ချစ်တဲ့သူသတ်လို့လည်းသေရသည်

in #myanmar6 years ago

image
မင်္ဂလာပါခင်ဗျာ၊ တကယ်ဖြစ်ရပ်မှန်တစ်ခုနဲ့အတူ ဗဟုသုတရစေခြင်းငှါ မျှဝေပေးပါရစေ၊ ဖြစ်ပျက်ခဲ့တဲ့ နေရာကတော့ အဝေးမှာမဟုတ်ပါဘူး၊ ဒီစာကိုရေးနေသူရဲ့ မွေးရပ်မြေမှာဖြစ်ပျက်ခဲ့တာပါ၊ ဖြစ်ရပ်ကတော့ကြာပါပြီး၊ ဒီအကြောင်းရာကိုသိတာကတော့ အမေ ပြောပြလို့သာသိရှိခဲ့ရတာပါ၊ အရင်က ကျွန်တော်တို့ရွာမှာ သူငယ်ချင်းနှစ်ယောက်ရှိခဲ့ပါတယ်တဲ့၊ သူတို့နှစ်ယောက်လုံးကလည်း တစ်ယောက်ကိုတစ်ယောက် ချစ်ခင်ကြင်နာကြပြီး သွားတူလာတူ စားတူတွေထိ ချစ်ခင်ကြပါတယ်လို့ပြောပါတယ်၊
image
အငယ်ကတည်းက သူတို့က တစ်ယောက်စိတ်ကို တစ်ယောက်နားကြပြီး ချစ်ချစ်ခင်ခင်နေလာကြပါတယ်၊ သူတို့အရွယ်ရောက်လာကြသော်လည်း၊ တစ်ယောက်ထက်တစ်ယောက်မညံ့ကြဘဲ စီးပွားရေးမှာယော ပညာရေးမှာပါ၊ တန်းတူနီးပါးရှိတယ်လို့ပြောပါတယ်၊ ဒီလိုနဲ့ တစ်ရွာတည်းနေတချို့သူတွေက သူတို့နှစ်ယောက်ထဲက တစ်ယောက်ကို မကျေမနပ်ဖြစ်ပြီး၊ မကျေနပ်သူကိုသတ်ဖို့အတွက် သူတို့သူငယ်ချင်းနှစ်ယောက်ထဲကနေ တစ်ယောက်ကို စည်းလုံးပါတယ်တဲ့၊ ငွေပေးပြီးတော့စည်းလုံးတယ်လို့ပြောပါတယ်၊ ပြောရမယ်ဆိုရင်.. မင်းသူငယ်ချင်းကိုမင်းသတ်မလားပေပါ့ ငွေနဲ့ကိုင်လိုက်တော့ သတ်ဖို့လက်ခံခဲ့ပါတယ်
image
အေးပေါ့လေ.. ငွေမျက်နှာက ပို့ပြီးကြီးနေတာဆိုတော့ သူငယ်ချင်းကိုသတ်ဖို့လက်ခံလိုက်တာပေါ့၊ တစ်ခါတရံကြတော့လည်း ငွေက ကျွန်တော်တို့အတွက်ကောင်းကျိုးပြုပြီးမဲ့ သူရဲ့အာန္တာရယ်တွေက ကျွန်တော်တို့နားမှာရှိနေတယ်ဗျာ။ ခုလဲ ဒီလိုဘဲပေါ့ ငွေနဲ့စည်းလုံးလိုက်တော့ ကြံစည်သူကအောင်နိုင်သွားပြီးလည်၊ ဒါနဲ့ ငွေလက်ခံထားတဲ့သူကတော့ သူ့ သူငယ်ချင်းကိုခေါ်ပါတယ်တဲ့၊ သူငယ်ချင်း ငါနဲ့ ဒီနေ့ငါးဖမ်းသွား !မယ်.. ဒီနေ့ငါတွေ့ခဲ့တယ်ကွာ၊ အရင်ငါတို့သွားနေတဲ့ မြစ်ကမ်းနားက အုံးတောနားမှာ ငါးတွေရှိနေတယ်ကွာ၊ ဒီနေ့ငါတို့သွားကြမယ်ပေါ့၊ ဒီလိုနဲ့ သူငယ်ချင်းပြောတာဆိုတော့ နောက်တစ်ယောက်ကလည်း အဟုတ်ထင်ပြီးပေါ့၊ သူအဟုတ်ထင်တာကလည်းအမှားမဟုတ်ပါဘူး၊ ဘာဖြစ်လိုလည်းဆိုတော သူတို့က ငယ်သူချင်းတွေလည်၊ ဒီလိုရိုးရိုးနေလာကြတဲ့သူတွေလဲမဟုတ်ကြဘူး၊ တစ်ယောက်နဲ့တစ်ယောက်ချစ်ချစ်ခင်ခင်နေလာကြတာကို၊ ဒါဆိုငါတို့သွားကြမယ်လေ တော်ကြာ တခြားသူတွေ တွေ့သွားရင် ငါတို့ရမှာမဟုတ်တော့ဘူး၊ ငါတို့မြန်မြန်သွားကြရအောင်ပေါ… သူ့ရဲ့ သူငယ်ချင်းကလေးဘဲ သူ့စကားကိုယုံပြီး ငါးဖမ်းရန်အတူတူသွားခဲ့ကြပါတယ်တဲ့၊
