အလင်းတစ်စက်

in #myanmar6 years ago (edited)

man-person-silhouette-101520.jpg

Credit Image >>>

သံချေးတတ်နေသော ဦးနှောက်များနှင့်
အလှပတွေဝေဝေဆာဆာမရှိသော
ကျွန်တော့်ရဲ့အတွေးခေါ်များကို
ဘယ်သူတစ်ဦးကများ
လက်ခုပ်သြဘာသံတွေ ချီးမြှောက်နေမလည်း ။

တစ်ကယ်တော့ကျွန်တော်က -
လူတွေရဲ့ လှောင်ရီ ရယ်မော ရှုတ်ချတတ်တဲ့
ခြံဝန်းထဲမှာ နေရာဦးထားပြီးပြီလေ ။

ကျွန်တော်ထင်မြင်မိတယ်ဗျ…
" လူတွေက ကိုယ်ကအသုံးမကျလေလေ
သူများကို ပိုပြီးအပြစ်မြင်တတ်သလိုပါ " ပဲ ။
ကျွန်တော် …
လောကကြီးကို အပြစ်မြင်ခဲ့ဖူးတယ် ။
လူတွေကိုလည်း အပြစ်မြင်ခဲ့ဖူးတယ် ။
နောက်ဆုံး ကိုယ်ရပ်တည်နေရတဲ့
ဘဝတွေကို အပြစ်မြင်ခဲ့ဖူးတယ် ။
ကဲ - ဘယ်လောက်များ
ကိုယ်ကအသုံးမကျတဲ့ လူသားဖြစ်နေပါလိမ့် ။

clouds-field-man-107607.jpg

Credit Image >>>

ဖြစ်တည်နေတဲ့စိတ်နဲ့
ရပ်တည်နေရတဲ့ဘဝ အများပြောသလို
' ဆန္ဒနဲ့ဘဝ ' တစ်ထပ်တည်းကျနိုင်ဖို့
အတော်မလွယ်ကူလှတဲ့ လူသားကမ္ဘာမှာ -
" မဇ္ဈိမပဋိပဒါ " ဆိုတဲ့ဘုရားဟောလမ်းစဉ်တွေနဲ့
ကျွန်တော်တို့တွေ ဘဝကို
အလင်းဆောင်ကျဉ်းသင့်ပါပြီလေ ။
တစ်ကယ်တော့ ကျွန်တော်တို့တွေဟာ
အလင်းတစ်ခုအောက်မှာရှိနေခဲ့ပေမယ့်
အမှောင်ကမ္ဘာထဲမှာ တိုးဝှေ့နေချင်ကြတဲ့
မျက်ကန်းတစ္ဆေတွေပါလား ။

ကိုယ့်ကိုယ်ကိုပြန်ပြီး ဆန်းစစ်ကြည့်ဖြစ်ခဲ့ပါတယ်
( ရိုးရှင်းသော အတွေးများနှင့်ပေါ့ )
တရားသဘောဆိုတာ
သဘောတရားလေး ရှိလာတတ်မှ
အဆင်ပြေနိုင်မှာပါ အဲ့ဒီသဘောတရားလေးကို
နားလည်တတ်ကျွမ်းခွင့်ရဖို့
ဘဝရဲ့ ဖြစ်စဉ်မျိုးစုံတွေကို ကျွန်တော်တို့တွေ
မလွဲမသွေ လက်ခံကျင့်သုံးနေရမှာပါလား ။

alone-beach-freedom-103889.jpg

Credit Image

ဘယ်တော့မှ ပြည့်ဝသွားလေခြင်းမရှိ
ဆာလောင်ငတ်မွတ်နေသော ရမ္မက်များနှင့်
လိုအပ်မှုတွေ အမြဲတမ်းရှိနေတတ်တဲ့
' လောဘ ' သားကောင်တွေ ။
အရာရာမှာ တစ်ကောင်ဘွား ဖြစ်ချင်တဲ့
' ဒေါသ ' သားကောင်တွေ ။
အမှားအမှန် မခွဲခြားတတ်တဲ့ပညာရပ်
ရှိလေသော ' မောဟ 'သားကောင်တွေ ။
ဘယ်သခင်ရဲ့ ကျေးကျွန်များ ဖြစ်မှာပါလိမ့်လို့
ကျွန်တော် တွေးတောဖြစ်ခဲ့ပါတယ် ။

