လွမ်းစရာ့ လမြတ်ကဆုန်
ကဆုန်လပြည့်နေ့ဟာ ကျွန်တော့်အတွက် လွမ်းစရာနေ့လေးတနေ့ပဲ ဖြစ်ပါတယ်။ ထိုထက် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေအတွက် လွမ်းမောဖွယ်ကောင်းတဲ့နေ့တနေ့ဆိုရင် ပိုမှန်ပါလိမ့်မယ်။

Images Credit - Original Source
ငယ်ငယ်က ရွာမှာ သင်္ကြန်ပြီးရင် ပျော်စရာနေ့တနေ့က ကဆုန်လပြည့်နေ့ပါ။ ဘာကြောင့်လဲဆိုတော့ ကဆုန်လပြည့်နေ့ညမှာ အစဉ်အလာမပျက် ရွာဦးကျောင်းမှာရှိတဲ့ မဟာဗောဓိညောင်ပင်ကြီးကို ရွာလုံးကျွတ် ညောင်ရေသွန်းလောင်းပြီး တရားနာလေ့ရှိပါတယ်။ ညမရောက်ခင် နေ့ခင်း ဘုန်းကြီးကျောင်းဝင်းထဲမှာ ပျော်ပွဲရွှင်ပွဲများပြုလုပ်ကြပါတယ်။ ချောတိုင်တက်ပွဲ၊ လွဲဆွဲပွဲ၊ အုန်းသီးသတ်ပွဲ၊ အပြေးပြိုင်ပွဲ၊ ခေါင်းအုံးသတ်ပွဲ စတဲ့ ပျော်ပွဲရွှင်ပွဲတွေနဲ့ အရမ်းပျော်စရာကောင်းပါတယ်။
ကျွန်တော်ငယ်ငယ်ကဆို သူငယ်ချင်းတွေစုပြီး မနက်ထဲက ဘုန်းကြီးကျောင်းကိုသွား ချောတိုင်တက်ပွဲတွေ တက်ဖူးခဲ့ပါတယ်၊ သစ်ပင်တက်တာ ၀ါသနာပါပေမေ့ လူလေးယောက် ငါးယောက် တစ်ယောက်ပေါ်တစ်ယောက်တက်ပြီး ၀ါးလုံးထိပ်က အလံကိုရအောင်ယူရတဲ့ ချောတိုင်တက်ပွဲမှာတော့ ကျွန်တော်တို့ တခါမှအနိုင်မရဖူးခဲ့ပါဘူး။ စီးကျလာတဲ့ချောဆီတွေကို ဘယ်လိုမှထိမ်းမထားနိုင်ပဲ ပြုတ်ကျသွားတယ်။ တခါတခါ ပန်းဝင်ခါနီးမှာ တန်းပြုတ်ပြီး ကျဆုံးခဲ့ရပါတယ်။

Images Credit - Original Source
အုန်းသီးသတ်ပွဲဆိုတာ အုန်းသီးပေါ်မှာ ပိုက်စိုက်ထားတယ်။ ထိုအုန်းသီးကို ရိုက်လို့မှန်တဲ့သူ ထိုပိုက်ဆံကိုရပါတယ်။ အုန်းသီးကိုရိုက်ဖို့အတွက် အုန်းသီးနဲ့ ငါးကိုက်လောက် အကွာအဝေးမှ ရိုက်သတ်မဲ့သူကို မျက်လုံးကိုအ၀တ်နဲ့စည်းပြီး တုတ်တချောင်းနဲ့လွှတ်လိုက်ပါတယ်။ ဘေးမှာ လက်ခုပ်တီးအားပေးနဲ့တဲ့သူတွေလဲ အများကြီး။ တုတ်ချောင်းကိုင်းပြီး စမ်းတ၀ါးဝါးလျှောက်လာတဲ့ ကလေးကို အမျိုးမျိုး ညာသံတွေပေးပြီး စ နောက်ကြတယ်။ သူရိုက်လိုက်တဲ့တုန် အုန်းသီးကိုမှန်သွားရင် အုန်းသီးပေါ်ကပိုက်ဆံကို သူအပိုင်ရပါတယ်။
