ကျွန်တော် ဆိုသော

in #myanmar6 years ago

asian-beetle-car-46246.jpg

Credit Image >>>

အောင်မြင်မှုဆိုတဲ့ပုံရိပ်ကို
ထည်ထည်ဝါဝါနဲ့ မြင်ယောင်ငေးကြည့်ခဲ့
ရရုံကလွဲလို့ ဒီနေ့အထိ
ကျွန်တော့်ဘက်မှာ
ခမ်းခမ်းနားနား ဘာမှမရှိပါဘူဗျာ ။

တစ်ခါတရံတော့ ကျွန်တော့မှာ -
လှပတဲ့အိပ်မက်ကလေးတွေ
မက်ခွင့်ရခဲ့ပါတယ်။
အဲ့ဒီလိုနေ့တွေမှာတော့
ကျွန်တော့်ရဲ့စိတ်တွေ
သာယာလှပလွန်းခဲ့ပါတယ်။
( ဘာမှန်းမသိသေးတဲ့ အိပ်မက်ရဲ့
အလှတရားကို ကျွန်တော်ခံစားမိနေတာ
ပေါ့ဗျာ ) ။

ဒါပေမယ့် ကျွန်တော်ပြန်စဉ်းစားမိပါတယ်
ကျွန်တော်မြင်ယောင်ခဲ့တဲ့
ခမ်းနားထည်ဝါးမှု အောင်မြင်ခြင်း
ပုံရိပ်တွေရဲ့နောက်ကွယ်မှာ
အနာတရတွေတော့ရှိနေမှာ အမှန်ပါပဲ ။
အဲ့ဒီအနာတရကပဲ
အောင်မြင်မှုပုံရိပ်တွေကို
ပိုပြီးအသက်ဝင်စေတယ်လို့
ကျွန်တော်ယူဆလိုက်ပါတယ် ။
ငယ်ငယ်က ကျောင်းစာသင်ခန်းထဲမှာ
ဆရာမရဲ့ မေးခွန်းကို ဖြေဆိုနိုင်လိုက်တိုင်း
ကျွန်တော် အောင်မြင်တယ်လို့
ထင်လိုက်တယ် ။

adult-casual-cute-274593.jpg

Credit Image >>>

အဖေ အမေတွေရဲ့ ချီးမြောက်မှုကိုရတိုင်း
ကျွန်တော်အောင်မြင်တယ်လို့ ထင်တယ် ။
လူတွေရဲ့ချီးမွှမ်းထောပနာကိုရရှိတိုင်း
ကျွန်တော်အောင်မြင်တယ်လို့ ထင်တယ် ။
ဒီလိုနဲ့ အဲ့ဒီလို ထင်မြင်ခံစားရမှုတွေဟာ
ကျွန်တော်တို့ကို ဒီအချိန်ထိ တဖြေးဖြေး
လူလားမြောက်စေခဲ့ပါတယ် ။

တစ်ကယ်တော့ အောင်မြင်မှုဆိုတာ -
လူတွေအနှစ်သက်ဆုံးနဲ့
အလိုချင်ဆုံးအရာတစ်ခုပါ
ဒါကို မငြင်းဆိုကြပါနဲ့ ။
ဒီလိုအောင်မြင်မှုကို လူတွေက
အတွေးအမျိုးမျိုးနဲ့ ချဉ်းကပ်ကြတယ်
လုပ်ဆောင်ကြတယ် ။
ဒါဟာ ဖြစ်သင့်တဲ့ နိယာမပါ ။

အခုလိုအောင်မြင်မှုကို
တက်စွမ်းနိုင်သလောက် ညွှန်းဆိုပြနေတဲ့
ကျွန်တော့်ကိုတော့ အထင်တော့ မကြီးကြပါနဲ့ ။
တစ်ကယ်တမ်းတော့ ကျွန်တော်က -
အောင်မြင်မှုရဲ့
အခြေခံသဘောတရားလေးတွေကို
စပြီးနားလည်ခါစ ရှိပါသေးတယ်
( ဒါဟာ ကျွန်တော့်ရဲ့ ပိုင်ဆိုင်မှုပါဗျာ ) ။

adventure-lookout-top-7053.jpg

Credit Image >>>

သို့သော် အောင်မြင်မှုကို
ရင်ဝယ်ပိုက်ချင်တဲ့ လူသားတွေကို
ကျွန်တော် အောင်မြင်စေချင်တယ်
ရုန်းကန်စေချင်တယ် ။
ကျင်လည်ရတဲ့ လောကဓံတွေကြားမှာ
စိတ်ဓာတ်ဆိုတာ ကျသွားပေမယ့်
အဲ့ဒီစိတ်ဓာတ်နဲ့ပဲ
ပြန်ဆယ်ကြိုးစားယူလိုရပါတယ်ဆိုတာ …

