သားဆိုးသမီးမိုက်
သားဆိုးသမီးမိုက်
❇❇❇❇❇❇❇❇
ဆောင်းပါးမရေးမီ အနည်းငယ် ရင်ဖွင့်ပါရစေ။ ယခုဆောင်းပါးကို ရေးသားရန် လွန်ခဲ့သော တစ်လလောက်ကတည်းက စတင်၍ စဉ်းစားခဲ့ပါသည်။ ဆောင်းပါးတွင် ပါဝင်သည့် သားဆိုးမှာ ကျွန်တော့်အစ်ကိုဖြစ်၍ သမီးမိုက်မှာ ကျွန်တော့်အစ်မဖြစ်ပါသည်။ အစ်ကိုဖြစ်သူမှာ နိုင်ငံတော် အကြီးအကဲ၏ အိမ်တော်လုံခြုံရေးတစ်ယောက် ဖြစ်သော်လည်း မိခင်ဖခင်အတွက် သားကောင်းတစ်ယောက် ဖြစ်မလာခဲ့ပါ။ ထို့အတူ အလုပ်လက်မဲ့ အတူနေ အစ်မဖြစ်သူမှာလည်း မိဘများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေသည့် လုပ်ဆောင်ချက်များဖြင့် သမီးကောင်းတစ်ယောက် ဖြစ်လာခြင်းမရှိခဲ့ပါ။ ၎င်းတို့၏ မိဘကျေးဇူးမသိတတ်မှုများကို ဖော်ပြရန်မှာ personal case များထည့်သွင်း ရေးသားဖော်ပြမှ ပြည့်စုံမည်ဖြစ်သဖြင့် ကျွန်တော်အချိန်ယူ စဉ်းစားခဲ့ရသည်။ အိမ်တွင်းမီးကိုလည်း အပြင်ကို မထုတ်ချင်ခဲ့ပါ။ ကိုယ့်ပေါင်ကိုယ် လှန်ထောင်းရမည့်ကိစ္စလည်း ဖြစ်သဖြင့် ဤ၍ဤမျှလောက်သာ ဖော်ပြလိုက်ရပါသည်။ မိဘနှင့်သားသမီး ဆက်နွယ်မှု ဆောင်းပါးကို ဆက်လက်ဖတ်ရှု့ပေးကြပါဦးခင်ဗျာ။
Credit to google image
သားသမီးဆိုသည်မှာလည်း နောင်တစ်ချိန်တွင် မိဘနေရာရောက်ရှိလာမည့်သူများပင် ဖြစ်ကြပေသည်။ ထို့ကြောင့် သားသမီးများအနေဖြင့် သတိပြုဆင်ခြင်သင့်သည့် အကြောင်းအရာလေးတွေကို ပြောပြချင်မိပါသည်။
မိဘဝတ္တရားအချို့ ပျက်ကွက်မှုရှိသော မိဘများလည်း ရှိနေနိုင်ပါသည်။ သို့သော် မိဘသည် မိဘပင်ဖြစ်ပါသည်။ မည်သို့သော ချို့ယွင်းချက်များရှိစေကာမူ မိမိကို လူ့လောကအတွင်း ရောက်ရှိလာစေခြင်းတစ်ခုတည်းနှင့်ပင် မိဘတို့၏ ကျေးဇူးတရားမှာ ဆပ်၍မကုန်နိင်ပါ။ ထိုအကြောင်းကို မန်လည်ဆရာတော်ကြီးမှ "မိကိုလက်ျာ၊ ဖမှာလက်ဝဲ၊ အမြဲထမ်းလျက်၊ ပခုံးထက်တွင်၊ သို့ပင်နိစ္စ၊ လုပ်ကျွေးကြလည်း၊ ရှေးကပြုဖူး၊ မွေးကျေးဇူးကို၊ အထူးမြဲခိုင်၊ မဆပ်နိုင်တည်း။" ဟူ၍ မိဘတို့၏ကျေးဇူးတရားကို ဖော်ကျူးရေးစပ်ထားပေသည်။ သို့သော်လည်း မိမိတို့ ကျင်လည်ရာဝန်းကျင်တွင် မိဘတို့၏ ချို့ယွင်းအားနည်းမှုတစ်ခုကို အကြောင်းပြပြီး ကျေးဇူးတရား မသိတတ်သူများ ရှိနေသည်ကို မြင်တွေ့ကြားသိနေရသည်မှာ စိတ်မချမ်းမြေ့ဖွယ်ဖြစ်ရသည်။
