင်ပေါ့။

ဒါကိုနားလည်ဆင်ခြင်နိုင်ကြပြီး အစွန်းရောက်ခြင်းမှ ကင်းဝေးနိုင်ပါစေ။

KC Myanmar

photo: Google

Coin Marketplace

STEEM 0.06
TRX 0.28
JST 0.048
BTC 66227.96
ETH 1946.05
USDT 1.00
SBD 0.50