"သုံးရာသီ ဆောင်း"

in #myanmar8 years ago (edited)

ပိတ်မှောင်နေသော မြူနှင်းတို့သည်....
ပတ်ဝန်ကျင်မှ အသံမျာဝင်မလာနိုင်အောင် ပိတ်ဆို့ကာရံထားသည်။
လေပြေလေရူးသည်က မြတ်ပင် ကိုင်းပင်းများအာ မြခြူသံအလား
တရှဲးရှဲး အသံမြည်လောက်အောင် တိုးဝှေ့ဆော့ကစားနေ၏။
မလှမ်းမကမ်း၍ မြို့ပြတို့ရဲ့ ညအရောင်အဆင်းဖြစ်တဲ့မီးရောင်စုံတို့က
မြူနှင်းများနှင့်အားပြိုင်ရင်း မှေးမှိန် စွာပင်လင်းလက်ခြေ၏။
လေပြေ အဆော့မှာပင် ဧကရာဇ်ပန်းရနံ့တို့သည်ကား
သင်းခနဲးသင်းခနဲ့မွှေးတတ်၏။
ချစ်သူနှစ်ဦးထိုင်နေသေား သခုတ်ပင်ကြီးမှ သခုတ်ပွင့်များအား
မကြာမကြာခြွေချရင်း မမြဲခြင်းရဲ့နိယာမကိုပြသလေ၏။

အအေးဓာတ်ကြောင့်လား
ဒါမှမဟုတ် အချစ်ဆိုတဲ့သဘာဝကြောင့်လား
ပင်မသိ သူတို့နှစ်ဦးသားမှာ ပူးကပ်ပွေ့ဖတ်ထားလေ၏။
သူတို့နှစ်ဦးရဲ့ စိတ်ထဲးမှာမည်မျှလောက်
ခံစားနေရသည်မသိပေ သေချာတာကတော့ သူတို့ နှစ်ဦးစလုံးရဲ့
ရင်ဘတ်အတွင်းမှာ
နွေခေါင်ခေါင် တေားမီးလောင်နေသည့်အလား အပူဒီဂရီမြင့်နေလေ၏။
နှစ်ဦးသားရဲ့ မျက်ဝန်းမှာမူ မိုးရာသီအလား စွတ်စွတ်စိုနေခြေသည်။

ဥဥ့်ပင်အလွန်နက်ခြေပြီး
သူတို့နှစ်ဦးမှာမူ
စကားပင် သိပ်မပြောဖြစ် မိုးလင်းမှာကိုပင် အလွန်စိုးရွံ့နေဟန်ရှိ၏။
ဒီတကြိမ်ခွဲးခွာခြင်းသည်က သူတို့နှစ်ဦးအတွက်
တသက်စာခွဲးခွားခြင်းပင် ဖြစ်နိုင်သည်။


" ကိုရေ ထမင်းအိုးလေးတည်လိုက်ပါဦး
ပြီးရင် လက်စနဲ့ ချဉ်ပေါင်ရွက်လေးသင်ပြီး
ငါးခေါင်းလေးနဲ့ ချက်လိုက်နော် ဗိုက်ထဲက
၏သားလေးကပြောတယ် ဖေဖေကြီးလက်ရာဆို
တအားကြိုက်တယ်တဲ့ "

"အေးပါမိန်းမရယ် ကိုယ်ပဲချက်လိုက်ပါ့မယ်
မိန်းမဗိုက်ထဲကသားလေး ပြောအောင်
ကာတွန်းကားလေးဘာလေးဖွင့်ကြည့်ရင်း
သက်သောင့်သက်သာနေနော်"

အဲ့ဒါပဲကြည့်တော့ ဘော်ဒါတို့ရေ
Steemit post တင်ဖို့ စာလေးရေးပါရဲ့
ဘယ်ဖြောင့်ဖြောင့်ရေးရလို့တုန်း...
မမွေးရသေးတဲ့ဗိုက်ထဲက ကလေး
အကြောင်းပြပြီးခိုင်းတော့ ဒီငနဲးကြီ
ဘယ်လှုပ်လို့ရတော့မတုန်းဗျာ..
ကဲး...ကဲး...နီတိုဇာတ်လမ်းလို
နောက်တပိုင်းနောက်ရက်မှ ကရုံပေါ့ဗျာ...😄😄😄

2018-01-12_1.png

@minthiketun

RSM-5

Sort:  

ဟုတ်ပါပြီ bro ရေ :P

fb group က အက်ဒမင်း ၂ ယောက်ပဲအားပေးတယ် ဗြဲး.....

အစ်ကို့အရေးအသားနဲ့ photo credit တွေကအရမ်းကောင်းပါတယ် Tag တဲ့နေရာမှာ 5 ခု tag လိုက်ရပါတယ်

ပြန်ပြီး Update လုပ်လိုက်ပါတယ်...

Coin Marketplace

STEEM 0.06
TRX 0.32
JST 0.065
BTC 66595.10
ETH 2049.55
USDT 1.00
SBD 0.48