ကျွန်တော်တို့ရဲ့ Steemit -
မိသားစုဝင်တွေ အားလုံးလည်း
ဒီထက်ပိုပြီးအောင်မြင်မှုကို
ရင်ဝယ်ပိုက်နိုင်အောင်
ကြိုးစားလုပ်ဆောင်နိုင်ကြပါစေလို့
ကျွန်တော် ဆုမွန်ကောင်းတောင်းရင်း …

အားလုံးကို လေးစားလျှက် …

ညီညီထွန်း

မိုးစက်
written by @ konyinyitun
MSC-259

Sort:  

မလျော့သော ဇွဲလုံ့လ,ဝီရိယကြိုးစားမှု့များနဲ့ အောင်မြင်မှု့ပန်းတိုင်ကို အရောက်လှမ်းကြရမယ်။

အတူတူ ဖိုက်တင်ပါလေ

အောင်မြင်မှုဆိုတာအခက်အခဲမျိုးစုံကိုကျော်ဖြတ်ရတာပါ

အခက်ခဲတွေအတွက် ကြိုတင်ပြင်ဆင်ရတာပေါ့ ဆရာမ

အိပ်မက်ကို ဆုတ်ကိုင်နိုင်သည်ထိ မြင်ယောင်ခံစား ရယူလိုက်ပါ

လမ်းပြပေးတဲ့ ကိုဟိန်း ကျေးဇူးပါဗျာ

အင်း...အောင်မြင်မူ့ဆိုတာ..လုပ်ယူရတာများသလို..
တခါတရံမှာ..အတွေးအမြင်လေးတချက်.လက်သွားတာက
ပိုပီးအောင်မြင်တယ်လို့..ပြောခြင်တယ်။ဒါပေမဲ့..ဒီအတွေးအမြင်လေးက...ငယ်ရွယ်သူတွေအနေနဲ့မလင်းလက်သင့်သေးဖူး..သိထားဖို့တော့လိုတယ်။

သိထား မှတ်ထားရင် ဘဝအတွက် အဆင်ပြေမှာပေါ့
နော် ဆရာမ

သိထားရင်..ဘဝမှာလျှောက်ရတဲ့လမ်းတွေမှာ..ဆူးညောင့်ခလုပ်တွေ..များစေဦးတော့..ဖြတ်သန်းကျော်ဖြတ်ရတာ.မှန်ပေမဲ့..ပေါ့ပါးစေတာပေါ့။

ကျရှုံးမှုရဲ့ ဆုလဒ်က အောင်မြင်မှုပါ

အဲဒီ ဆုလဒ်ကိုပဲ ကျွန်တော်တို့တွေ ရယူရမှာပေါ့ ကို
စော

အောင်မြင်မှုကို သုံးသပ်ခြင်းပေါ့ဗျာ

သုံးသပ်ခြင်းနဲ့အတူ လုပ်ဆောင်ခြင်းပေါ့ ဗျာ

စကားလုံး​တွေက​ပြောင်​​မြောက်​ပါ့။

ရည်ရွယ်ချက်တွေလည်း ပြေင်မြောက်သွားစေချင်တာပေါ့ မအိရေ

အကောင်အထည်က ပြမှ မြင်မှာပါ

အကောင်အထည်ကို ကျွန်တော်တို့ မြင်ယောင်ကြည့်
တတ်ရမှာပေါ့ ကိုကြီးစော

ရေးတတ်တယ်ဘဒို
စာသားတွေက မိုက်တယ်

ကြိုးစားနေဆဲပေါ့ ကိုစိုင်းရေ

ပေးတဲ့ဆုနဲ့ပြည့်ချင်ပါတယ်

ပြည့်စေရမှာပါ ဖိုက်တင်ပေါ့ဗျာ