စိတ်ထား နှင့် ခံယူချက်

in #myanmar8 years ago

FB_IMG_1484498227222-picsay.jpg

စိတ်ထား နှင့် ခံယူချက်

တစ်ချို့သော ကျောင်းသားတွေ..

ကျူရှင်တစ်ရက်လောက် ပိတ်ပေးလိုက်ရင် တစ်ပတ်လောက်နေပြီးမှ ပြန်ရောက်လာကြတယ်..

ဒေသအလိုက် ပွဲတော်ရက်တွေဆိုရင် သူတို့မှမပါရင် ပွဲမဖြစ်တော့မယ့်အတိုင်း ပြန်ချင်လိုက်ကြတာ..

မပြန်ရမှာကြောက်တော့ ကတိတွေ ခပ်လွယ်လွယ်ပေးကြ..

စာကျက်ရင် ညကိုးနာရီလောက်ဆိုရင် ငိုက်နေပြီ..

ပျော်ပွဲရွှင်ပွဲကျတော့ စိတ်ရောကိုယ်ပါ အားသွန်ခွန်စိုက်..

ညလုံးပေါက်လား၊ သုံးညဆက်တိုက်လား..

အဲဒီလိုအချိန် နေမကောင်းဖြစ်သံတွေ လုံးဝမကြားရ..

ကျူရှင်ပြန်တက်ရတော့မယ့်အချိန်ကျ ပွဲကိုက်ကုန်ကြပြီ..

မိဘတစ်ချို့ကလည်း အတွေးအခေါ် အားနည်းလွန်းပါတယ်..

စိတ်ထားမမှန်၊ ခံယူချက်မရှိ၊ ရည်မှန်းချက်မထား..

တစ်ခါတစ်လေတော့လည်း ဥပေက္ခာဆိုတဲ့စကား ခေါင်းထဲမှာ ဖျတ်ခနဲဝင်လာသလိုပင်။

@mgmgkse
MSC-011

Sort:  

နားလည်ပေးလိုက်ပါ ဆရာရယ် ဘဝသိသွားရင် ဒါမျိုးမလုပ်တော့ပါဘူး။ ပညာရှာတဲ့နေရာမှာ မဟုတ်ဘူး နေရာတိုင်း နေတတ်သွားမှာပါ။ ကိုယ့် ဘဝသာ သိပါစေ။

ဟုတ်ကဲ့၊ ကျေးဇူးပါ။

အင်း…