အပြောင်းအလဲများ

in #myanmar7 years ago

received_2034155090190061.jpegမရောက်တာကြာခဲ့ပြီဖြစ်တဲ့ ရွာဦးကျောင်းကိုသိမ်အလှူရေစက်ချပွဲနှင့်ကြုံကြိုက်လို့ ရောက်ဖြစ်ခဲ့တယ်။ငယ်ငယ်ကတော့ ရွာဦးကျောင်းကိုဥပုဒ်နေ့တိုင်း အဖွားနဲ့ရောက်ခဲ့ပေမဲ့ အဖွားဆုံးပြီးတဲ့နောက်ပိုင်း ကိုယ်လည်း အလုပ်တစ်ဖက်ကျောင်းတစ်ဖက်နဲ့ဆိုတော့ မရောက်ဖြစ်ခဲ့ဘူး။

ဟိုးအရင်ကတော့ရွာဦးကျောင်းမှာ ၂ထပ်သိမ်အိုကြီးတစ်လုံးရယ် တရားပေးတဲ့ဓမ္မာရုံတစ်ခုရယ် ဇရပ်အသေးလေး(၃)လုံးရယ်ပဲရှိခဲ့တယ်။ဇရပ်အသေးလေးတွေကို ရန်ကုန်ကအလှူရှင်တွေက လာလှူထားပီး ပုံမှန်အားဖြင့်ပိတ်ထားပေမယ့် ဒီဇင်ဘာလရောက်တိုင်းအလှူရှင်တွေဦးစီးပီး တရားစခန်းဖွင့်ကြတယ်။အလှူရှင်အဘကြီးတွေက ကလေးတွေပါတရားထိုင်စေချင်တော့ တရားလာထိုင်တဲ့ကလေးတွေကို မုန့်တွေကျွေးပီးစည်းရုံးခဲ့ကြတယ် ကလေးတွေကိုတရားရဲ့အရသာသိစေချင်တဲ့စေတနာတွေနဲ့ပေါ့။နောက်တော့ အလှူရှင်အဘကြီးတွေလည်းတစ်ယောက်ပီးတစ်ယောက်ဆုံးပါးသွားကြတဲ့နောက်ပိုင်း သူတို့ရဲ့သားသမီးတွေလည်းအလုပ်တာဝန်တွေနဲ့မအားလပ်ကြဘူးထင်ပါရဲ့ ကိုယ်တို့ရွာလေးကိုရောက်မလာကြတော့ဘူးလေ။

ရွာဦးကျောင်းကိုခြေချမိတော့ အရင်ကနဲ့မတူတော့ဘဲ တော်တော်လေးပြောင်းလဲသွားတာကိုသတိထားမိခဲ့တယ်။ကိုယ်တွေငယ်ငယ်ကတရားထိုင်ခဲ့ကြရတဲ့ဇရပ်လေးတွေမရှိတော့ဘူးလေ။ဇရပ်လေးတွေရဲ့နေရာမှာ တရားပေးဓမ္မာရုံကြီးတစ်ခုကအစားထိုးနေရာယူသွားခဲ့ပီ။အရင်ကတရားပေးဓမ္မာရုံကလေးကတော့ ဘုန်းကြီးတွေဆွမ်းစားဖို့နဲ့ ကျောင်းထိုင်ဆရာတော်သီတင်းသုံးတဲ့နေရာလေးဖြစ်သွားပီ။အရင်ကတော့ဒီဓမ္မာရုံလေးထဲမှာပဲ တရားပေးရင်းအလှူမျိုးစုံအတွက်ရေစက်ချခဲ့ပေမယ့် ဘုန်းကြီးကျောင်းထဲမှာ အဆောက်အဦးတွေများလာတာနဲ့အမျှ ဓမ္မာရုံလေးရဲ့တာဝန်တွေလည်းလျော့သွားတာပေါ့လို့ ကိုယ်တွေးမိပါတယ်။

ရေစက်ချမယ့် ၂ထပ်သိမ်တော်ကြီးကတော့ နေရောင်အောက်မှာ ရွှေရောင်တဖိတ်ဖိတ်နဲ့ တောက်တောက်ပပဝံ့ဝံ့ကြွားကြွားပေါ့။သိမ်အသစ်ကြီးရဲ့ဘေးမှာတော့ သစ်သား၂ထပ်သိမ်အိုကလေးကတော့ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ထီးထီးကြီးရှိနေရဲ့။

ဘုန်းကြီးကျောင်းသိပ်မသွားနိုင်တော့တဲ့ အမေကြီးကတော့ သိမ်အသစ်ကြီးကိုကြည့်ပီး ပီတိဖြာနေပေမယ့် သိမ်အိုကြီးကိုလည်းစိတ်မကောင်းတဲ့မျက်ဝန်းတွေနဲ့ ခဏခဏလှည့်ကြည့်နေတာကို ကိုယ်သတိထားမိတယ်။အဲဒီသိမ်အိုကြီးက အမေကြီးရဲ့အမေကိုယ်တို့အဖွားက မတည်ပီးလှူခဲ့တာတဲ့လေ။ယောက်ျားနဲ့အတူနေသားသမီးတွေရှေ့ဆင့်နောက်ဆင့်ဆုံးပါးသွားခဲ့ကြတဲ့နောက်ပိုင်းအဖွားက သူ့ရဲ့အိမ်ကြီးကိုဖျက်ပီးဘုန်းကြီးကျောင်းမှာသိမ်ဆောက်ဖို့လှူခဲ့တယ်။အဖွးရဲ့မတည်မှုနဲ့ အများပေါင်းစုပီးလှူခဲ့တဲ့သိမ်ဖြစ်လို့ ဖျက်ပစ်မှာကို အမေကြီးစိတ်မကောင်းဘူးထင်ပါရဲ့။သိမ်အိုကြီးကိုလှူခဲ့တဲ့သူတွေလည်းအများစုဆုံးပါးသွားကြပီဖြစ်သလို သိမ်အိုကြီးမကြာခင်ဖျက်ခံရတော့မှာပါလားလို့ကိုယ်တွေးမိတယ်။