image
အဲဒီနေရာလေးရောက်တော့ သူပြောသလိုငါးတွေက မရှိဘူးတဲ့ ဒါပေမဲ့ ငါတို့ဒီနေ့ငါရအောင်ဖမ်းကြမယ်ဆိုပြီး နှစ်ယောက်အတူတူဖမ်းခဲ့ကြပါတယ်လို့ဆိုပါတယ်၊ ငါးတွေဖမ်းနေစဉ် သတ်ဖို့လက်ခံထားတဲ့သူက သူ့ရဲ့သူငယ်ချင်းကို ပိုက်ကွန်နဲ့ ဖမ်းချုပ်လိုက်ပါတယ်တဲ့၊ သို့သော် ဖမ်းချုပ်ခံရတဲ့သူငယ်ချင်းကတော့၊ သူကို စတာပေါ့နော်၊ သူကိုသတ်ဖို့စဉ်းထားတာကိုတော့မသိဘူးပေါ့၊ သူအေးလိုမျိုးပိုက်ကွန်နဲ့ချုပ်လိုက်တော့ ရုန်းရခက်သွားတာပေါ့၊ ဒါပေမဲ့ သူကိုစနေတယ်အထင်ဖြင့်၊ ရီရီမောမောနဲ့ သူကိုလည်းဘဲပြန်ပြီးစနေပါတယ်တဲ့၊ နောက်ဆုံးတော့ စနေတာမဟုတ်ဘဲ သူမှာအလိုက်သင့်ပါလာတဲ့ ဓါးနဲ့ တစ်ချက်ထိုးလိုက်ပါတယ် အဲဒီချိန်းမှာ၊ အထိုးခံရတဲ့သူငယ်ချင်းက၊
image
အဝေ..သူငယ်ချင်းမင်းငါကို ဘယ်လိုလုပ်လိုက်တာလေ..ငါမင်းကိုဘာများ လုပ်ထားတာရှိလိုလည်းပေါ့၊ မင်းငါကိုဒီလိုလုပ်လိမ့်မယ်လို့ဘယ်တော့ကမှ မထင်ထားခဲ့ဘူး၊ မင်းတော်တော်ရက်စက်တာဘဲ၊ ဆိုပြီး သူမသေခင် သူ့ရဲ့သူငယ်ချင်းကို စကားတွေအများကြီးပြောနေခဲတယ်လို့ဆိုပါတယ်၊ ဒါနဲ့မပြီးဘူး.. နောက်တစ်ချက်ထိုးလိုက်ပါတယ်တဲ့၊ ဓါးမြှောင်လေးနဲ့ နှစ်ချက်ထိတော့ သေပြီးပေါ့ဗျာ၊ ဒါကြောင်း ချစ်တဲ့သူသတ်လို့လည်းဘဲသေရတတ်ပါတယ်၊၊ ဒီဖြစ်ရပ်လေးက နောက်လာနောင်သားတွေအတွက် သန်ခန့်စာတစ်ခုအဖြစ်တည်ရှိနေခဲ့ပါတယ်၊ ဘယ်လောက်ဘဲချစ်နေပါစေ၊ ဘယ်လောက်ဘဲမြတ်နိုးနေပါစေ. တကယ်တမ်းကြတော့ ငွေကသာ သူတို့ရဲ့ အချစ်သံယောဇဉ်ကိုအနိုင်ယူသွားတတ်ပါတယ်၊ နောက်တစ်ခုကတော့ တကယ်အစစ်အမှန် မိတ်ဆွေကောင်းကိုရွေချယ်ပေါင်းဖော်တတ်ဖို့လည်း ပိုပြီးအရေးကြီးနေပါတယ်။
ဒါကြောင်းမို့ မြတ်ဗုဒ္ဓမိန်းကြားခဲ့သည်မှာ လူတစ်ယောက်ပြောလာတဲ့စကားတစ်ခွန်းကို အလွယ်တကူလည်း မပယ်လိုက်ပါနဲ့တဲ့၊ နောက်ပြီး အလွယ်တကူလည်းမယုံလိုက်ပါနဲ့တဲ့ ကျွန်တော်တို့မှာရှိတဲ့ မိမိကိုယ်ပိုင် အသိဉဏ်ဖြင့် စဉ်းစားဆင်ခင်ပြီးမှ လက်ခံလိုက်ပါဆိုပြီးတော့ ဟောကြားတော်မှု့ခဲ့ပါတယ်၊ မိတ်ဆွေတို့လည်းဘဲ ဒီဖြစ်ရပ်လေးကို သင်ခန့်စာယူပြီး၊ မိမိဘဝကို အကောင်းဆုံးတည်ဆောက်နိုင်ကြပါစေ.. အားလုံးကိုကျေးဇူးတင်ပါတယ်၊။
written by Konyi
photo from google
msc 037

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64230.75
ETH 3149.35
USDT 1.00
SBD 3.85