မဟာမြတ်မုနိဘုရားသို့ ဘုရားဖူးတစ်ခေါက်
ဘုရားရှီခိုးပြီး အိပ်ယာဝင်ဖို့လုပ်နေတုန်း တယ်လီဖုန်းက မြည်လာသည်။ ကောက်ကိုင်လိုက်တော့ သူငယ်ချင်း၏ ဖုန်းဖြစ်နေသည်။ နံနက်ဖန် တန်ဆောင်မုန်းလပြည့်နေ့ မဟာမြတ်မုနိဘုရားသို့ သွားပြီး ရွှေသင်္ကန်းကပ် ကောင်းမှုကုသိုလ်ပြုဖို့ လိုက်မလားလို့အဖော်ညှိလာတယ် ကျနော်လည်းသွားကြရအောင်ပေါ့ဟုဆိုကာ ပြောဆိုပြီး ဖုန်းချပြီးအိပ်ရာဝင်တော့သည်။ နံနက်၎နာရီထိုးတော့ အိပ်ရာကငေါက်ကနဲနိုးလာတယ် သူငယ်ချင်းဆီဖုန်းဆက်နိုးပြီး ဘုရားသွားဖို့ပြင်ဆင်တော့တာပေါ့။ ဒီလိုနဲ့ ဆိုင်ကယ်နှစ်စီးနဲ့ သူငယ်ချင်းလေးယောက် ထွက်လာခဲ့ကြသည်။ ဆောင်းရာသီဆိုတော့ ချမ်းချမ်းအေးအေးနဲပေါ့ ဘုရားပုရဝုဏ်ထဲရောက်တော့အနွေးဓါတ်ကို ခံစားရတော့သည်။
တပိုတွဲလပြည့်နေ့ဆိုတော့ ဘုရားဖူးသူများ နဲ့စည်ကားနေသည်။ဆွမ်းနဲ့ ပန်းတို့ကိုကပ်ပြီး ဘုရားဖူးကြသည်။ ရွှေဆိုင်းများကပ်ရန် ရောင်းသည့်ကောင်တာများသို့ သွား၍ ဝယ်ယူခဲ့ကြသည်။ ရွှေဆိုင်းကပ်သူများမှာ များပြားလွန်းသောကြောင့်တန်းစီပြီးစောင့်ခဲ့ကြရသည်
။ ယောကျာ်းလေးများက ကိုယ်တိုင်တက်၍ကပ်လို့ရသည်။ မိန်းကလေးများကတော့ ယောကျာ်းလေးများကို ကပ်ခိုင်းကြရသည်။ သူ့တို့အစားကပ်ပေးဖို့ ပေးကြသူများလည်းများပြလှပါသည်။ နှစ်နာရီနီးပါးတန်းစီပြီး စောင့်ပြီးနောက် ကျနော်တို့သူငယ်ချင်းလေးယောက် ရွှေဆိုင်းကပ်ခွင့်ရခဲ့သည်။ ကိုယ်တိုင်ကော မိန်းကလေးတွေက ကပ်ခိုင်းတာကောဆိုရင် ရွှေဆိုင်းတစ်ရာကျော်နီးပါရှိမည်။ ရွှေဆိုင်းများကပ်ပြီး အနောက်ဘက်မုဒ်ဝသို့ လျှောက်ကြည့်ခဲ့ကြသည်။ ဓါတ်ပုံရိုက်သူများလည်းများပြားလွန်းလှပါသည်။ တပိုတွဲလပြည့်နေ့ဆိုတော့ ရှားမီးပူဇော်ပွဲလည်းတွေ့မြင်ခဲ့ရခဲ့သည်
။ ထို့နောက် တောင်ဘက်မုဒ်ဝသို့ဆက်သွားခဲ့ကြသည် foreigner များနဲ့တွေ့ပြီး စကားနည်းနည်းပြောခဲ့ကြတယ် ငှက်ကလေးတွေကိုလည်း လွှတ်ခဲ့ကြတယ် ခိုကလေးများကိုလည်း အစားကျွေးခဲ့ကြတယ် ကောင်းမှုကုသိုလ်များစွာပြုလုပ်ပြီး သူငယ်ချင်းတစ်သိုက် ပျော်ရွှင်စွာ အမှတ်တရ ဓါတ်ပုံရိုက်ခဲ့ကြလေ သည်။ ။