မိဘများ သားသမီးများအတွက် မျက်ရည်ကျရသည့် အကြောင်းအရင်း နှစ်ခုရှိပါသည်။ ပထမတစ်ခုမှာ သားသမီးအတွက် ပျော်ရွှင်လွန်း၍၊ ဝမ်းသာလွန်း၍ ကျသောမျက်ရည်ဖြစ်ပါသည်။ ဒုတိယတစ်မျိုးမှာ သားသမီးအတွက် ဝမ်းနည်းလွန်း၍၊ စိတ်ထိခိုက်၍ ကျသောမျက်ရည်ဖြစ်ပါသည်။ မိမိအတွက်ကြောင့် မိဘများကို ဝမ်းနည်းမျက်ရည်ကျစေမည့် အပြုအမူမျိုး၊ အပြောအဆိုမျိုးကို သိတတ်လိမ္မာသည့် သားသမီးမျိုးက လုပ်ဆောင်လေ့ မရှိကြပါ။ သားဆိုးသမီးမိုက်များကသာ လုပ်ဆောင်လေ့ ရှိကြပါသည်။ မိဘတို့၏ ၎င်းတို့အပေါ် ထားရှိသော ကြီးမားသည့် မေတ္တာတရားကို အလွဲသုံးစားပြုလုပ်ကြခြင်းပင် ဖြစ်သည်။ အလိုလိုက်၊ အမိုက်စော်ကားကြခြင်းဖြစ်သည်။
Credit to google image
ဓမ္မသတ် သုံးဆယ့်ခြောက်စောင်တွဲတွင် "မိဘကျေးဇူး၊ မသိမမြင်၊ သားသမီးဝတ္တရား မကျေပွန်ရာ၊ မိမိ လောဘ မောဟ ဒေါသ လက်ကိုင်ထား၍၊ အသိအမှောင် တလင်းပြောင်သို့၊ မိဘဆင်းရဲ ငတ်မွတ်ဘေးသို့၊ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲကား၊ စွမ်းဆောင်နိုင်ပေ သည်သားသမီး၊ အမည်နာမ သွာနတ္တသား၊ ခွေသားလူမိုက် ဘွဲ့ဂုဏ်ထူးနှင့်၊ ချီးမြှင့်အပ်ပေသည်။" ဟူ၍ ခွေးနှင့်တူသော သားသမီးအကြောင်း ပြဆိုထားပေသည်။ ကျွန်တော့်အမြင်ပြောရလျှင် ခွေးနှင့်ပင် မနှိုင်းယှဉ်သင့်ပါ။ ယနေ့ ကလေးများပြောဆိုနေကြသော ခေတ်စကားနှင့်ပြောလျှင် ခွေးသိက္ခာကျပါသည်။ အဟိတ်တိရစ္ဆာန်ပင်ဖြစ်သော ခွေးသည်ပင်လျှင် ၎င်းတို့ကို ကျွေးမွေးဖူးသော ကျေးဇူးရှင်၏ လက်ကို ပြန်မကိုက်ပါ။ ထို့အပြင် ကျေးဇူးရှင် အရှင်သခင်တို့အပေါ်တွင် သစ္စာအပြည့်ရှိသည်။ ကာကွယ်စောင့်ရှောက်မှု ပေးပါသည်။ ကျေးဇူးမသိတတ်သည့်၊ ကျေးဇူးကန်းတတ်သည့် သားဆိုးသမီးမိုက်များမှာမူ မိဘတို့၏ မျက်ရည်ပေါက်ကြီးငယ်ကျနေရင်လည်း နောင်တရကြသည့်သူများ မဟုတ်ကြပါ။ ထို့ကြောင့်ပင် ခွေးသိက္ခာကျသည်ဟု ပြောဆိုရခြင်း ဖြစ်ပါသည်။
Credit to google image
အကြောင်းတိုက်ဆိုင်သဖြင့် ဖတ်မှတ်ထားသည့် ဗဟုသုတတစ်ခုကိုလည်း မျှဝေပေးချင်ပါသည်။ ငါးမျိးစိတ်များစွာအနက် Chum salmon ဟုခေါ်သော ငါးမျိးစိတ်တစ်ခုအကြောင်း ဖြစ်ပါသည်။ ၎င်းငါးမျိးစိတ်ရှိ ငါးမများသည် ဥ,ဥပြီးလျှင်ပြီးခြင်း အခြားနေရာများကို သွားလာခြင်းမရှိတော့ဘဲ ၎င်းဥများရှိသည့် နေရာတဝိုက်တွင်သာ ကျင်လည်ကျက်စားရင်း ဥများကို စောင့်ရှောက်ကြသည်။ ဥမှ ငါးကလေးများပေါက်လာလျှင် အစာမရှာဖွေတတ်သေးသဖြင့် မိခင်၏ အသားကို ဖဲ့စားကြသည်။ မိခင်ငါးမသည် ငါးကလေးများ၏ ကိုက်ဖဲ့စားသောက်ခြင်းကို