မနက်ဖြန်

in #myanmar6 years ago

မနက်ဖြန်

တစ်နေ့လုံး တစ်ရက်လုံး ကျွန်တော်တို့ အလုပ်တွေ စိတ်ဖိစီးမူးတွေ ပျော်ရွင်မူတွေ စိတ်ညစ်မူတွေနဲ့ ဒီနေ့ ကို အတူ တစ်ကွ ဖြတ်သန်းနေကြရတယ်။
အလုပ်ထဲမှာ ပျော်စရာတွေ့ရင် အများနဲ့အတူ ပျော်ကြမယ်။
စိတ်ညစ်စရာရှိတော့လည်း အာလုံးပဲ ထပ်တူ ခံစားရတာပဲလေ။

oy05wtr2rl.jpg

ဒီနေ့မှာ ကျွန်တော်တို့ အလုပ်တွေ တတ်နိင်သလောက် အတတ်နိင်ဆုံး ပြီးစီးအောင် လုပ်ဆောင်ကြပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ ဘယ်လောက်ပဲ အလုပ်တွေ ပြီးစီးပါစေ နောက်တစ်နေ့ရောက်လာရင် အလုပ်နောက်တစ်ခုက ဆီးလို့ကြိုနေပြန်ရောဗျာ။
အိမ်ပြန်ရောက်လို့ အိပ်ယာဝင်ရင် နောက်နေ့မှာ
ဘယ်လုပ်ငန်းကို ဘယ်လို လုပ်ရမယ်ဆိုတဲ့ အတွေးတွေ တစ်ခါတစ်ရံ ညတွေမှာ အိပ်လို့တောင်မပျော်နိင်ပါဘူး။

ဒါကြောင့်ရှေ့ ရှေး လူကြီးတွေ ပြောနေကြ စကားလုံးလေး
လူ ဆိုတာ အသက်ရှင်သန် ဖို့ အလုပ်လုပ်နေတာလား
အလုပ်လုပ်ဖို့ အတွက် အသက်ရှင်သန်နေတာလား
ဘာပဲ ဖြစ်ဖြစ် ကိုယ့်ရည်ရွယ်ချက်နဲ့ကိုယ်
မနက်ဖြန်ကို ကြိုဆို ပြီး အလုပ်လုပ်ကြရမှာလေ။
အဓိက ကတော့ ကိုယ့်ရဲ့ ရောက်ရှိလာမယ့် မနက်ဖြန်တိုင်းကို စိတ်သစ် လူသစ် ခွန်အားသစ်တွေနဲ့ ဖြတ်ကျော်နိင်ဖို့ အားတင်းထားရမှာပါ။

ကျွန်တော် တို့ တစ်တွေလည်း ဒီနေ့ထက် မနက်ဖြန် မှာ ပိုအဆင်ပြေအောင် ကြိုးစားနေကြရတယ်။
မနက်ဖြန် တိုင်းမှာ အလုပ်တွေ အဆင်ပြေဖို့ အမြဲတမ်း တွေးနေ စဉ်းစားနေရတယ်လေ။
ဒါမှသာ ပိုမို ကောင်းမွန်တဲ့ မနက်ဖြန်တိုင်းကို ကျွန်တော်တို့ ထုဆစ်ပုံဖော်နိင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် မနက်ဖြန် တိုင်းမှာ အဆင်ပြေကြပါစေဗျာ။

MSC 045
@lwanwai

Sort:  

အဆင္အျမဲ ႀကိဳးစားလ်ွက္...

Posted using Partiko Android

Fighting မမမျိုး😀😀

Coin Marketplace

STEEM 0.06
TRX 0.31
JST 0.064
BTC 66961.93
ETH 2057.77
USDT 1.00
SBD 0.47