မကွေး၊ကမ်းနား နဲ့ သောင်ပြင်

in #myanmar8 years ago

4A2DDF01-7A4B-4884-B991-7C597B6EF141.jpeg

အချို့ကတော့ ပြောကြသည်။ မကွေးမြို့တည်ရှိသည့်နေရာသည် ဧရာဝတီ မြစ်ကွေ့သည့်နေရာတွင် မြစ်ကွေ့အနေထားတွင် မြို့သည်တည်ရှိသောကြောင့် ထိုအရပ်ဒေသအား မြစ်ကွေ့ ဟုခေါ်ဆို၍၊ထိုမှ မြစ်ကွေး၊ နောက်မှ မကွေး ဟူသော အခေါ်အဝေါ်ခေါ်တွင်ခဲ့ကြသည်ဟုပြောသည်။မည်သိုပင် အယူအဆရှိသည်ဖြစ်စေ မကွေးမြို့ ဧရာဝတီမြစ်ကြီး(irrawaddy) အဖြောင့်စီးဆင်းနေရာမှ မကွေးနားတွင်တော့ ဧရာဝတီမြစ်သည် မြစ်ကွေ့သဏ္ဍာန်ဖြစ်သွားသည်မှာတော့ အမှန်ပင်ဖြစ်သည်။

မကွေးရောက်ဖူးသူများ၊မကွေးနှင့် အကြောင်းတစ်စုံတရာကြုံကြိုက်ခဲ့သူများ မကွေးမြို့လေးအကြောင်း ဆက်စပ်မိတဲ့အခါ ကမ်းနားလမ်း၊ဧရာဝတီ တံတားကြီးနဲ့ သောင်ပြင်(sand flat) ကို သတိရမိကျလိမ့်မည်။မကွေးရောက်ရင် သောင်ထွန်းသော ပွင့်လင်းရာသီ ဖြစ်ပါက သောင်ပြင်သို့ရောက်အောင် သွားလည်သင့်သည်။နှစ်စဉ် ဒီဇင်ဘာလ လယ်လောက်တွင် မကွေးမြို့ ကမ်းနား၊ဧရာဝတီမြစ်သည် ရေနည်းကာ သောင်ထွန်းလေ့ရှိသည်။
D736F4CE-89BE-4E9F-A58B-3C1FFBEBD0FB.jpeg

ဒီဇင်ဘာလ မှ မိုးပြန်မကျ မချင်း သောင်ထွန်းလေ့ရှိသည်။သောင်ထွန်းပြီဆိုလျှင် ကလေး၊လူကြီး ပျိုပျို၊အိုအို အကုန် သောင်ပြင်လာကျသည်။လူငယ် လူရွယ်များက အုပ်စုဖွဲ့၍ ဘောလုံးကစားကြသည်။အစ်မကြီးတွေ၊ညီမလေးတွေက puzzle ပါဇယ်ဂိမ်းတွေ ကစားကြသည်။လူကြီးသူမများက ဧရာဝတီမြစ်ကို မျက်နှာမူကာ သောင်ပြင်တွင် လတ်ဆတ်သောလေကို ရူရှိုက်၍ အပန်းဖြေကြသည်။ ညနေ မှောင်ရီပျိုးမှ ပြန်ကြသည်။ပွဲလမ်းသဘင်ကဲ့သို့ စည်ကားလှပါသည်။

ထို့ကြောင့် မကွေးသို့မရောက်ဖူးသေးသူများ၊ မကွေးသို့ကြုံကြိုက်၍ရောက်ခဲ့သူများ သောင်ပြင်သို့ အလည်လာရောက် လည်ပတ်သင့်သည်။သောင်ပြင်ပေါ်တွင် ထိုင်ရင်း စားသောက်ဖွယ်ရာ၊ထိုင်စရာ သင်ဖျုးဖျာ စသည်တို့ကို ယူနိုင်သည်။ထို့ပြင် ကမ်းနားလမ်းပေါ်တွင်ဆိုင်ကယ် ထားနိုင်သည်။ကား ထားနိုင်သည်။ကမ်းနားလမ်းတစ်လျှောက်ရှိ စားသောက်ဆိုင်များမှ အကြော်စုံ၊ဝက်သားတုတ်ထိုး၊အသုပ်စုံဆိုင်၊အကင်ဆိုင်တို့တွင် ထိုင်ရင်း သောင်ပြင်ရှိ လာရောက်ဆော့ကစားလည်ပတ်သူများကို ကြည့်နိုင်သည်။
D60BD0C9-2C00-4999-93EE-70C0803ECA23.jpeg

ထိုမှ အစားအစာများဝယ်ယူပြီး သောင်ပြင်တွင် သွားရောက်စားသောက်နိုင်သည်။သောက်စရာ အအေး၊ဖျော်ရည်၊ယမကာများလည်း ဝယ်ယူသောက်သုံးနိုင်သည်။ထို့ကြောင့် မကွေးမြို့သွားရောက်လျှင် ကမ်းနား၊သောင်ပြင်သို့ ရောက်ဖူးအောင် လာလည်ကြည့်သင့်သည်။ လတ်ဆတ်သော ဧရာဝတီမြစ်ကမ်းမှ လေကိုရှုရှိက်ရင်း ဧရာဝတီ၏ အလှအပများကို ခံစားကြည့်သင့်သည်။ထို့ကြောင့် မြေလတ်ဒေသ မကွေးသို့ရောက်လျှင် မကွေးမြို့သို့လာလည်ကြည့်ပါဟု ဖိတ်ခေါ်လိုက်သည်။

photos from google
written by @mgtoetat
MSC-073

Sort:  

တစ်ခေါက်လောက်တော့လာအုံးမယ်။

လှမ်းခဲပါဦး မိတ်ဆွေ

မကွေးမရာက်ဖူးသေးဘူး
အခွင့်ကြုံရင်လာလည်မယ်ဗျိုးးး

လာခဲ့ပါ ဘဒို ကျနော်တို့ ကြိုဆိုလျက်ပါ

လာလည်ပါဗျာ...

ဟားဟား စာတွေရေးနေပါလားဟ....

ဟုတ်သားးး

လာလည်ချင်ပါတယ်ခင်ဗျာ

လာလည်ပါဗျာ..

မြ သလွန်ရောက်ဖူးတယ်

တခေါက်ထပ်လာဖူးပါဗျာ...

မကွေးမှာနေဖူးခဲ့တယ် ငယ်ငယ်တုန်းက ၃ တန်းအရွယ်က မမှတ်မိတော့ဘူး တစ်ခေါက်လောက်ဖြစ်ဖြစ် သွားချင်သေးတယ်

လာလည်ပါဦးဗျာ...

ကြုံရင် ၀င်ခဲ့မယ် ဖြတ်တော့သွားတယ် ဒီချိန်လာအတော်ပဲဗျနော့်

ဟုတ်ကဲ့ ကြုံရင်ဝင်ခဲ့ပါဦး

လာလည်​ချင်​တယ်​​ဗျာ

လာလည်ပါဗျာ...

လာလည်​ချင်​ပါတယ်​ရှင်

ဟုတ်ကဲ့ လာခဲ့ပါ

နာ့လဲေါ်အုံး နော်

အေးပေါ့ လာခဲ့

Coin Marketplace

STEEM 0.06
TRX 0.29
JST 0.044
BTC 69042.94
ETH 2071.35
USDT 1.00
SBD 0.46