သား အချစ် မြေး အနှစ်

in #myanmar4 years ago

သား အချစ် မြေး အနှစ်

လူကြီးတွေ ပြောပြောနေကြတာ ကြားဖူးတာ ကြာပါပြီ သားမှာ အချစ် မြေး အနှစ်တဲ့။
ကိုယ့် ကိုတော့ ကိုယ့်မိဘ တွေ ဘယ်လောက်ချစ်သလဲ ဆိုတာတော့ ကျွန်တော် မသိဘူး။
ဒါပေမယ့် မိဘတွေရဲ့ ကိုယ့် အပေါ် ဘယ်လို ဂရုစိုက် ချစ်သလဲ ဆိုတာလည်း ကျွန်တော် မခံစားဖူးဘူး။

6mut19q2z0.jpg

ကျွန့်တော့် အဖေ ပြောဖူးတဲ့ စကားတစ်ခွန်းကို ကျွန်တော် ပြန်ကြားယောင်မိတယ်။
ကိုယ့်သား သမီး ပဲ ကိုယ်ချစ်တာပေါ့တဲ့ ဒါပေမယ့်
စိတ်ထဲကပဲ ချစ်တယ် တဲ့။
ဒါ ကျွန်တော် တို့ကို ပြောပြတာမဟုတ်ဘူး
သူ့ သူငယ်ချင်းတွေကိုပြောပြနေတာပါ။
ဒီလိုပါပဲ ကျွန်တော် အိမ်ထောင်ကျလို့ သားဦးလေးတစ်ယောက် ရလာတဲ့အခါ မှာတော့ ကျွန်တော့်
သားလေးကို အလိုလိုက် ပြီး ချစ်ကြတယ်။
သား အချစ် မြေး အနှစ် ထင်ပါရဲ့ဗျာ။

27qitewrle.jpg

ကျွန်တော်ကတော့ ကိုယ့် သားကို ငုံထားမတတ် ချစ်တယ်။ 1500 ချစ်ခြင်းထက် 525 က ပိုပြီး ချစ်တတ်မူ ပြီးတော့ မေတ္တာ တရားရဲ့ ခံစားတတ်မူ့ အားကြီးမှန်း
နားလည် သဘောပေါက်လာတယ်။
မိဘ တစ်ယောက်က ကိုယ့်သားသမီးအပေါ် ချစ်ချင်းတွေ ကျွန်တော် ခံစားတတ်ခဲ့တယ်။
ဒီ တော့ ကိုယ့်တုန်းက သိပ်မရ ခဲ့ဘူးတဲ့ အလိုလိုက်မူတွေ အချစ်တွေ ပျော်ရွင်မူတွေနဲ့ သူ့စိတ်တိုင်းကျ အလိုလိုက်ပေးထားတယ်လေ။

n0x0td98t3.jpg

သူ့ အဘိုး အဖွား တွေ သူ့မြေး အပေါ် ချစ်တဲ့ အချစ်တွေ အတွက် ကျွန်တော်လည်း နောင်တစ်ချိန် ကျွန်တော့်ရဲ့ မြေးတွေ သားတွေ လက်ထက်အထိ ဆက်ပြီး ချစ်ကြည့်မယ်။
သားအချစ် မြေးအနှစ်ဆိုတော့ ကျွန်တော့်ရဲ့ အနှစ်တုံး လေးတွေ ကို အချစ်တွေနဲ့ စောင့်အုံးမယ်။

MSC 045
@lwanwai

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.032
BTC 62467.35
ETH 3004.85
USDT 1.00
SBD 3.87