နေ့ခင်းပွဲပြီးသွားပြန်တော့ ညနေစောင်းမှာ ရွာလုံးကျွတ် ညောင်ရေအိုးကိုယ်စီနဲ့ ကျောင်းကိုသွားပြီး မဟာဗောဓိညောင်ပင်ကြီးကို ညောင်ရေသွန်းလောင်းကာ ထိုဗောဓိပင်ခြေရင်းမှာပဲ တရားနာကြပါတယ်။ တရားပွဲပြီးလို့ ပြန်လာတဲ့အချိန်မှာတော့ ကိုကိုကာလသားတွေနဲ့ မဒီကညာလေးတွေရဲ့ အခွင့်အရေးပါပဲ။ အဲဒီအချိန် ကိုယ်တွေက ကလေးဆိုတော့ ဆော့တာကလွဲ ဘာမှမသိခဲ့ဘူးလေ။
အဲဒီလိုပျော်စရာပွဲလေးတွေနဲ့ ပြည့်နှုက်နေတဲ့ ရွာက ကဆုန်လပြည့်နေ့ ကို တသက်မေ့မရပါဘူးဗျာ။

Author : kyawhlaing
ငယ်ငယ်က ကဆုန်လပြည့်ဆိုတာ ကိုယ်တွေဆော့ပြီး ပျော်စရာကောင်းတဲ့နေ့လို့ပဲ သိခဲ့ရတာပါ။ အရွယ်ရောက်လို့ စာတွေဖတ်ဖြစ်တော့မှ ကဆုန်လပြည့်နေ့အကြောင်းကို သိလာခဲ့ရပါတယ်။
တကယ်တော့ မြန်မာတို့ရဲ့ (၁၂)လရာသီမှာ ဒီကဆုန်လဟာ ထူးခြားတဲ့လ၊ မွန်မြတ်တဲ့လ၊ လွမ်းမောစရာကောင်းတဲ့လ တလပဲဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗုဒ္ဓရဲ့ ဖြစ်တော်စဉ်တွေမို့လို့ပါ။ မြတ်စွာဘုရားရဲ့ အကြောင်းအရာလေးတွေကို ကောင်းစွာကြည့်လိုက်မယ်ဆိုရင် ၀မ်းနည်းစရာတွေကော ၀မ်းသာစရာတွေကော ဒီကဆုန်လပြည့်နေ့မှာ ဗုဒ္ဓဖြစ်စဉ် ကြုံဖူးခဲ့ပါတယ်။
"ဖွား မြင် ပွင့် စံ၊ ဗျာဒိတ်ခံ၊ နိဗ္ဗာန်ကြွတော်မူ။
ကဆုန်လပြည့်၊ ဗုဒ္ဓနေ့၊ မမေ့မှတ်ခါယူ။"
ဆိုပြီးတော့ ရှေးဆရာတော်ကြီးများ စပ်ဆိုခဲ့ပါတယ်။
ကဆုန်လပြည့်နေ့မှာ ဘုရားဖြစ်တော်စဉ် သိဒ္ဓတ္ထဆိုတာထက် ဟိုးးယခင် ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့ဘ၀ ဒီပင်္ကရာမြတ်စွာဘုရားရဲ့ ခြေတော်ရင်းမှာဝပ်စင်းကာ ဗျာဒိတ်စကားခံယူခဲ့တာပါ။ ထိုအချိန်မှစ၍ လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်းတို့ကာလပတ်လုံး ပါရမီတွေဖြည့်ဆည်းပူးလာခဲ့တာ ဝေဿန္တရာတို့ခေတ်တိုင်အောင် ဘုရာလောင်း ဝေဿန္တရာမင်းကြီး ဒါနပါရမီကို တိုင်းပြည်ကအမြင်ကပ်အောင်ထိ ပြုလုပ်ခဲ့ပါတယ်၊ လှူလွန်းတန်းလွန်းလို့ဆိုပြီး သိဝိတိုင်းသားတွေက တိုင်းပြည်ကနှင်ထုတ်တဲ့အထိဖြစ်သွားပြီးတော့ သားတော် သမီးတော်တွေကိုလက်ဆွဲပြီး တောထွက်သွားရပါတယ်။