forest-man-outdoors-178996.jpg

Credit Image >>>

" ကျုပ်က - ကယ်တင်ရှင်ကြီးတော့မဟုတ်ပါဘူး
သို့ပေမယ့် …
ကယ်တင်ချင်တဲ့စိတ်ကလေးတော့ ရှိပါတယ် ။
ဥာဏ်စွမ်းအား ကောင်းလွန်းသောလူသားတွေ
အမှောင်ကမ္ဘာမှ ခြေတစ်လှမ်းလေပဲ
နောက်ဆုတ်ကြည့်လိုက်ပါ
ပြီးပြည့်စုံသော " အလင်းရောင် " တစ်ခုက
ကြိုဆိုနေပါတယ် ။ ကျုပ်ကတော့ -
အမှောင်ကမ္ဘာထဲမှာ နစ်မြုစ်နေဆဲပေါ့ "

မှတ်ချက် = ကျွန်တော်၏ မညီညာသော
အတွေးများသာ ဖြစ်ပါသည် ။

အားလုံးကို လေးစားလျှက် …

ညီညီထွန်း

မိုးစက်
written by @ konyinyitun
MSC. 259

Sort:  

မညီညာ​သောအ​တွေး​တွေက​နေဖတ်​လို့​ကောင်းတဲ့ကဗျာတစ်​ပုဒ်​ဖြစ်​လာတာပါဘဲ....good

ကဗျာရယ်တော့ မဟုတ်ပါဘူး အတွေးစာစုများရယ်
ပေါ့ဗျာ

သူလေးခုထိ ညီညီညာညာ မတွေးသေးဘူး ။

ကြိုးစားနေဆဲပေါ့ ကိုဒိုရေ

လောဘ ဒေါသ မောဟ မီးသုံးပါး လောင်မြိုက်လို့ကတော့ သံသရာဝဋ်ဆင်းရဲ ကျရောက်နေမှာပါပဲ

အမှန်တရားများ ဖုံးကွယ်လို့ မရဘူးပေါ့ဗျာ

မျှော်လင့်စရာအလင်းတချက်

ထင်မြင်မှုများကို လေးစားရပါသည်ခင်ဗျ

အ‌မှောင်‌ကမ္ဘာမှ ‌ရှေ့တစ်‌လှမ်းတိုးရင်‌ ဘယ်‌‌ရောက်‌မလဲညီ။သံ‌ချေးမတက်‌ပါဘူးကွာ အ‌ပွေးတတ်‌တာပါ။

အင်း ကိုကြီးမဟော်က ဖြည့်နိုင်စွမ်းပိုကောင်းလှပါ
သည်ဗျ

ကျွန်​​တော်​နဲ့လိုင်းပူးလို့ ရပြီ အဟီးးး

လိုင်းပူးရင်တော့ ရှော့တော့မဖြစ်ပါစေနဲ့ ကိုကြီးယုဇန
ရေ

မညီညာတဲ့ အတွေးထဲကနေ ဒဿ နလေးတစ်ချို့တွေ့လိုက်ရပါတယ်

ရေးရကျိုး အားရှိလှပါပြီ မစုရေ

အရေးအသားတွေ စကားလုံးတွေက မိုက်ပါ့ဗျာ

အကောင်းဆုံတော့ ကြိုးစားနေဆဲပေါ့ ညီရေ

စကားလုံး​တွေက​ပြောင်​​မြောက်​ပါ့။

အကောင်းဆုံးတော့ ကြိုးစားလိုက်တာပဲ မအိ

စဉ်းစားမနေပါနဲ့ ကိုညီ ဒိုဇာနဲ့ ထိုးညှိပလိုက်ပါလား မြန်မြန်ညီသွားမယ် ☺☺☺

မလုပ်ပါနဲ့ လေးစိုးရေ အခြေနေက ယိုင်နဲ့နေရလို့ပါ
ခင်ဗျ

Coin Marketplace

STEEM 0.21
TRX 0.12
JST 0.029
BTC 66303.73
ETH 3592.29
USDT 1.00
SBD 2.61