The Nun-icon of Mal King ( Part- 5)

in #myanmar6 years ago

သီလရှင် မယ်ကင်း ရုပ်တု ( အပိုင်း- ၅)

Hello , all steemit member .

စစ်ကိုင်းမြို့တွင် ပြီးခဲ့သည့် လအတွင်းက သီလရှင် ဆရာကြီး မယ်ကင်း၏ ပုံစံတူရုပ်ထု အား ထုလုပ်၍ ကိုးကွယ်ပူဇော်ခဲ့ကြပါသည်

သီလရှင်မယ်ကင်း ဟုပြောလိုက်သည်နှင့် ဗန်းမော်ဆရာတော် ကိုပါ တွဲလျက် သိရှိကြမည် ဖြစ်ပါသည်

အဘယ်ကြောင့် ဆိုသော် ဗန်းမော်ဆရာတော်နှင့် သီလရှင်မယ်ကင်းတို့သည် မင်းတုန်းမင်းလက်ထက်တွင် ထင်ရှားခဲ့သော အပြိုင်အဆိုင် စာချိုးများစပ်ဆိုရာတွင် ထင်ရှားလှသော သာ့သနာနွယ်ဝင်များဖြစ်ကြပါသည်

image

ဗန်းမော်ဆရာတော်နှင့် သီလရှင်ဆရာကြီးမယ်ကင်း

မြန်မာစာပေ သမိုင်းတွင် ဗန်းမော်ဆရာတော်နှင့် သီလရှင် မယ်ကင်း တို့၏
အပြန်အလှန် စာချိုးများမှာ ထင်ရှားလှပါသည်

ဗန်းမော်ဆရာတော်သည် ဘုန်းကြီးလောကတွင် ထင်ရှားသလို သီလရှင်ဆရာကြီးမယ်ကင်းမှာလည်း သီလရှင်လောကတွင် အလွန်ထင်ရှားသော ဆရာတဆူအဖြစ် ဂုဏ်ရှိန်ကြီးမားသော ပုဂ္ဂိုလ်တဦးပင်ဖြစ်ပါသည်

ဗန်းမော်ဆရာတော်ကြီး၏ဘွဲ့မည်မှာ အရှင်ပဏ္ဍိတ ဖြစ်ပါသည်
ဗန်းမော်သို့ အပို့ခံရပြီး ဝေသာလီမင်းသမီး ဗန်းမော်မြို့စားဥပေါတရာ ဆောက်လုပ်လှူဒါန်းခဲ့သည့် ကျောင်းတိုက်တွင် သီတင်းသုံးသဖြင့် ဗန်းမော်ဆရာတော်ဟု ခေါ်တွင်ပါသည်

ဗန်းမော်ဆရာတော်ကြီးသည် သာသနာတော်အတွင်း မာတုဂါမတွေ သီလရှင်တွေနှင့် ရောရောထွေးထွေး ရှိသည်ကို သဘောတွေ့ဟန်မတူပေ
ထို့ကြောင့် သဘောမတွေ့လျင် မတွေ့သလို ဒိုးဒိုးဒေါက်ဒေါက် ပြောဆိုရေးသားတတ်သူ ဖြစ်ပါသည်

သီလရှင်ဆရာကြီးမယ်ကင်းသည် နန်းတွင်းနန်းပြင်၌ ထင်ရှားသည့် ရှမ်းကလေးကျွန်း ဆရာတော်၏ နှမလည်းဖြစ်ပြီး မင်းတုန်းမင်း အပေါ် သြဇာသက်ရောက်၍ မင်းနှင့်အကျွမ်းတ၀င် နေကြသည်ကို အချို့သော ဆရာတော် သံဃာတော်များမှာ မလိုလား မနှစ်သက်ကြပေ

ထိုအထဲတွင် ဗန်းမော်ဆရာတော်က ထိပ်ဆုံးမှက ပါနေခဲ့ဟန်တုပါသည်
ထို့အပြင် ဗန်းမော်ဆရာတော် နှင့် သီလရှင် ဆရာကြီး မယ်ကင်းတို့သည်
ငယ်ရွယ်စဉ် အခါကတည်းက ပညာသင်ဘက် ဖြစ်ခဲ့ကြပါသည်

