မိတ်ဆွေကောင်းတွေ တိုးပွားစေချင်

in #myanmar7 years ago

download.jpeg

မင်္ဂလာပါ ချစ်မိတ်ဆွေအပေါင်းတို့ 
mscနဲ့ ပက်သက်လို့ ပြောမှားဆိုမှားရှိခဲ့ရင် တောင်းပန်စကား ကြိုပြောပါရစေ။ တစ်ခါတလေမှာစိတ်လောပြီး ပြောခဲ့ ရေးခဲ့မိတာတွေအတွက် စိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်တော်တို့ အချိန်တစ်ခု စောင့်ရမယ်ဆိုလည်း စောင့်ဆိုင်းပြီး ကိုယ်နိုင်သလောက် စာရေးပြီး စောင့်နေပါ့မယ်။ မိတ်ဆွေတို့ တော့ မသိဘူး ကျွန်တော် mscကို ခင်တွယ်နေမိပြီ။ chat gpမှာ ပြန်လည် စည်ကားစေချင်တယ်။ အမှန်အတိုင်းပြောရင် မအားရင်လည်း ဘာမှတတ်နိုင်ဘူးဗျ။ ကိုယ်တွေလည်းကြုံဖူးတော့ အားလုံးကို နားလည်ပါတယ်။ စားဝတ်နေရေးက အရေးကြီးတယ်လေ။ အာ့လာပါ့ သာလာပါ့ဆိုတာ အချိန်ပိုတဲ့သူသာ လုပ်နိုင်တာပါ။
အခုအချိန်မှာ ပုံမှန်postတင်ခြင်းဖြင့် လူကြီးမင်းတို့ ရဲ့ သံချောင်းခေါက်သံကို နားစွင့်နေပါ့မယ်။ ဘဝရဲ့ နေထိုင်မှုတစ်ချို့ ကို ရေးသားတင်ပြချင်ပါတယ်။ လူတစ်ယောက်မှာ အချိန်နဲ့ အလေ့အကျင့်ဟာ အရမ်းအရေးကြီးပါတယ်။ တစ်နှစ်ဆိုတဲ့အချိန်ဟာ တစ်ဖြည်းဖြည်းကုန်တာမြန်သလို ဘဝတစ်ခုဟာလည်း တွေးရင်းငေးရင်းဖြင့် ကုန်ဆုံးသွားနေပါတယ်။ အလေ့အကျင့်ဟာ ကိုယ့်ရဲ့ နေထိုင်မှုဖြစ်သလို ကိုယ့်ရဲ့ ဘဝကို အကောင်အထည်ဖော်နေတဲ့ အရာပါဘဲ။ နောက်တစ်ခုက သူ့ မှာလည်း အရှိန်ဆိုတာရှိတယ်။ လုပ်ပါများရင် အရှိန်တက်လာတယ်။ မလုပ်ဖြစ်ရင် အရှိန်လျော့လာတယ်။ မကောင်းတဲ့ အလေ့အကျင့် ဖြစ်ဖြစ် ကောင်းတဲ့အလေ့အကျင့်ဖြစ်ဖြစ် ဒီသဘောပါဘဲ။ ညီငယ်တွေကို အကြံပေးချင်တာက ကိုယ့်ဘက်က တစ်ခုခုထူးချွန်နေအောင် လေ့လာဆည်းပူးမှုလုပ်ထားပါ။ အလုပ်တစ်ခုကို ကြိုးစားချင်ပေမယ့် အရည်အချင်းပြချင်ပေမယ့် ပြခွင့်လုပ်ခွင့်မရတဲ့အခြေအနေမျိုးကြုံရတတ်ပါတယ်။ ဒီနေရာမှာကလျာဏမိတ္တဆိုတဲ့ အပေါင်းအသင်း များပြားခြင်းဟာ အောင်မြင်ကြီးပွားကြောင်း တစ်ခုပါဘဲ။ အဆက်အသွယ်ကောင်းပြီး တိုးတက်ကြီးပွားသွားကြတာ ဒုနဲ့ ဒေးပါ။ မိတ်ဆွေကောင်းရဘို့ ပထမဦးဆုံး လုပ်ရမှာက ကိုယ်တိုင် မိတ်ဆွေကောင်းဖြစ်အောင် နေထိုင်ရမှာပါ။ ဒါဟာအရေးကြီးဆုံး အချက်ပါဘဲ။ ညီငယ်တို့ လည်း မိတ်ဆွေကောင်းတွေ များပြားစွာပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်တောင်းရင်း နိဂုံးချုပ်လိုက်ပါတယ်။

FB_IMG_1525181252160.jpg
crd.org.source

@mahaw
MSC - 228

Sort:  

မိတ်ဆွေကောင်းဟူသည် အနစ်နာခံတတ်လေ့ရှိသည်

Posted using Partiko Android

ဆိုးဆိုးကောင်းကောင်း သာတူညီမျှပေါ့ ကိုဟိန်းရာ။ ကျေးဇူးပါ။

Coin Marketplace

STEEM 0.06
TRX 0.32
JST 0.064
BTC 67570.99
ETH 2063.87
USDT 1.00
SBD 0.48