အမုန်းမဲ့ ချစ်ခြင်း(၂)steemCreated with Sketch.

in #myanmar8 years ago (edited)

FB_IMG_1484498227222-picsay.jpg

အမုန်းမဲ့ ချစ်ခြင်း(၂)
❇❇❇❇❇❇❇❇

image
Credit to google image

ဆရာကောင်းသော်၏ ဆုံးမမှုပြီးသည့်အချိန်မှစ၍ မောင်အောင်၏ အပြုအမူများမှာ ယခင်ကနှင့် မတူတော့ဘဲ လုံးဝပြောင်းလဲသွားသည်။ စ,နောက်တတ်သည့်အပြုအမူများ လုံးဝမပြုလုပ်တော့သည့်အပြင် အပြောအဆို၊ အပြုပုံစံများတွင် တည်တည်ငြိမ်ငြိမ် ဖြစ်လာသည်။ ဆရာကောင်းသော်နှင့် ဆက်ဆံရာတွင်လည်း သတိထားဆက်ဆံသည့်ပုံစံ ပြောင်းလဲသွားသည်။ လူငယ်အချင်းချင်း လွတ်လပ်ပျော်ရွှင်စွာ ဆော့ကစားသည့် အချိန်များတွင်တော့ သူ့အကျင့်ဟောင်း ပြန်မပေါ်လာစေရန် သူကြိုးစားထိန်းချုပ်နေရသည်။

ဆရာကောင်းသော်ကလည်း ကြုံရင်ကြုံသလို မောင်အောင်နှင့် စကားစမြည်ပြောပေးသည်။ အစပိုင်းတွင် ဆရာကောင်းသော်အပေါ် သူအမြင်မကြည်လင်ဘဲ စိတ်ခုနေခဲ့သည်။ သို့သော် နေ့ရက်များ ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း ဆရာ့စေတနာကို သူနားလည်လာသည်။ သူ့အပြုအမူများ ပြောင်းလဲလာမှုကြောင့်ပင် အခြားသော ကျောင်းသား/သူများက သူ့အပေါ် ယုံကြည်စိတ်ချလာကြသည်။ နဂိုတုန်းက သူရှိနေလျှင် စိတ်မချဘူးပြောကြသည့် သူငယ်ချင်းများသည်ပင်လျှင် သူရှိနေလျှင် ပစ္စည်းတွေပျောက်မှာ မဟုတ်ဘူးဆိုသည့် ယုံကြည်ချက်မျိုး ဖြစ်လာကြသည်။

ဆရာကောင်းသော် တစ်ယောက်ကတော့ မောင်အောင်၏ ကောင်းသောပြောင်းလဲခြင်းများကို မြင်တွေ့နေရ၍ ကျေနပ်နေသည်။ သူအမုန်းခံရကျိုးနပ်ပေသည်။ သူ့စေတနာကို နားလည်သဘောပေါက်လာသည်ကို ကြည်နူးပီတိဖြစ်ရသည်။ မှားယွင်းနေသည့် အမူအကျင့်တစ်ခုကို ပြုပြင်ထိန်းသိမ်းပေးနိုင်ခဲ့သည်ကို ဝမ်းသာမဆုံးခဲ့ပေ။ မောင်အောင်မှာ အခြားချို့ယွင်းချက်များမရှိပေ။ စာကြိုးစားသည်။ ဥာဏ်ကောင်းသည်။ စာအတွက်ပတ်သက်၍ စိုးရိမ်စရာမရှိ။ နောင်နှစ်ဆိုလျှင် မောင်အောင်တစ်ယောက် ဆယ်တန်းရောက်ပေတော့မည်။

