သညာ‌ဆိုသောအမှတ်သညာ

in #myanmar6 years ago (edited)

ပြဿနာက အချိုမှုန့်ကစတာပါ။ အချိုမှုန့်ကိုဘယ်အချိန်ကစပြီးစားခဲ့မိတာလည်း မသိတော့ပေမယ့် အချိုမှုန့်မပါပဲဟင်းတွေကိုမချက်တတ်တော့ဘူး။ မချက်တတ်တော့ဘူးဆိုတာထက် ချက်ပြီးလည်းမစားနိုင်ဘူး။ ဘယ်တတ်နိုင်တော့မလဲပေါ့။
ဒါပေမယ့် သေသေချာချာလေ့လာမိတော့ တကယ်ပဲမစားနိုင်တော့ဘူးလား။ ဒီအချိုမှုန့်ကိုစားရင်မြန်မြန်သေမယ်လို့ အတိအကျသိနေရင်တောင်မှပဲလား။ ဆိုတော့............
အချိုမှုန့်မပါပဲစားခဲ့ကြတဲ့ခေတ် ဥပမာဘုရင်ခေတ်တွေမှာ အချိုမှုန့်ပေါ်ပြီလား။ ပေါ်ပြီထားပါတော့ ။ ကျောက်ခေတ်မှာတော့ မပေါ်သေးတာသေချာပါတယ်။ ဒါဆိုသူတို့ဘယ်လိုစားခဲ့ကြမလဲ။ စားလို့ရမှာပဲမဟုတ်ဘူးလား။
ငယ်ငယ်ကဆို အမေချက်တဲ့ဟင်းကလွဲရင် ဘယ်ဟင်းမှကောင်းတယ်မထင်ခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ သညာကအမေ့ဟင်းကိုစွဲလန်းနေတော့ ကျန်တာတွေကောင်းမယ်ကိုမထင်ဘူး။ ဒီလိုပဲ ကျွန်တော်ကပြည်မှာနေတော့ ပြည်အစားအစာ တွေဖြစ်တဲ့ ကော်ရည်၊ ပြည်ထမင်းသုပ်၊ ပြည်ပလာတာစတာတွေအရမ်းကြိုက်ခဲ့တာ အခြားမြို့တွေရောက်ရင်ဒုက္ခများလှပါတယ်။ ထမင်းသုပ်၊မုန့်ဟင်းခါး၊ ကော်ရည်၊ပလာတာ အီကြာကွေးကအစ။ ပြည်မှာပဲကောင်းတယ်ထင်တယ်။ ကြာလာတော့လည်း အခြားမြို့တွေမှာနေရင်းခုတော့ အခြားဒေသထွက်အစားအစာတွေလည်းကြိုက်တတ်လာခဲ့ပါပြီ။ ဒါကိုသေသေချာချာ စဉ်းစားဆင်ချင်တော့ သညာသဘောကိုရေးရေးမြင်ခဲ့ပါပြီ။ ဒီသညာကိုပြင်လို့ရပါလား၊ ပြောင်းလို့ရပါလား၊ ဆိုတာတွေလည်းသိလာခဲ့ပါပြီ။ ဒါဆိုကျန်းမာရေးနဲ့မညီညွတ်ဖူးဆိုတဲ့ ဒီအချိုမှုန့်ကို ဖြတ်မယ်ဆိုရင်မဖြစ်နိုင်စရာမရှိပါလား။ နည်းနည်းလေးသည်းခံကြိုးးစားလိုက်ရင်အဆင်ပြေသွားနိုင်တဲ့ကိစ္စ။ ယုံကြည်ချက်ကလေးတစ်ခုပဲလိုတယ်။ တကယ်ပဲ အချိုမှုန့်က ကျန်းမာရေးကိုဆိုးရွားစေသလားဆိုတာပါ။

Sort:  

Me too
ဟုတ်တယ် မကောင်းမှန်းသိပေမယ့် သူမပါရင်လည်း အရသာက ပေါ့နေပြန်ရော

UpvoteBank
Your upvote bank
__2.jpgThis post have been upvoted by the @UpvoteBank service. Want to know more and receive "free" upvotes click here

Coin Marketplace

STEEM 0.05
TRX 0.28
JST 0.045
BTC 65683.56
ETH 1896.44
USDT 1.00
SBD 0.38