ပညာတတ်အတု

in #myanmar6 years ago (edited)

ပညာတတ်အတု

ပညာတတ်တာမတတ်တာ အတုဆိုတာရှိပါ့မလားဗျာ။ တတ်ရင်တတ်တယ် မတတ်ရင်မတတ်ဘူးပဲမို့လား။ မဟုတ်ဘူး။ပညာတတ်အတုဆိုတာရှိခဲ့တယ်။ ကျွန်တော်ကသူ့ကိုပြုစုပျိုးထောင်ပေးခဲ့တာပါ။ သူ့အတန်းက ဒုတိယတန်းပဲရှိတယ်။ ဒါပေမယ့် လူတောတိုးနိုင်တဲ့အသိတွေရှိလာအောင် ကျွန်တော်က နှစ်ပေါင်းများစွာ သင်ပြခဲ့တယ်။ ဒါရဲ့အကျိုးဆက်က သူဟာလူ့ဘဝမှာအခြားပညာတတ်တစ်ယောက် အသက်ရှင်နေထိုင်နိုင်သလိုမျိုးနေထိုင်နိုင်ခဲ့တယ်။ ဒါပေမယ့် သူကမရိုးသားဘူး။ရိုးသားမှုကို ကျွန်တော်လည်းသင်မပေးနိုင်ခဲ့ဘူး။ ဥပမာတကယ့်ပညာတတ်တစ်ယောက်ဟာ သူတပါးသံသယဖြစ်မှာမစိုးရိမ်ဘူး။ ပညာတကယ်တတ်လားမတတ်လား။ သူများစမ်းသပ်လာမှာလည်းမကြောက်ဘူးပေါ့။ သူကတော့အဲလိုမဟုတ်ဘူး။ သူပညာတတ်တစ်ယောက်မဟုတ်ဘူးဆိုတာ သူများသိမှာအရမ်းစိုးရိမ်တယ်။ ဒါကြောင့်ဖုံးရဖိရ ကွယ်ရဝှက်ရ ပုန်းရလျှိုးရ လုပ်နေတော့ သူ့လိပ်ပြာသူမလုံတော့ ကျန်တာတွေပညာတတ်တစ်ယောက်လိုစွမ်းဆောင်နိုင်နေပေမယ့် သူ့စိတ်ကိုရိုးသားအောင်မထားနိုင်တော့ဘူး။ တစ်ချိန်လုံးသူဟာအလိမ်အညာစကားတွေကို ပြောရိုးပြောစဉ်ပြောတတ်နေတယ်။ ဒီတော့ သူ့တူမတွေ၊ သူ့တပည့်တွေက သူ့ကိုကြည်ညိုမှုပျက်လာတယ်။ ပြန်ခံပြောလာတယ်။ အဲဒီမှာပြဿနာတွေတက်တာပဲ။ အဆိုးဆုံးက ကျွန်တော်‌ေနာက်ထပ်သူများတွေကိုသင်ပြပေးမှာ အရမ်းကြောက်လာတယ်။ သူလိုလူကိုထပ်မတွေ့ချင်တော့ဘူး။ သူ့ကိုယ်ပုခုံးခြင်းယှဉ်မယ်သူတွေလို့ထင်တယ်။ ကျွန်တော့ရည်ရွယ်ချက်က လူတိုင်းသိတတ်နားလည်လေ ကိုယ်သက်သာလေပဲ။ သူကတော့ဘယ့်ကိုမှ မသိမတတ်စေချင်တော့ပါဘူး။

Sort:  
UpvoteBank
Your upvote bank
__2.jpgThis post have been upvoted by the @UpvoteBank service. Want to know more and receive "free" upvotes click here

Coin Marketplace

STEEM 0.06
TRX 0.30
JST 0.054
BTC 70603.22
ETH 2075.00
USDT 1.00
SBD 0.50