မောင်အောင် ဆယ်တန်းရောက်သည့်နှစ်တွင် ဆရာကောင်းသော်တစ်ယောက် ရာထူးတိုးဖြင့် အခြားအရပ်ဒေသတစ်ခုသို့ ပြောင်းရွှေ့ခဲ့ရသည်။ မောင်အောင်နှင့် ဝေးကွာခဲ့ရသည်။ သို့သော် မောင်အောင့်သတင်းကိုတော့ ဆရာကောင်းသော် အမြဲမပြတ်စုံစမ်းမေးမြန်းခဲ့ပေသည်။ သူကြားရသည့် သတင်းတိုင်းမှာ သူ့အတွက် ပီတိအပြုံးဖြစ်စေသည့် သတင်းများသာ။ မောင်အောင်တစ်ယောက် ဆယ်တန်းကို ထူးချွန်စွာအောင်မြင်ခဲ့၍ သက်မွေးပညာရပ်ဆိုင်ရာ တက္ကသိုလ်တစ်ခုတွင် တက်ရောက်ခွင့် ရရှိခဲ့သည်။

ဥတုရာသီ အလီလီပြောင်းလဲခဲ့ပေပြီ။ ဆရာကောင်းသော်တစ်ယောက်လည်း ပညာရေးဌာနမှ သက်ပြည့်ပင်စင်ရယူခဲ့သည်။ ယခု မောင်အောင်ထံမှ မင်္ဂလာဆောင်ဖိတ်စာရမှပင် မောင်အောင့်ကို သူတွေ့ချင်လာသည်။ ဖိတ်စာထဲမှ မောင်အောင်၏ ဘဝလက်တွဲဖော်မှာလည်း မောင်အောင့်လိုပင် ပညာတတ်အသိုင်းအဝိုင်းပင်ဖြစ်ပေသည်။ သြော်...သူတို့လေးတွေတောင် အိမ်ထောင်ကျလို့ ဘဝကို ရဲရဲဝင့်ဝင့် ရင်ဆိုင်ဖြတ်သန်းကြတော့မည်။

မင်္ဂလာဆောင်နေ့သို့ ရောက်ရှိလာပေပြီ။ ဆရာကောင်းသော်တစ်ယောက် စက်ဘီးအိုလေးကို ထုတ်၍ မင်္ဂလာပွဲသွားရန် တက်ကြွနေသည်။ စက်ဘီးကို ဖြည်းဖြည်းမှန်မှန် စီးနင်းလျက် ခန်းမရှေ့ရောက်လာခဲ့သည်။ လူကုံထံအသိုင်းအဝိုင်းများ ဖြစ်ကြ၍ ရောင်စုံကားလှလှလေးများ တွေ့မြင်နေရသည်။ ဝတ်ကောင်းစားလှ လူကြီးမင်းများကလည်း တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးချစ်ခင်စွာ စကားစမည်ပြောဆိုကြလျက် ခန်းမအတွင်း ဝင်ရောက်သွားကြသည်။ ဆရာကောင်းသော်တစ်ယောက် သူ့စက်ဘီးအိုလေးကို သင့်တော်သော် ထောင့်တစ်နေရာတွင် ရပ်ထားလိုက်၍ ခန်းမဆီသို့ ဦးတည်လျောက်လှမ်းသွားလိုက်သည်။

image
Credit to google image

သူ့လို ပင်စင်စားအဖိုးအို တစ်ယောက်ကို ခရီးဦးကြိုမယ့်သူ မရှိပေ။ သို့သော် ဆရာကောင်းသော် ဂရုမထားဘဲ ခန်းမအတွင်းသို့ ဝင်ရောက်သွားသည်။ ခန်းမအတွင်းသို့ရောက်သော် သတို့သားမောင်အောင်၏ ဖခင်ဖြစ်သူက ဆရာကောင်းသော်ကို မြင်လိုက်သဖြင့် အပြေးအလွှားရောက်လာ၍ ခရီးဦးကြိုနှုတ်ဆက်လေသည်။ ထို့နောက် ဧည့်သည်တော်များကြားမှ ဖြတ်သန်း၍ ရှေ့ဆုံးရှိ ကန်တော့ခံစင်မြင့်အပေါ် ခေါ်ဆောင်သွားသည်။