သိမ်အသစ်ရေစက်ချပွဲမှာ သိမ်ဆင်းအရင်လောင်းပီး သိမ်ရေစက်ချတရားပေးတယ်။အလှူထည့်ထားတဲ့သူတွေလည်းတရားနာပီးရေစက်ချကြတာပေါ့။တရားနာလို့ပီးတော့ ထမင်းစားအုံးလေဆိုလို့ ထမင်းကျွေးတဲ့နေရာရောက်တော့အံ့သြသွားတယ် အလှူထမင်းဆိုလို့အရင်လိုပဲ ငါးပိပေါင်း ငါးခြောက်ထောင်းနဲ့ ၁၂မျိုးဟင်းချိုထင်နေတာ ဒံပေါက်တွေလာချတဲ့အချိန်မှာ ကိုယ်ဆွံ့သွားတယ်။အလှူထမင်းတွေတောင်ပြောင်းလဲကုန်ပီပေါ့။

ကိုယ်လည်းယောင်တောင်ပေါင်တောင်ဖြစ်နေတာနဲ့ ဆရာတော်တွေကိုဆွမ်းကပ်ဖို့လုပ်နေတဲ့ ကိုယ့်အဒေါ်တွေကို ကူညီဖို့ဆွမ်းစားကျောင်းပေါ်တက်သွားခဲ့တယ်။ဆရာတော်တွေကို ဆွမ်းကပ်ဖို့ပြင်ဆင်နေတဲ့နေရာမှာတော့ အရင်အတိုင်းပဲ ဖွယ်ဖွယ်ရာရာနဲ့ ချက်ပြုတ်နေတာမြရတော့ စိတ်သက်သာရာရခဲ့တယ်။ကိုယ်ချစ်တဲ့ရွာအငွေ့အသက်တွေမပျောက်သေးဘူးလေ။

အလှူကပြန်လာတော့ အမေကြီးကိုသမီးတို့ရွာမှာဘာလို့ပြောင်းလဲတာတွေများလာတာလဲလို့ ကိုယ်မေးမိတယ်။အမေကြီးက ညည်းရောဘာလို့အရင်ထပ်အရှပ်ပိုရှည်လာတာလဲဆိုတော့ အသက်တွေကြီးလာတော့လည်းပြောင်းလဲလာတာပေါ့လို့ကိုယ်ဖြေတော့ အမေကြီးက ပြောင်းလဲရမဲ့အကြောင်းတွေရှိလာလို့ပေါ့သမီးရယ်တဲ့။စောစောကရေစက်ချပွဲမှာဆရာတော်ဟောခဲ့တဲ့တရားလိုပဲ ဘယ်အရာမှမတည်မြဲဘူးလေတဲ့ မတည်မြဲတဲ့လောကကြီးမှာ ဘာကိုမှပုံသေတွက်မထားပဲ ပြောင်းလဲလာတဲ့ကိုယ့်ပါတ်ဝန်းကျင်နဲ့ ကိုက်ညီအောင်နေသာလိုက်လျောညီထွေနေနိုင်အောင်ကြိုးစားရမှာ ကိုယိ့တာဝန်ပဲဆိုတဲ့အမေကြီးရဲ့စကားကိုနားလည်လက်ခံပေမယ့် ချစ်စရာကောင်းတဲ့ကိုယ်တို့ရွာလေးကိုတော့ အများကြီးမပြောင်းလဲစေချင်ဘူးကွယ်။

Author @Leeshang
MSC 230

Sort:  

မပြောင်းလဲချင်သော်လည်းအရာအားလုံးကပြောင်းလဲနေတယ်

အဲ့လို အဲ့လို လောကကြီးက

Goodတယ်

thank ပါ

Good post.ရွာဓလေ့စရိုက်တွေ ပြောင်းလဲပြီးအကုန် ပျောက်ကွယ်သွားမှာ စိုးရတယ်။

ကျေးဇူး

Nice post bro

ကျေးဇူးပါ

‌ရေးတတ်‌ပါ‌ပေ့ ညီမ‌ရေ။အား‌ပေး‌နေပါတယ်‌။

ဟဲဟဲ သဘောကျတာ

ပိုpချစ်ဖို့ကောင်းအောင် ထပ်ပြီးပြောင်းလဲလိုက်ပါလို့ ဟီးးး

ဘာကိုပြောင်းခိုင်းတာလဲ မသိ

အာ​ပေ​နေတယ်​​နော်

Vote ပီးပီ

အ​ရေး​ကောင်းပါရှင်