သိပေးပါ

in #myanmar8 years ago

အမုန်းတရားကိုပစ်
အချစ်သာဖြစ်ရင်
သည်ကမ္ဘာမြေတခုလုံး
အမုန်းတွေဖုံးချင်ဖုံးပါစေ။
အရှုံးတရားကိုပစ်
အပြုံးသာဖြစ်ရင်
သည်သံသရာတလျောက်လုံး
ရှုံးချင်သလောက်ရှုံးပါစေ။
အချစ်ရယ်.....
တကယ်အဟုတ်
မင်းလာလှုပ်တဲ့ငါ့ရင်
အသာပုတ်တယ်ထင်ရပေမဲ့
နာကြင်ခံခက်
အဖြစ်ပျက်မို့
တကယ်လို့များ
မင်းနှလုံးသား
ကြွေကျသွားရင်
မြေခနေတာလေးကိုချစ်မယ်။
တကယ်လို့များ
မင်းနှလုံးသား
ကြွေမွသွားရင်
ကြေမွနေတာလေးကိုချစ်မယ်။
အမြစ်တွယ်နေတဲ့ငါ
အချစ်မှာ
ကွယ်ရာမမဲ့ပေမဲ့
တွယ်တာခဲ့တဲ့စိတ်
မယိုဖိတ်မိ
တိုးတိုးတိတ်တိတ်
ကြိတ်ပြီးသိပေးပါ။
နေနိုင်လွန်းလို့
နေနေတာမဟုတ်
သံယောဇဉ်နှောင် ကြိုး
ရစ်ပိုးမှာ စိုးလို့
မင်းလေး အမှတ်တရ
သိနေပေးပါ။
@kyawwintun image
Crd:photo by facebook
Fbacc :Nay Min Kha
Msc လျှောက်ထားဆဲ

Coin Marketplace

STEEM 0.06
TRX 0.31
JST 0.060
BTC 69293.13
ETH 2103.26
USDT 1.00
SBD 0.51