ဆရာတစ်ယောက်၏ ခံစားမှုများ(၁၁)
ဆရာတစ်ယောက်၏ ခံစားမှုများ(၁၁)
❇❇❇❇❇❇❇❇❇❇❇❇❇❇❇
ကျောင်းသူလေး ဘယ်အချိန်မှာ ကိုယ့်ကိုကိုယ် အဆိပ်သောက်ပြီး အဆုံးစီရင်ဖို့ ကြိုးစားခဲ့တာပါလဲ။
အရင်ဆုံး ဆရာမတွေနေထိုင်ရတဲ့ အဆောင်ရဲ့ တည်နေရာကို အရင်ဖော်ပြပါမယ်။ ဆရာမတွေနေတဲ့ အဆောင်က မြောက်ရွာနဲ့ ကျောင်းကြီးရဲ့ကြားမှာ တည်ရှိပါတယ်။ ရွာနဲ့ဆိုရင်တော့ ခဲတစ်ပစ်စာလောက်ပဲဝေးပါတယ်။ ဒါပေမယ့် ကျောင်းနဲ့ဆိုရင်တော့ နည်းနည်းလှမ်းပါတယ်။ အဆောင်နဲ့ကျောင်းကြားမှာ သီးနှံစိုက်ခင်းတွေရှိပါတယ်။ အဲဒီစိုက်ခင်းတွေကြားကမှ လူသွားလမ်းလေးအတိုင်း ကျောင်းကိုသွားရတာပါ။
ကျောင်းသူလေးဟာ ပိုးသတ်ဆေးကို မူလတန်းကလေးတစ်ယောက်ကို ယူခိုင်းခဲ့တယ်လို့ဆိုပါတယ်။ ဆရာမတွေက အသုံးပြုဖို့ဆိုပြီး ယူခိုင်းခဲ့တာဆိုပါတယ်။ ဆရာမတွေအဆောင်မှာလည်း ပန်းအလှပင်တွေ စိုက်ပျိုးထားတာတွေရှိပါတယ်။ အရင်တုန်းကလည်း အဲဒီလိုယူခိုင်းခဲ့တာတွေ ရှိခဲ့ဖူးပါတယ်။ ယူပေးခဲ့တဲ့ ကလေးကလည်း မစဉ်းစားနိုင်တဲ့အရွယ်ဆိုတော့ ယူပေးခဲ့ပါတယ်။ ညနေခင်းကျောင်းဆင်းချိန်လောက်ဖြစ်ပါတယ်။ အဲဒီကျောင်းဆင်းချိန်ဟာ ကျောင်းမှာ ဆယ်တန်းတွေက အချိန်ပိုရှိပါတယ်။ ကျောင်းသူလေးကိုတော့ အချိန်ပိုမတက်ခိုင်းပဲ အဆောင်မှာ ထမင်းဟင်းချက်တဲ့ ဆရာမတွေကို ကူညီလုပ်ကိုင်ပေးဖို့ ပြန်ထည့်လွှတ်လိုက်တာပါ။
ပိုးသတ်ဆေးဗူးကတော့ သပ်သပ်ခွဲထည့်လာတယ်ထင်ပါတယ်။ ဗူးသေးသေးလေးပါ။ ဒါကြောင့်လည်း အလွယ်တကူ ဖွက်ထားလို့ရခဲ့ပါတယ်။ ကျောင်းသူလေးကလည်း ပုံမှန်အတိုင်းလိုပဲ ပြောဆိုပြုမူနေတာကြောင့် ဆရာမတွေကလည်း မရိပ်မိခဲ့ကြပါဘူး။ စာမေးပွဲကလည်း တစ်လကျော်ကျော်လောက်ပဲ လိုတော့တာပါ။ အမှတ်ကောင်းကောင်းနဲ့ ဆယ်တန်းအောင်သွားရင် ဘယ်တက္ကသိုလ်တွေ တက်လို့ရတယ်၊ တက္ကသိုလ်တက်ရင် ဘယ်လောက်ပျော်စရာကောင်းတယ်ဆိုပြီး ပြောပြတဲ့ အချိန်တုန်းက ကျောင်းသူလေးက စိတ်ဝင်တစားနားထောင်နေခဲ့တာပါ။ ကျွန်တော်တောင်မှ စိတ်ချရပြီလို့ ယူဆခဲ့တာပါ။
အဲဒီနေ့က မှတ်မှတ်ရရ သောကြာနေ့ပါ။ စနေ၊တနဂါင်္နွေ ကျောင်းပိတ်ရက်ဆိုရင် ကျွန်တော်က မြို့ကိုပြန်လေ့ရှိပါတယ်။ တပတ်စာရိက္ခာဝယ်ရင်း မြို့ပေါ်မှာ စာသင်ချိန်တွေ ဝင်ပေးနေရတာပါ။ ဒီတပည့်မလေး အဆိပ်သောက်တဲ့အချိန်တုန်းကလည်း ကျွန်တော်ရှိမနေခဲ့ပါဘူး။
ကျောင်းသူလေး အဆိပ်သောက်တဲ့အချိန်ဟာ ည ရှစ်နာရီလောက်လို့ပြောကြပါတယ်။ ဆရာမတွေက ထမင်းစားရအောင်လို့ခေါ်တာကို မစားချင်သေးဘူးဆိုပြီး အဆောင်ရှေ့က ပန်းပင်ခြုံအောက်မှာ စာကျက်နေပါတယ်။ သူ့ဘေးမှာလည်း ကိုးတန်းက ကောင်မလေးတစ်ယောက် အတူရှိနေပါတယ်။ ဘယ်အချိန်သောက်လိုက်မှန်းကို အဲဒီကိုးတန်းကလေးမ မသိလိုက်ပါ။ ကျောင်းသူလေး လဲကျသွားပြီး ပါးစပ်ကနေ အမြှုပ်တွေထွက်လာတဲ့ အချိန်ကျမှ မျက်လုံးပြူးမျက်ဆန်ပြူးနဲ့ ဆရာမတွေကို အော်ခေါ်ပါတယ်။ ဆရာမတွေရော ကျန်တဲ့ကလေးတွေရော အကုန်ပြေးထွက်လာကြပါတယ်။