တောထဲရောက်ပြန်တော့လည်း ဇူဇကာပုဏ္ဏားရဲ့အမျိုးသမီးက အိမ်မှာအခိုင်းအစေမရှိလို့ဆိုပြီး ဝေဿန္တရာဆီမှာ အလှူခံတော့ နှလုံးသားနဲ့တူတဲ့ အသည်းလေးတွေဖြစ်တဲ့ ဇာလီနဲ့ ကဏှာစိန်ကို ဇူဇကာပုဏ္ဏားထံ ရက်ရက်ရောရော လှူဒါန်းလိုက်ပါတယ်။

Images Credit - Original Source
အဲဒီလို ဒါနအစရှိတဲ့ပါရမီတွေကို ဆည်းပူးရင် ပါရမီတွေပြည့်လို့ နောက်ဆုံးဘ၀မှာ သုဒ္ဓေါဓနမင်းကြီးရဲ့ မိဖုရား မယ်တော်မာယာရဲ့ ၀မ်းကြာတိုက်မှာ ပဋိသန္ဓေယူ ဆယ်လပြည့်ဖို့မွေးဖွားလာခဲ့တာ ဒီကဆုန်ပြည့်နေ့ပါပဲ။
ဇာတိမြို့ဖြစ်တဲ့ ကပိလ၀တ်ရွှေမြို့တော်ကိုအပြန် သက္ကနဲ့ ကောလိယ နှစ်ပြည်ထောင်တို့ရဲ့အကြား အင်ကြင်ပင်ပျိုတွေကြား အလောင်းတော် သိဒ္ဓတ္ထကို သက္ကရာဇ် ၆၈-ခု ကဆုန်လပြည့်နေ့မှာ ဖွားမြင်တော်မူခဲ့တာပါ။
သိဒ္ဓတ္ထမင်းသားလေးဟာ ရမ္မ သုဘ သုရမ္မဆိုတဲ့ နန်းမသုံးဆောင်မှာ လှည့်လည်ကာ မင်းစည်းစိမ်ကိုခံစားနေရင် အသက် ၂၉-နှစ်အရွယ် ဥယျာဉ်တော်ကို အပန်ဖြေထွက်ရင်း သူအို သူနာ သူသေ ရဟန်းနိမိတ်ကြီးလေးပါးကို တွေ့မြင်လို့ ထိပ်လန့်သံဝေဂတွေရကာ ထီးနန်းစည်းစိမ်များကိုစွန့် ယသော်ဓရာဒေ၀ီက သားတော်လေး ရာဟုလာကိုမွေးတဲ့နေ့မှာပဲ မွေးဖွားကာစ ရာဟုလာလေးကိုတောင် ဂရုမစိုက်နိုင်ဘဲ တောထွက်တော်မူလာခဲ့ပါတယ်။
ဥရုဝေလတောရဂုံမှာ အာဠာရ ဥဒကရသေ့တို့နဲ့အတူ ၆-နှစ်ပတ်လုံး ဒုက္ကရစရိယာအကျင့်ကို ခန္ဓာကိုယ်ကို နွမ်းနယ်စေပြီးတော့ ခက်ခဲ့ပင်ပန်းစွာ ကျင့်ကြံအားထုတ်သော်လည်း အသိညာဏ်တွေပွင့်မလာ ထုံထိုင်းတဲ့အကျင့် အတ္တကိလမထအကျင့်ကြီးဖြစ်နေတော့ ရသေ့ယောဂီတို့ရဲ့ ထိုရှေ့ဟောင်းထုံးစံအကျင့်တွေကိုစွန့်လွှတ်ကာ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကျင့်စဉ်လေးတစ်ခုကိုကျင့်လိုက်ပါတယ်။ ထိုကျင့်စဉ်ကား မဇ္ဈိမပဋိပဒါ အလယ်အလတ်ကျင့်စဉ်ပဲဖြစ်ပါတယ်။
မဇ္ဈိမပဋိပဒါအကျင့်ကိုကျင့်လိုက်တော့မှ ကိလေသာခပ်သိမ်းကို အရဟတ္တမဂ် စိန်သန်လျက်ဖြင့် အကုန်လုံးသုတ်သင်ရှင်းလင်းပြီး သန်းခေါင်ကျော်လို့ လင်းအားကြီးချိန် ဥရုဝေလတောရဂုံ အရှေ့ကလည်း အရုဏ်တက်ခါနီး အရောင်လေးထွက်လာတဲ့အချိန်၊ လမင်းကြီးကလည်း ၀င်စ၊ နေ လ နှစ်ဆူတို့ရဲ့ အပြိုင်ဖြစ်နေတဲ့အချိန်လေးမှာ ဗုဒ္ဓအဖြစ်ကိုရောက်ရှိတော်မူခဲ့ပါတယ်။

