အလေးအမြတ်ထားခြင်း

in #myanmar6 years ago

ဂါဝရပြုခြင်း အလေးအမြတ်ပြုခြင်းကို လူတိုင်းနှစ်သက်သဘောကျ တာကိုနားလည်ပါသည်။ သို့သော် ထို့သို့အလေးအမြတ်ထားခြင်း ရှိခိုးကော်ရော်ဖူးမျှော်ကန်တော့ခြင်းစသော ကုသိုလ်စိတ်သည် ဒါန၊သီလ၊ဘာဝနာအစရှိသော ကုသိုလ်စိတ်များနှင့် ယှဉ်ပြိုင်နိုင်မည် မဟုတ်ဟုမိမိယူဆထားမိခြင်းဖြစ်ပါသည်။ ဥပမာအားဖြင့် မြတ်စွာဘုရားရှင်အား တချိန်လုံးကြည်ညိုဖူးမျှော်နေလေ့ရှိ‌သော ဝိကလိမထေကို မြတ်စွာဘုရားက အချည်းနှီးဝိကလိ၊ အသုံးမကျတဲ့ ဝိကလိဟု ပြောဆိုဆုံးမခဲ့ဖူးသည်ကို မိမိစိတ်စွဲနေပါသည်။
ထို့အပြင် မိမိနှင့်နီးစပ်သော မိတ်ဆွေအပေါင်းအသင်းများအတွင်း ပရိတ်၊ ပဌာန်း၊ အစရှိသောဘုရားစာတွေတစ်တွတ်တွတ် ရွတ်ဖတ်နေလင့်ကစား စိတ်၊ထားမမှန်ကောက်ကျစ်တန်သူများ မြင်တွေ့ဖန်များလွန်းသဖြင့် ကြာသော် မိမိပင်လျှင် ဘုရားတရားအပေါ်ဟန်ဆောင်နေသူများကြောင့် ဘုရားရှိခိုးလိုစိတ်ပျောက်ကွယ်လာခဲ့ရပါသည်။
မြတ်စွားဘုရား၏ တရားဒေသနာများသည် ရှိခိုးလေးမြတ်ပူဇော်နေခြင်းလား၊ တရားနှင့်အညီကျင့်ကြံနေထိုင်ခြင်းလားဟူသည်ကို သံသယဖြစ်လာမိပါသည်။ မိမိယုံကြည်နေသည်က သတ္တဝါတွေအပေါ် မလိမ်ညာမကောက်ကျစ်ခြင်း၊ မိမိကြောင့် ဒုက္ခမရောက် စေခြင်း မိမိအပေါ်ကောင်းကောင်းဆိုးဆိုး ‌မေတ္တာစေတနာ မပျက်ကွက် ခြင်းဖြစ်သည်။ မိမိသည်တရားနှင့်အညီသာကျင့်ကြံနေထိုင်သဖြင့် မိမိထံတွင်ရှိသော ဓာတ်တော်များပွားများလာသင့်ပါသည်။ ဓာတ်တော်များအား နေ့စဉ်ရှိခိုး၊ နေ့စဉ်ဆွမ်းကပ်နေရုံမျှဖြင့် ဓာတ်တော်များတိုးပွားစံမြန်းလာလိမ့်မည်ဟု မိမိမယုံကြည်ပါ။
အကယ်၍ ဤသို့နေ့စဉ်ဝတ်ပြုမှသာ ဓာတ်တော်များကိန်းဝပ်စံပျော်လာစေသည်ဆိုပါက မိမိယုံနားလည်ထားမှုများလွဲချော်နေမည်ထင်ပါသည်။
မိမိ၏ မြင်မြတ်သောစိတ်နေစိတ်ထားကြောင့်ပင်လျှင် ဓာတ်တော်များပွားစံပျော်ပါစေသော်။

Sort:  
UpvoteBank
Your upvote bank
__2.jpgThis post have been upvoted by the @UpvoteBank service. Want to know more and receive "free" upvotes click here

Coin Marketplace

STEEM 0.06
TRX 0.30
JST 0.054
BTC 70668.78
ETH 2073.97
USDT 1.00
SBD 0.51