ခံရသော်လည်း ထွက်သွားခြင်းမရှိဘဲ ငါးကလေးများ ရှာဖွေစားသောက်နိုင်သည့်အရွယ်ရောက်သည့်တိုင်အောင် သူ့ခန္ဓာကိုယ်ကို သားသမီးများအတွက် စွန့်လွှတ်ပေးပါသည်။ ငါးကလေးများ အရွယ်ရောက်လာချိန်မှာတော့ မိခင်ငါးမမှာ အရိုးသာကျန်ပါတော့သည်။ မိဘမေတ္တာတရားကို အပြည့်အဝ ဖော်ဆောင်သွားခြင်းပင် ဖြစ်ပါသည်။
ထို့ကြောင့် အမိအဖတို့၏ ပြုစုယုယမှု၊ ထိန်းသိမ်းစောက်ရှောက်မှုအောက်တွင် ကြီးပြင်းအရွယ်ရောက်၊ လူလားမြောက်ခဲ့ကြသော သားသမီးများအတွက် မိဘတို့၏ကျေးဇူးသည် အမွန်မြတ်ဆုံးဖြစ်သလို အမြဲတမ်း ဦးထိပ်တင်ထားရမှာလည်း ဖြစ်ပါသည်။ ထို့အတူ မိဘကျေးဇူးကို အထူးတလည် ပြန်လည်သိတတ်ရမှာ ဖြစ်ပါကြောင်း ဆရာကြီး မင်းသုဝဏ်၏ ကဗျာတစ်ပုဒ်ဖြင့် နိဂုံးချုပ်လိုက်ရပါသည်။
"မိခင်၊ဖခင် ကျေးဇူးရှင်ကို
ကြင်ကြင်နာနာ၊ ပြုစုပါက၊
ဒေဝါအများ၊ နတ်သိကြားတို့
မခြားနေ့ည၊ စောင့်ရှောက်ကြ၏။
မိခင်၊ဖခင် ကျေးဇူးရှင်ကို
ချစ်ခင်ကြည်ဖြူ၊ ပြုစုသူကို၊
ရှင်လူအများ၊ ချစ်သနား၏။
သေလွန်သောခါ၊ နတ်တို့ရွာသို့၊
ကောင်းစွာမမှား၊ ထိုသူလား၏။"
ဖတ်ရှုပေးသည့်အတွက် ကျေးဇူးပါ။
မှီငြမ်း-စာအုပ်၊ဆောင်းပါးမျိုးစုံ
Thanks
ဆရာရေ မှတ်သားထားပါ့မယ် ကျေးဇူးပါခမျ
ဟုတ် မတွေ့တာ အတော်ကြာ
ပြန်လာနေပါပီ ကိုဟိန်းရေ…
ဝမ်းသာပါတယ် ပြန်လာတာ။ ကျောင်းတွေပိတ်ပြီမဟုတ်လားဗျ။ အားတဲ့ရက်လေးတွေ စာတွေရေးထားပေါ့ဗျာ။ နောက် ကိုယ်မတင်နိုင်တောင် ဆာတွေတင်ခိုင်းထားပေါ့၊ ပြန်တဲ့ခရီးကရော တော်တော်ဝေးလားဗျ။ ကိုယ့်အရပ်ဒေသပြန်ရတော့ ပျော်နေမှာပေါ့။ လမ်းခရီး အဆင်ပြေပါစေဗျာ။ နောက်ဆောင်းပါးတွေ မျှော်နေမယ်ဗျ။ ကျေးဇူးပါ။
nice post
ဟုတ်ကျေးဇူး
ဗဟုသုတရပါတယ် ဆရာ။မျှဝေပေးတဲ့အတွက် ကျေးဇူးပါ ခင်ဗျ။
ကျေးဇူးပါ ဆရာ
Resteemed your article. This article was resteemed because you are part of the New Steemians project. You can learn more about it here: https://steemit.com/introduceyourself/@gaman/new-steemians-project-launch
Good post !
Thank for sharing !
When i reading this post i just remember
my father , mother and my family.
Really?
မိဘမေတ္တဆိုတာ ကြီးမားပါတယ်ကွယ်
ဟုတ်ကဲ့ပါ
သားဆိုးတစ်ယောက်မဖြစ်အောင်နေထိုင်ကြိုစားခဲ့ပါတယ်ဆရာ။
ဟုတ် ဆာ
မှတ်သားစရာပါ ဆရာ
ဟုတ်ကဲ့ ဆရာ
အင်း … စုန်ရေ
ဆန်ရေ😑😑