Images Credit - Original Source
မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ကဆုန်လပြည့်နေမှာ မာရ်ငါးပါးကိုအောင်မြင်လို့ နေရဉ္ဇရာမြစ်ကမ်းဘေးက ဗောဓိပင်ခြေမှာ သစ္စာလေးပါးကိုပိုင်းခြားသိမြင်ပြီးတော့ ဗုဒ္ဓစင်စစ် ဧကန်ဖြစ်ခဲ့ပါတယ်။
မြတ်စွာဘုရား ဘုရားဖြစ်ပြီး တရားဦးဓမ္မစကြာတရားကစတင်ကာ ၄၅ ၀ါပတ်လုံး နေ့မအား ညမနား သတ္တ၀ါဝေနေယျတွေကို တရားဟောတော်မူလိုက်တာ သက်တော် ၈၀ ပြည့်လာပြီဆိုတော့ မြတ်စွာဘုရားရဲ့ ခန္ဓာကိုယ်ကြီးကလည်း ရင့်ရော်လာပြီဆိုတော့ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော့မယ်။
၁၄၈-ခုနှစ် တပို့တွဲလပြည့်ဝန်းကျင်ထဲက မြတ်စွာဘုရားမိန့်ဖူးတယ်။ "ယနေ့ကစ ၃လမြောက်မှာ မလ္လာမင်းတို့ရဲ့ အင်ကြင်းဥယျာဉ်မှာ ပရိနိဗ္ဗာန်စံမယ်" လို့
ထိုအချိန်ကစပြီး "တို့များရဲ့ အားကိုးရာ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော့မယ် ဘုရားကိုနောက်ဆုံး ဖူးမြော်ရအောင်" ဆိုပြီး မလ္လာမင်းတို့ရဲ့ အင်ကြင်းဥယျာဉ်မှာ နတ်ဗြဟ္မာပရိတ်သတ်တွေ ရဟန်းရှင်လူပရိတ်သတ်တွေ စုရုံးပြီး စောင့်မျှော်နေကြတယ်။ ကဆုန်လပြည့်နေ့ မြတ်စွာဘုရားရှင်လည်း ဥယျာဉ်ထဲကိုကြွတော်မူလာပြီး ရွှေသလွန်ညောင်စောင်းပေါ်မှာ နှစ်ထပ်သင်္ကန်းကြီးကိုခင်းပြီးတော့မှ မြတ်စွာဘုရား ပင်ပန်းတော်မူလို့ လဲလျောင်းတော်မူပါတယ်။ တို့များရဲ့ အားကိုးရာ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုရင် ဘယ်သူ့ကိုအားကိုးရမှာလဲ နတ်ဗြဟ္မာအပေါင်းတွေ ငိုကြွေးပြီးတော့နေကြတယ်။ ပုထုဇဉ်ရဟတ်တွေလည်း မျက်ရည်မဆည်နိုင်၊ ရဟန္တာဖြစ်ပြီးသားပုဂ္ဂိုလ်တွေက သံဝေဂရှုပွါးပြီးတော့နေကြတယ်။ မဟာသက္ကရာဇ် ၁၄၈-ခုနှစ်ရဲ့ ကဆုန်လပြည့်နေ့ကတော့ ၀မ်းနည်းစရာကောင်းလှပါတယ်။

Images Credit - Original Source
အဲဒီလို ငိုကြွေးရင်း ငိုကြွေးရင်းနဲ့ မြတ်စွာဘုရား နောက်ဆုံးစကား မိန့်ကြားတော်မူပါတယ်။
"ချစ်သားတို့၊ ပင်ပန်းလေစွတကား၊ ယခုအခါ ငါဘုရားကိုယ်တော်မြတ် နောက်ဆုံးစကား မှာကြားပေးခဲ့မယ်။ သင်္ခါရမှန်သမျှဟာ ပျက်စီးတတ်သောသဘော ရှိကုန်၏။ မမေ့မလျော့ မပေါ့မဆ သတိတရားဖြင့်ပြည့်စုံအောင် နေရစ်ကြပေတော့"
