မိုးစက်များနှင့် ကခုန်ခြင်း

in #myanmar7 years ago

မိုးစက်များနှင့် ကခုန်ခြင်း

မရွာပဲ ကျော်သွားတဲ့မိုးသားတွေ
မနေ့ကလိုပဲ ကောင်းကင်မှာ အပြည့်၊
အလွမ်းတွေ ကိုယ်စီဖြေရင်း
အနမ်းတွေခြွေကာမှ
ရှက်မိုးတွေကကြွေ...

မိုးစက်တွေ ခုန်ပေါက်ဆော့တော့
မင်းအပြုံးတွေ ပွင့်လန်း
မိုးရေထဲမှာ လှချင်တိုင်းကိုလှလို့...

မိုးရေတွေစိုနေတဲ့ မင်ဆံနွယ်တွေတစ်ချက်ခါလိုက်တိုင်း
လွင့်စင်ကျသွားတဲ့ မိုးစက်တွေ လွမ်းတတတနဲ့ မြေပေါ်ကိုကြွေ...

ကိုယ်တို့အတွက်တဲ့
အမှတ်တရမိုးတွေ သွန်းသွန်းဖြိုးဖြိုး
အချမ်းပြေကော်ဖီသောက်ရင်း
မိုးစက်တွေနဲ့အတူ အလွမ်းပြေအနမ်းတွေခြွေ...

#ကိုကိုမိုးဟိန်း
သစ်အယ်သီး

IMG_20190707_115003.jpg

Original post creator >>> @myanmarkoko

From Myanmar

I love you all...

Good luck and be happy on Steemit.

Coin Marketplace

STEEM 0.06
TRX 0.30
JST 0.053
BTC 71450.05
ETH 2107.75
USDT 1.00
SBD 0.49