ငြီးငွေ့ခြင်း

in #myanmar6 years ago

boy-child-dirty-732613.jpg

Credit Image >>>

နာကျင်စရာတွေ ရှိခဲ့သော်လည်း

မျက်လုံးတွေ မှိတ်ထားခဲ့ပါတယ် ။

စိတ်ကူးထဲက လက်တွေ့ဘဝတွေ

မချိုမြိန်လေတော့

ခါးသက်သက်ရက်စွဲတွေက

ငါ့အတွက်
ရက်ရာဇာတွေဖြစ်နေလေရဲ့ ။

မပီပြင် ဝိုးတဝါးအတွေးများနဲ့

ရီဝေဝေ အပြုံးတွေ

ရောင်စုံပန်ချီကားတစ်ချပ်လို

လှပသွားအောင် ပုံဖော်ပစ်လိုက်မယ်

( တန်ဖိုးတွေ ကြီးမားလာအောင်လေ) ။

တစ်ကယ်တော့ လူ့ဘဝကြီးက

နေသားတကျဖြစ်ဖို့ထက်

နေရာတကျထားနိုင်ဖို့
အတော်အရေးပါပါလား ။

adult-beanie-crisis-220365.jpg

Credit Image >>>

ကံကြမ္မာရေ …
ရိုးမယ်ဖွဲ့ဖို့ စိတ်ကူးမရှိပေမယ့်
ခွန်အားဖြစ်စေသော
လေကောင်းလေသန့်တွေ
ကျွန်ုပ်အားပေးသနားတော်မူပါ
ကျွန်ုပ်နေရာတကျကနေ
စောင့်နေပါတယ် နေမဝင်တဲ့ အချိန်ထိ

အားလုံးကို လေးစားလျှက် …

ညီညီထွန်း

မိုးစက်
written by @ konyinyitun
MSC.259

Sort:  

ဖြစ်ချင်သလို ဖြစ်ရော မထားဘဲ
ဖြစ်ချင်ရာ ဖြစ်အောင်တော့ ကြိုးစားရဦးမယ်

ကိုဟိန်းရဲ့ အတွေးများ ညီလေးက လေးစားရပါတယ်

စောင့်နေတဲ့ရက်တွေ ရက်ရာဇာများဖြစ်ပါစေ

ပေးတဲ့ဆုနဲ့ ပြည့်ရပါစေ ကျေးဇူးတင်ရပါတယ် ဆရာမ

အ​ရေးသား​တွေက​တော့ good လွန်းပါတယ်​ဗျာ

ကိုအောင်ကြီးကိုတော့ ညီလေးမမှီနိုင်သေးပါဘူးခင်ဗျ

Coin Marketplace

STEEM 0.23
TRX 0.12
JST 0.029
BTC 66705.81
ETH 3626.46
USDT 1.00
SBD 2.93