မျှဝေခြင်း (2)
ကျွန်မ ဘာမြင်ရသလဲဆိုရင်.....🌤⛅☁🌈
ငွေဇာနားကွပ် တိမ်ဆိုင်များ သူ၏ လှပမူ့ကို စကားနှင့်ရော စာနှင့်ပါ ရေးဖွဲ့ ပြ ရနိုင်မည် မထင်ပါချေ။ အဆုပ်လိုက် အဆုပ်လိုက်နှင့် သိုးအုပ်ပုံကဲ့သို့ ပုံဖော်လို့ရသလို မိမိစိတ်ကွန့်မြူးတိုင်း အကောင်အစုံ ဖန်တီးနိုင်လေသည်။ ကျွန်မနှင့် သူမ အတူထိုင်ဖြစ်တိုင်း သူမက ပုံဖော်ပြလိုက် ကျွန်မက ပုံဖော်ပြလိုက်နှင့် ကျွန်မတို့ ထိုကဲ့သို့ ပြုလုပ်ရသည်ကို နှစ်ဦးလုံးက နှစ်သက်ကြလေသည်။
ထိုကဲ့သို့ လှပသော တိမ်စိုင်များ မြင်ချိန် ကျွန်မ ပထမဆုံး သတိရမိတာ သူမပင်။ ဟိုတစ်နေ့ကလဲ သူမသည် ထိုသို့ ခံသားရပေလိမ့်မည်။ ထို့ကြောင့်သာ ကျွန်မကို ခေါ်ခြင်းဖြစ်ပေလိမ့်မည်။ ကျွန်မ စိတ်ရှုပ်နေခဲ့၍ ထိုအချိန်က မကြည့်ခဲ့ရပေ။ မယ်ကြည်တို့တစ်တွေသည် လှပသော အရာအများစုကို ချစ်ခင်သူများနှင့် ပုံဖော်ချင်ကြ မျှဝေချင်ကြသည်။ အကြောင်းတစ်စုံတရာကြောင့် မျှဝေခြင်း မဖြစ်လာပါက စိတ်ချင်းဝေး လူချင်းဝေးသွားနိုင်လေသည်။
မျှဝေတယ်တယ်ဆိုတာမှာ ထိတွေ့လို့ရတဲ့ ပစ္စည်းတွေမှ မဟုတ်ပါဘူး..။ ခုလိုလှပတဲ့ တိမ်ဆိုင်တွေ ညနေခင်းတွေ ပန်းပွင့်တွေ အစုံပါပဲ..။ မိမိစိတ်မှာ ဖြစ်ပေါ်လာတဲ့အတိုင်းပေါ့။ မျှဝေခြင်းအားဖြင့် သူနဲ့ကိုယ် ပိုပြီး ရင်းနှီးချစ်ခင်လာတယ်ဆိုတာ မမေ့ကြပါနဲ့နော်။
အခုချိန်တော့ ကျွန်မ ဘယ်လောက် အလုပ်ရှုပ်ရှုပ် မျှဝေပေးချင်သူ မည်သူပဲဖြစ်ဖြစ် အချိန်ပေးပြီး ကြည့်ပေးမှာပါ။ သူရောကိုယ်ရော ပျော်ရွှင်ရမှာပါ..။ steemit က သူငယ်ချင်းတွေလဲ ချစ်ခင်သူတွေကို မျှဝေပေးကြဖို့နဲ့ မျှဝေပေးလာသူတွေကိုလဲ တန်ဖိုးထား ပေးကြစေဖို့ သတိပေးရင်း နိဂုံးချုပ်လိုက်ရပါတယ်။
Author @kyi
Msc 050




ငွေဇာနားကွပ် တိမ်တွေအလှက မမကြည်အလှမှာ မျောလွင့်ပျောက်ကွယ်ကုန်ကြတယ်
အယ့်လယ်
အယ်လယ်😁😁လန်းနေရော
မကြည်တို့က ဒါတွေလဲရတယ်နော်
အဟိ နိကော ရောက်နေပီလား😁
ချစ်ခြင်းမေတ္တာ ၊အသိပညာတွေကို ချစ်ခင်သူတွေကို ဦးစားပေး မျှဝေရမှာပါ။ ဟင်းကောင်း စားရရင် မိတ်ဆွေတွေကို သတိရတယ်ဆိုတာ ရှိတာဘဲ။ညီမ ဟင်းကောင်းစားရရင် အစ်ကိုတို့ကိုလည်းသတိရမှာ မဟုတ်လား။
ဒါပေါ့ ကိုမဟော်ရယ် ချစ်ခင်သူတွေ မမေ့ပါဘူး😁
အူယားစရာလေး မမရေ ဓါတ်ပုံလေးက ။ စာလေးလည်းလှ လူလေးလည်းလှတယ်လို့ ။ 💓💓
ပန်းလှတာလေး ဦးစားပေးရိုက်မိတယ်😁😁
ခုတော့သိရပြီ...လှပတဲ့တိမ်စိုင်တွေပေါ့....ကြည်ပုံလေးကတကယ့်ကိုအသက်ဝင်တယ်....လှလိုက်တာ
ကျေးဇူးပါလို့😁
ချစ်ခင်သူတွေနဲ့ မျှဝေပြီး ပျော်ရွှင်မှုလေးတွေရအောင် ဖော်ဆောင်နိုင်ကြစေဖို့ ပြောပြထားတာ မှတ်သားထားပါ့မယ်။ဓါတ်ပုံတွေ အကုန်လုံးလှပါတယ်ခင်ဗျာ။
ဟုတ်ကဲ့ပါလို့😁
တစ်ယောက်နဲ့တစ်ယောက် အသိတွေမျှဝေရင်း ပိုပြီးရင်းနှီးကြတာပါ မမကြည်☺ ☺
ဟုတ်ပါ့ ကိုလွမ်းရေ😁
လှတာလေး မြင်တော့လဲ ကိုယ်ချစ်ခင်တဲ့သူကို အတူခံစားစေတာ ကောင်းသော အလုပ်ပါ
ဟုတ်ပါ့ညီမရေ😁