အဲဒီမှာ အင်ကြင်ပန်းတွေကလည်း တပြိုင်နက်ပူဇော်နေတယ်၊ တပည့်သာဝကတွေကလည်း ငိုကြွေးနေချိန်မှာ ၁၄၈-ခုနှစ်ရဲ့ ကဆုန်လပြည့် သန်းခေါင်ကျော်အချိန်မှာ ဘုရားမြတ်စွာ ပရိနိဗ္ဗာန်စံတော်မူခဲ့ပါတယ်။
"အပင်ကြီးရယ်ပြို
ပင်ရိပ်ခိုငှက်တစ်သောင်း၊ ထောင်းထလို့ငို
အပင်အို၊ ချိုပါဘီအသီး"
ဒါကြောင့် ကဆုန်လပြည့်နေ့ဟာ လွမ်းစရာတွေ ပျော်စရာတွေရောထွေးပြီး ယှက်လိမ်နေတဲ့ ထူးမြတ်တဲ့ ကဆုန်လပြည့်နေ့မှာ ဘုရားနောက်ဆုံးမိန့်ကြား အပင်အိုကြီး ပြိုလဲသွားတော့ ငှက်တစ်သောင်း ခိုကိုးရာမဲ့သလို ဘုရားသာသနာမှာ ဘုရားပရိနိဗ္ဗာန်စံသွားပြီဆိုတော့ စကြာဝဠာတိုက်တစ်သောင်း နတ်ဗြဟ္မာတွေ ထောင်းထလို့ငိုကြွေးကြတယ်။
ယနေ့တော့ အပင်အိုကြီးကထားခဲ့တဲ့ ပင်ပျိုတို့ရဲ့ ချိုမြိန်ကောင်းမြတ်တဲ့ ဓမ္မအသီးတွေကိုစားသုံးပြီးတော့မှ လွမ်းစရာကြုံလာတဲ့ ကဆုန်လပြည့်နေ့ကိုရောက်ပြီဆိုရင် ဗောဓိပင်မှာ ကဆုန်ညောင်ရေသွန်းပွဲ ဆင်နွဲကျင့်သုံးပြီးတော့ လမြတ်လထူး နေ့မြတ်နေ့ထူးမှာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများအနေဖြင့် ဒါန သီလ စသော ကုသိုလ်ကောင်းမှုများကို ပွါးများ အားထုတ်နိုင်ကြပါစေကြောင်းးး

Images Credit - Original Source
မဟာဗုဒ္ဓ၀င်ကိုမှီငြမ်း၍ အကျဉ်းကျေးသားခြင်းဖြစ်ပါသည်
@kyawhlaing
MSC-015
ကဆုန်လက ဗုဒ္ဓဘာသာတွေအတွက် တကယ့်ကို နေ့ထူးနေမြတ်ပါပဲ ကိုချစ်ရေ
ဟုတ်ပါတယ်ဗျာ
https://steemit.com/myanmar/@chitsone/mundefined
အကျဉ်းရေးသားထားပေမဲ့ ပြည့်စုံပါပေတယ် ဗဟုသုတတိုးစေတဲ့အတွက် ကျေးဇူးပါ
ဖတ်ပေးတာကျေးဇူးတင်ပါတယ်
လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်း အချိန်တွေ အကြာကြီးပဲနော်
အကြာမှ အကြားကြီးပဲ
မတွေ့ဖြစ်တာ ကြာနေလားလို့
နိ free လေးပေးရင် နာ့ မေ့နေမှာ ဆိုးလို့
ပြည့်အောင်စောင့်အူးမယ်
Congratulations! This post has been upvoted from the communal account, @minnowsupport, by kyawhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.