စိတ်ခွန်အား စာပေများ

in #myanmar7 years ago

image

တက်လမ်းသစ်နဲ့  လူငယ်
++++++++++++++++
ယနေ့ မိမိတို့ လျှောက်လှမ်းနေတဲ့ နှစ်သက်ရာ လမ်းဟာ အကြိမ်ကြိမ်ဖြတ်သန်းနေရတာ ဖြစ်ကောင်းလည်း ဖြစ်မယ်။
ပြီးတော့ စလျှောက်နေတာလည်း ဖြစ်ချင် ဖြစ်မယ်။ လူငယ်တွေဆိုလည်း ဘယ်လို လမ်းမျိုးကို လျှောက်လှမ်းရပါ့မလဲ
လို့  တွေးနေချိန်လည်း ဖြစ်မှာပါ။
ဘယ်လိုတွေရှိစေပေါ့ မိမိဘ၀ တိုးတက်ဖို့ ၊ မိမိပတ်ဝန်းကျင် တိုးတက်ဖို့ ဆိုရင်တော့ ယခင်ကတည်းကပဲ လမ်းကောင်း
လျှောက်ခဲ့ လျှောက်ခဲ့၊ ယခုတွင်မှပဲ လျှောက်ဖို့ ပြင်ပြင် ဒီလို စိတ်မျိုးရှိတဲ့ လူတွေကို လူသားတိုင်း ကြိုဆိုလျက်ပါ။
ဒီနေရာမှာ တက်လမ်းသစ်နဲ့  စမဲ့ လူငယ်တွေဟာ အရေးပါလာပြီ။ လူငယ်တွေက လမ်းလွဲလို မရဘူး။ ကိုယ်လျှောက်တဲ့
လမ်းက လွဲသွားရင် ပြန်ပြင်လို့ မရတာတော့ မဟုတ်၊ ပြင်လို့ ရတယ်။ သို့ သော် ဘ၀မှာ အကန့် သတ်နဲ့ ရတဲ့ အချိန်တွေ
အစားပြန်ထိုးဖို့  သိပ်ခက်သွားမယ်။
လမ်းတစ်ခုကို ဖောက်ပြီဆိုတာနဲ့  မိမိအပါအ၀င် ဒီလမ်းကို လျှောက်မည့်သူတွေက အနောက်မှာ တန်းဆီနေပြီလို့ မှတ်
ထားပါ။ ကိုယ်ကတော့ ငါလျှောက်တဲ့ လမ်း ငါဖောက်တာ ဘယ်လို လမ်း ဖြစ်ဖြစ် ငါကြိုက်တာလုပ်မယ်လို့ တွေးမှာပေါ့။
သို့ သော် ကိုယ့်ပတ်ဝန်းကျင်ကသော်လည်းကောင်း၊ ကိုယ့်လမ်းစဉ်ကို အားကျမိတဲ့ နောက်ထပ် မျိုးဆက်သစ်တွေက
သော်လည်းကောင်း နောက်ကလိုက်မလာ ကြဘူးလို့  ပြောလို့ မရဘူး။ သူတို့ တွေက နီးရာလမ်း လျှောက်ကြမှာပဲ။
ဒါကြောင့် ကိုယ်ရွေးချယ်တဲ့ လမ်းဟာ ကိုယ့်ဘ၀အပြင် ဘ၀ပေါင်းများစွာအတွက်လည်း သိပ်အရေးကြီးပါတယ်။ အတ္တ
ကြီးတာနဲ့ ယုံကြည်မှု ရှိတာကို ခွဲခြားသိအောင် လုပ်ထားဖို့ လိုတယ်။
ရှေးက လူကြီးတွေက ဖောက်ထားခဲ့တဲ့ လမ်းဟာ ယနေ့ လူငယ်တွေ အတွက်တော့ လမ်းသစ်လို့ ထင်မှာပဲ။ သူတို့ မှ မ
လျှောက်ဖူးတော့ သစ်တာပေါ့။ လူငယ်တွေတွက် ဘ၀ အာမခံချက် ကောင်းကောင်းပေးနိုင်တဲ့ လမ်းဆိုရင်တော့ ကိစ္စမရှိ။
အယူမှားမည့် လမ်းဆိုရင်တော့ သူတို့ ဘ၀အပြင် နောင်အနာဂါတ်ပါ နစ်နာပြီမှတ်တော့ပဲ။ အဲ့တော့ ဒီတက်လမ်းသစ်နဲ့ စ
ဖို့  တာဆူနေတဲ့ လူငယ်တွေကို လမ်းဖောက်ခဲ့တဲ့ လူကြီးတွေက အခြေနေမှန်ကို ချပြနိုင်ရမယ်။
ဒီနေရာမှာ ရိုးသားကြဖို့  လိုအပ်တယ်။ ဒီလိုမှလည်း အမှန်တရားက ထွက်လာမှာပေါ့။ ဒီလိုလုပ်ဖို့ လွယ်ပါတယ်လို့ မထင်
လိုက်နဲ့ ဦး။ ကောင်းတဲ့ စကားကို လက်ဆင့်ကမ်းဖို့ ဆိုတာ စေတနာလည်း ပါရမယ်။ ပြီးတော့ မေတ္တာဆိုလည်း ပါဦးမှပါ။
လူကြီးတွေ အနေနဲ့ က တကယ်တမ်း တိုင်းပြည်ကို အမြင့်တင်ချင်ရင် လူငယ်တွေရဲ့ ဆန္ဒတွေကို အလေးထား ပေးရမယ်။
အနာဂါတ်မှာကောင်းချင်ရင် ယနေ့ လူငယ်ထုကို အကောင်းဆုံး ပျိုးထောင်ပေးရမယ်။ ဒါမှ တက်လမ်းသစ်ကို လျှောက်မဲ့
လူငယ်တွေက တိုင်းပြည်အတွက် ကောင်းမွန်တဲ့ လမ်းသစ်တွေကို ခေတ်အဆက်ဆက် လက်ဆင့်ကမ်း ဖောက်ပေးသွားနိုင်
တော့မှာ ဖြစ်ပါတယ်။

image

Credit###True Man
Photo credit: Google Image

Coin Marketplace

STEEM 0.19
TRX 0.16
JST 0.030
BTC 64574.81
ETH 2639.22
USDT 1.00
SBD 2.79