ဗန်းမော်ဆရာတော်နှင့် သီလရှင်မယ်ကင်းတို့ ပျို ရွယ်စဉ်က အပြန်အလှန်
ရေးစပ်ခဲ့ကြသည့်တေးထပ်တွင်

ဗန်းမော်ဆရာတော်လောင်းက ပဉ္စင်းတက်မည်ရှိသောအခါ သီလရှင်မယ်ကင်းထံ ''ဘယ်နှယ်လဲ ပဉ္စင်းတက်ရတော့မှာလား'' ဟူ၍ မေးသည်ဟု ဆိုပါသည်

ထိုအခါ သီလရှင်ဆရာကြီးမယ်ကင်းက အောက်ပါတေးထပ်ဖြင့် အကြောင်းပြန်လိုက်သည်ဟု ဆိုပါသည်

ဘိက္ခူ နီဆရာကင်းက တဏှာကွင်းပစ်ပယ်
ဗလာကျင်းခေတ်နှယ် ချစ်စဖွယ်ဟန်နွဲ့
ဂူမွေ့လို့ လူတွေ့ရှောင်တယ်
မြူ ရွေ့တောင် အားသစ်လို့ခဲ
ကမ္မဋ္ဌာန်းနှင့် မဂ်လမ်းချူ တယ်
တက်လမ်းမူ တနဲ
မထိတ်သာ စိတ်ရဲလို့ မိတ်ဖေါ်လဲမပါ
ဘာဝနာ ဘိညာဉ်ကွန် တိမ်ယာဉ်ညွန့် စီးတော့မည့်ခါ
ပုတီးနှင့် အပြီးပါတယ် မညည်းရာ ဈာန်ရိပ်နှင့်
ပန်စိတ်တဲ့ သီလသယ် ထူးတဲ့အံ့ဘွယ်
တောခလို့ လောဘပယ်တယ်
မောဟကွယ် ရှိဘူးထင့်လေး …

ဆရာကင်း၏အထက်ပါတေးထပ်ကို ဗန်းမော်ဆရာတော်တွေ့သောအခါတွင် အောက်ပါအတိုင်း ပြန်လည်ချေပ ၍ ရေးလိုက်သည်ဟုဆိုပါသည်

ဘိက္ခူ နီဆရာကင်းက တဏှာကွင်းစွတ်ဖယ်
ဗလာကျင်း ၀တ်ထည်ကို ချွတ်မယ်လို့ ကုန်ဖွင့်
ကူပွေ့လို့ လူတွေ့ခံတယ်
မြူ ရွေ့ဟန် ဆိုတဲ့ အကျင့်
ပြာတဆုပ်နှင့် မဂ်သုတ်သင်တယ်
စက်ဆုပ်ချင်သထင့်
မန်းသေလာ တောင်မြင့်မှ ဖေါ်မလင့် ဧကစာ
လင်မြှော်ခါ ဖန်ရည်ရိပ်ကယ်နှင့်
ကြံစည်စိတ် များလှတော့တာ
ပုတီးသုံးလို့ လူပုန်းရှာတယ်
သူနုံးခါ ငြိမ်သက်နှင့်
ကြံရက်တဲ့ သီလသယ် ထူးပေ့အံ့ဘွယ်
လောဘနှင့် မောဟတွယ်သည်
တောခတယ် မယ်ကင်းတဲ့လေး …

ဟူ၍ ဗန်းမော်ဆရာတော် မှ ပြန်လည် ချေပ လိုက်ပါသည်

image

ဗန်းမော်ဆရာတော်နှင့် သီလရှင်ဆရာကြီးမယ်ကင်းတို့ ၏ ငယ်ရွယ်စဉ်အခါက ရေးသားခဲ့သည့် အထက်ပါတးထပ် တို့သည်ပင်လျင် ဆရာကြီးနှစ်ပါး၏ ကလောင်စွမ်းထက်ပုံ ကိုထင်ရှားစွာတွေ့မြင်နိုင်ပါသည်

@mamamyanmar

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks , your supported . I am ever used esteem app.

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 61434.10
ETH 2474.37
USDT 1.00
SBD 2.64