ဓမ္မမိုးတွေ စွေနေသူ

in #myanmar8 years ago (edited)

IMG_20180412_094713.jpg

ဓမ္မစကူးလ် ဆရာတစ်ဦးဟာ လစာလဲ မရသလို ဘာမျှော်လင့်ချက်မှ လည်းမထားဘာထောက်ပံ့ကြေးမှလဲ မရပါဘူးဗျား မလိုသူတစ်မျိုး လိုသူတစ်မျိုးရဲ့ ပဲ့တင်သံလဲ ခံရနဲ့ပါ ဒါပေမယ် ကျနော် ရှေ့ဆက်ရပ်တည်နေမှာပါ သင်ထောက်ကူတွေအတွက် တစ်ခါတလေ ကျနော့အိတ်စိုက်ပါ သွားလာရတာကလည်း ဆိုင်ကယ်နဲ့ဘဲ ဆိုတော့ ဆီဖိုးလဲ ကိုယ့်အိတ်ထဲကပါ ကျနော့ရဲ့အချိန်ကိုဖဲ့ပြီး သာသနာအတွက် ကိုယ်တတ်နိုင်တဲ့ ဘက်က တစ်ဖက်တစ်လမ်း သယ်ပိုးနေတာပါ ကလေးတွေကို ကပြ ဆိုပြနေတာဟာလဲ အရှက်မဲ့ သိက္ခာမဲ့ပြီး လုပ်နေတာမဟုတ်ပါဘူး သူတို့ပျော်ရွှင်စွာ စိတ်ပါဝင်စားလာအောင် နိုးကြားလာအောင် သရုပ်ပြ သင်ကြားပေးနေတာပါ တရားဓမ္မ အမွေများကို ကျနော်တတ်သိနားလည်သမျှလေးတွေ ဝေမျှပေးရင်း သာသနာ့ အမွေ လက်ဆင့်ကမ်းပေးနေတာပါဗျား အဲ့ဒါကြောင့် ကျနော်အရမ်းပျော်ပါတယ် ယနေ့လူငယ် နောင်ဝယ်လူကြီး နောင်တစ်ချိန် သာသနာရေး အလေးအနက်ထားတဲ့ နိုင်ငံ ခေါင်းဆောင်တွေ ဖြစ်မယ်လို့လဲ ယုံကြည်ထားပါတယ် မအားမလပ်တဲ့ ကြားကနေ ကျနော်စာသင်ဆောင်ကို ရောက်အောင်လာတဲ့အခါမှာ သားငယ်သမီးငယ်တို့ရဲ့ မင်္ဂလာပါ ဆိုတဲ့ နှုတ်ဆက်သံလေး ကြားရလေတိုင်း အမောပြေသွားသူက ကျနော်ပါ ။
IMG_20180419_131912.jpg

khayae
MSC - 079