မြွေပေါတဲ့ အရပ်ဒေသဖြစ်ပေမယ့်လို့ မြင်ရတဲ့အနေအထားက အဆိပ်သောက်လိုက်မှန်း သိသာပါတယ်။ ဆေးမှူးကို ဖုန်းဆက်ခေါ်ကြပါတယ်။ လူ့အသက်နဲ့ သက်ဆိုင်နေတာမို့ ဆရာမတွေလည်း အရမ်းကို တုန်လှုပ်နေကြပါတယ်။ သူတို့ခေါင်းပေါ်လည်း ပြဿနာအကြီးအကျယ်ရောက်လာနိုင်တဲ့ ကိစ္စကြီးတစ်ခုပါ။ ကျောင်းအုပ်ကြီးအပါအဝင် ဆရာတွေအားလုံးကလည်း အဲဒီအချိန်မှာ တစ်ယောက်မှ မရှိကြပါ။ ဆေးမှူးက အရင်ဆုံး အန်အောင်လုပ်တယ်လို့ပြောကြပါတယ်။ ပြီးမှ မြို့ပေါ်ဆေးရုံကို ပို့ဆောင်ကြပါတယ်။
ကျောင်းသူလေး ကံကောင်းပါတယ်။ အသက်မသေခဲ့ပါဘူး။ ဆရာ/မတွေကတော့ အတော်လေးအလုပ်ရှုပ်သွားခဲ့ပါတယ်။ ပညာရေးဌာနအပါအဝင် ရဲစခန်းကိစ္စတွေပါ ဖြေရှင်းခဲ့ရပါတယ်။ ဒါပေမယ့် သူတို့အားလုံး ကျောင်းသူလေး အသက်ရှင်ခဲ့တာကိုပဲ ဝမ်းသာမဆုံးဖြစ်နေကြတာပါ။ သောက်တဲ့ ပိုးသတ်ဆေးပမာဏနည်းတာရယ်၊ အချိန်မှီဆောင်ရွက်နိုင်ခဲ့တာရယ်ကြောင့် ဖြစ်နိုင်ပါတယ်။
ဆေးရုံကဆင်းပြီးနောက် ကျောင်းသူလေး ကျောင်းဆက်မတတ်တော့ပါဘူး။ ရန်ကုန်မှာရှိတဲ့ သူ့အမေဖက်က အမျိုးတွေက လာခေါ်သွားကြပါတယ်။ အဲဒီနှစ်က သူ စာမေးပွဲဝင်မဖြေခဲ့ပါ။ နောက်နှစ်ကျမှ ရန်ကုန်ကနေဖြေတာ ဂုဏ်ထူးတစ်ဘာသာနဲ့ အောင်မြင်ခဲ့ပါတယ်။ အခုတော့လည်း တက္ကသိုလ်တစ်ခုမှာ တက္ကသိုလ်ကျောင်းသူတစ်ယောက်အနေနဲ့ ပျော်ရွှင်စွာဖြတ်သန်းနေတယ်လို့ ကြားသိရပါတယ်။ ပိုပြီးဝမ်းသာစရာကောင်းတာက သူ့ဖခင်နဲ့မိခင် ပြန်ပေါင်းထုပ်သွားခဲ့တာပါပဲ။ ကျောင်းသူလေးဟာ ကျောင်းပိတ်ရက်တွေမှာ ရွာကိုပြန်လာပြီး အဖေနဲ့အမေ့ဆီမှာ အတူနေထိုင်ကြတယ်လို့ သိရပါတယ်။
ကြားဖူးကြမယ်ထင်ပါတယ်။ Life is a struggle. ဘဝဆိုတာ တိုက်ပွဲတစ်ခုပါပဲ။ ပျော်ရွှင်ဝမ်းသာစရာတွေတင် ရှိနေမှာ မဟုတ်ပါဘူး။ ဝမ်းနည်းကြေကွဲ၊ စိတ်ပျက်စရာတွေလည်း ကြုံတွေ့ရနိုင်တာပါပဲ။ အရေးကြီးတာက ပျော်စရာပဲဖြစ်ဖြစ်၊ ဝမ်းနည်းစရာပဲဖြစ်ဖြစ် ကြံကြံခံပြီး စိတ်ဓာတ်ခွန်အားအပြည့်နဲ့ ရင်ဆိုင်ကျော်ဖြတ်ရမှာပါပဲ မဟုတ်ပါလားဗျာ...
ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးပါ။





Well crafted.
Nice
Say something sir
Waiting yr reply
This post has received a 3.92 % upvote from @booster thanks to: @mgmgkse.
good done
Thanks
သနားစရာပါလား
ဟုတ် bro
သနားစရာ ကလေးတွေ။
ဟုတ်ပါတယ် ဆာဘို
Resteemed your article. This article was resteemed because you are part of the New Steemians project. You can learn more about it here: https://steemit.com/introduceyourself/@gaman/new-steemians-project-launch
I hope I could understand not I can't
It's written about my pupil who was almost die of pesticide. Fortunately, she didn't die. Thanks for your support.
ကောင်းတယ်လို့ပြောတော့ပါဘူးဗျာ ဖတ်သူတွေအားလုံးသိကြပါတယ်
Thanks
Good bro
ကျေးဇူး