You are viewing a single comment's thread from:

RE: MSC Review နှင့် Steemit တွင်စာရေးနည်း

in #myanmar7 years ago

MSCမှာ ဦးမင်းလို ဆရာမျိုး‌တွေရှိတာ ဝမ်းသာမိပါတယ်‌။ဒီလိုသွန်‌သင်‌မှု ၊‌ဝေဖန်‌မှု‌တွေက ဦးတို့လိုလူကြီး‌ပြောတာ ပိုသင့်‌‌တော်‌ပါတယ်‌။အငယ်‌အချင်းချင်း‌ဝေဖန်‌‌ထောက်‌ ပြရင်‌ မကြိုက်‌တာထက်‌ မလိုလားအပ်‌တာ‌တွေ ဖြစ်‌‌စေပါတယ်‌။ကျွန်‌‌တော်‌လည်း ပြု ပြင်‌သင့်‌တာ ပြုပြင်‌ပြီး ဆက်‌လက်‌ကြိုးစားပါ့မယ်‌။တစ်‌ခု‌တော့ ‌ဆွေး‌နွေးတင်‌ပြချင်‌တယ်‌။စကားတစ်‌ခု‌ဟာ မှန်‌‌ပေမယ့်‌အချိန်‌အခါကြည့်‌ပြီးေ ပြာမှပို အကျိုးရှိ‌စေတယ်‌။အခုလို postတင်‌တဲ့သူကို ‌ကျေးဇူး‌တောင်‌တင်‌ရမယ့်‌အချိန်‌မှာ ဖိအား‌ပေးစကား‌တွေက မှန်‌တိုင်းမ‌ကောင်းဘူး။အဓိက ကခ‌လေး‌တွေအတွက်‌‌ပြောတာပါ။စာညံ့တဲ့ က‌လေးကို မင်းအသုံးမကျဘူးလို့ ‌ပြောခြင်းဟာ စာ‌တော်‌တဲ့သူ ဖြစ်‌ဘို့ အဟန့်‌အတား ဖြစ်‌‌စေပါတယ်‌။ယခင်‌လို pro အ‌ယောက်‌ ၃၀‌လောက်‌ တင်‌တဲ့အချိန်‌မှာ ပို‌ကောင်းနိုင်‌‌ပေမယ့်‌ အခုလိုအချိန်‌ မျိုးမှာကြ အန္တရာယ်‌ ဖြစ်‌‌စေတယ်‌။ တစ်‌ချို့က မ‌ရေးတတ်‌‌ပေမယ့်‌ကြိုးစား‌ရေး‌နေရရှာတယ်‌။ မ‌ရေးနိုင်‌လို့ ထွက်‌သွားကြတာ ကျွန်‌‌တော်‌‌တွေ့ခဲ့ရလို့ ယခုလိုတင်‌ ပြခြင်းပါ။ခ‌လေး‌တွေရင်‌ထဲကဟာကို ရဲရဲဖွင့်‌ချရဲဘို့ လမ်းဖွင့်‌‌ပေးဘို့လိုတယ်‌။အစကနဦးတည်းက ရိုက်‌ချိုးလိုက်‌ရင်‌ သူတို့‌တွေ ‌ရေးရဲမှာ မဟုတ်‌‌တော့ဘူး။‌ကောင်း‌စေချင်‌လို့‌ပြောမှပိုဆိုးသွားနိုင်‌တယ်‌။‌ရေး‌နေတာကြပြီး post ‌ကောင်းမထွက်‌တာက‌တော့ သူ့သမိုင်း‌ပေါ့ဦးရယ်‌။ယခု MSC ဟာ ‌မွေးမြူ‌ရေး ‌ကျောင်းအဆင့်‌ဘဲရှိပါ‌သေးတယ်‌၊proအဆင့်‌‌ရောက်‌ဘို့ အချိန်‌လို‌သေးတယ်‌။ဘာပဲေ ပြာေ ပြာ ဦးမင်းpostကို ကျွန်‌‌တော်‌ကြိုက်‌တယ်‌၊‌နောက်‌လည်းလိုအပ်‌တာရှိရင်‌ ‌ထောက်‌ ပြ‌ဝေဖန်‌‌ပေးပါဆရာ။ ပြုပြင်‌ပြီးကြိုးစားပါ့မယ်‌။ ‌ကျေးဇူးအထူးတင်‌ပါတယ်‌ ဦးမင်း။

Sort:  

MSC ကတစ်နှစ်ကျော်သက်တမ်းရှိပါပြီ၊ လူလည်းအတော်သန့်သွားပါပြီ ဒီနည်းပါးလှတဲ့လူလေးတွေကို ကိုယ်ဖြစ်စေချင်တဲ့ပုံစံကို ချပြပေးတာပါ၊ စိတ်စေတနာ ဆန္ဒစောသွားပြီးဂရုဏာဒေါသသင့်သွားရင်နားလည်ပေးနိုင်ပါစေ

Coin Marketplace

STEEM 0.06
TRX 0.28
JST 0.047
BTC 65546.51
ETH 1918.71
USDT 1.00
SBD 0.51