ထိုနေရာရောက်မှ ဆရာကောင်းသော် ခန်းမတစ်ခုလုံးကို လိုက်လံကြည့်ရှုမိသည်။ တစ်နေရာသို့ရောက်သော် သတို့သားမောင်အောင်နှင့် သတို့သမီးတို့မှာ ဧည့်သည်အချို့နှင့် စကားလက်ဆုံကြနေကြသည်ကို တွေ့လိုက်ရသည်။ ခဏကြာသော် သတို့သားနှင့်သတို့သမီးတို့ ဆရာကောင်းသော်ထံသို့ ရောက်ရှိလာသည်။ မောင်အောင်မှ ဆရာကောင်းသော်ကို ဝမ်းသာအားရနှုတ်ဆက်၍ ဇနီးမောင်နှံစုံတွဲ ကန်တော့ကြသည်။ ထို့နောက် ရှေးဟောင်းနှောင်းဖြစ်များကို ဝမ်းသာကြည်နူးစွာ ပြောဆိုကြပေသည်။ ငယ်စဉ်ကဆုံးမပေးခဲ့သည့် ကျေးဇူးတရားတို့ကို ပြန်လည်ပြောဆိုကြသည်။ ငယ်ရွယ်စဉ်အချိန်က အထင်အမြင်လွဲခဲ့မှုများကိုလည်း ခွင့်လွှတ်ပေးပါရန် တောင်းပန်သည်။

ဆရာကောင်းသော်၏ ရင်ထဲတွင် ကြည်းနူးပီတိဖြစ်လှသည်။ မောင်အောင်တစ်ယောက် ထူးချွန်ထက်မြက်သည့် သားကောင်းရတနာ ဖြစ်လာပေပြီ။ သူဆုံးမပဲ့ပြင်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူသည်။ ဆရာဆိုသည်မှာ တပည့်တွေအပေါ်တွင် အမုန်းတရားဆိုသည်မှာ လုံးဝမရှိကြောင်း၊ ချစ်ခြင်းများဖြင့်သာ ဆုံးမသွန်သင်ပေးခဲ့ကြောင်း သူ မောင်အောင့်ကို ပြောပြဖြစ်ခဲ့သည်။ တနည်းအားဖြင့် တစ်စုံတစ်ယောက်၏ အကျိုးစီးပွားအတွက် အမုန်းတရားမဖက် ချစ်ခြင်းသက်သက်ဖြင့် ပုခုံးထမ်း မ,တင်ပေးသော လူတစ်ယောက်အနေဖြင့် သူတစ်သက်လုံး ဂုဏ်ယူဝံ့ကြွားသွားမည်သာ ဖြစ်ပေတော့သည်။

ဖတ်ရှုပေးသည့်အတွက် ကျေးဇူးပါ။

@mgmgkse

Sort:  

Resteemed your article. This article was resteemed because you are part of the New Steemians project. You can learn more about it here: https://steemit.com/introduceyourself/@gaman/new-steemians-project-launch

ဆရာကောင်းများအားဒီကနေပြီးရှိခိုးကန်တော့လိုက်ပါတယ်ဗျာ

ဟုတ်

@cmtzco has voted on behalf of @minnowpond. If you would like to recieve upvotes from minnowpond on all your posts, simply FOLLOW @minnowpond

Good post ဖတ်​လို့​ကောင်းပါတယ်

ဟုတ်ကဲ့

ဆရာများ၏ ကျေးဇူးကို အစဉ်လေးစား သတိရလျက်ပါ ဆရာမောင်းခင်ဗျာ ခုလိုထပ်မံ သတိပေးသည့်အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျား

ကျေးဇူး

intersting post for me.

Thanks for the perfect post!

Thanks a lot

@minnowpond1 has voted on behalf of @minnowpond. If you would like to recieve upvotes from minnowpond on all your posts, simply FOLLOW @minnowpond. To be Resteemed to 4k+ followers and upvoted heavier send 0.25SBD to @minnowpond with your posts url as the memo

ဆရာဆိုသည်မှာ တပည့်တွေအပေါ်တွင် အမုန်းတရားဆိုသည်မှာ လုံးဝမရှိကြောင်း၊ ချစ်ခြင်းများဖြင့်သာ ဆုံးမသွန်သင်ပေးခဲ့ကြောင်း 👍👍👍👍 really nice post

ကျေးဇူး