သင့်ရဲ့မနက်ခင်းကို ကျေးဇူးတင်ခြင်းဖြင့် စတင်လိုက်ပါ…..
သင့်ရဲ့မနက်ခင်းကို ကျေးဇူးတင်ခြင်းဖြင့် စတင်လိုက်ပါ…..
နေ့တစ်နေ့ရဲ့အစ မနက်ခင်းဟာ သင့်ရဲ့တစ်နေ့တာကို ကိုယ်စားပြုပါတယ်……
မနက်ခင်းစောစော သင့်ရဲ့စိတ်တွေကြည်လင်လန်းဆန်းနေမယ်ဆိုရင် ကျန်တဲ့တစ်နေ့တာလုံး
ကို သင်လန်းဆန်းတက်ကြွစွာ ဖြတ်ကျော်နိုင်ပါလိမ့်မယ်….
ဒါပေမဲ့ မနက်ခင်းစောစောမှာ သင်စိတ်တွေလေးလံထိုင်းမိုင်းနေမယ်ဆိုရင် သင်သတိထားပါ…..
ထိုနေ့ဟာ သင့်အတွက် အလွန်စိတ်ညစ်ဖွယ်ရာနေ့ဖြစ်ပါလိမ့်မည်…..
အစကောင်းမှ အနှောင်းသေချာဆိုသလို သင်ရဲ့မနက်ခင်းအစ မှာ တာထွက်ကောင်းမွန်ဖို့လိုအပ်ပါသည်…
မနက်ခင်းစောစောမှာ စိတ်ကြည်လင်စေဖို့ လေ့ကျင်ခန်းလေးတစ်လုပ်ကြည့်ရအောင်ဗျာ……
ဒါကတော့ အရမ်းကြီးမခက်ခဲပါဘူး…… ကျေးဇူးတင်ပါတယ်လို့ သင့်စိတ်ထဲကနေပြောပေးရုံပါပဲ….
လေးလေးနက်နက် ခံစားပြီးတော့ ပြောဖို့လိုတာပေါ့နော်……
၁။ ။ သင်မနက်ခင်းအိပ်ယာကနိုးလို့ မျက်လုံးနှစ်လုံးပွင့်တာနဲ့ သင်ဒီနေ့မနက်ခင်းမှာ ကောင်းမွန်စွာနိုးကြားနိုင်ခဲ့လို့ သင့်ခန္ဓာကိုယ်ကို ကျေးဇူးတင်ကြောင်းပြောလိုက်ပါ…..
၂။ ။ သင့် ဒီကမ္ဘာမြေပေါ်မှာ အသက်ရှင်နေထိုင်ခွင့်ရတဲ့အတွက် ကျေးဇူးတင်လိုက်ပါ…
သင်ရှူရှိုက်တဲ့လေ၊ မြင်တွေ့နေရတဲ့ တောတောင်သဘာဝအလှတရားတွေ၊ ဒီကမ္ဘာပေါ်မှာဖြစ်တည် နေတဲ့ အရာတွေအားလုံးကိုကျေးဇူးတင်လိုက်ပါ……
၃။ ။ ဒီနေ့တစ်နေ့တာမှာ သင်နဲ့ထိတွေ့ ပြောဆိုဆက်ဆံရမဲ့သူတွေအားလုံး၊ သင်လုပ်ကိုင်ဆောင်ရွက်ရမဲ့ အရာတွေအားလုံးကို ကျေးဇူးတင်လိုက်ပါ….
သင့်ရဲ့စိတ်ထဲကနေ တကယ်ခံစားပြီး ကျေးဇူးတင်ကြောင်း ပြောဆိုပါ…..
စပြီးလေ့ကျင့်တဲ့နေ့မှာ တစ်နေ့တာလုံး ၁၀၀ % မဟုတ်တောင် ၅၀ % လောက် သင်လန်းဆန်း
တက်ကြွနေတာကို သင်ခံစားမိပါလိမ့်မယ်….
နောက်ကြာလာတဲ့အခါ အလေ့အကျင့်ဖြစ်လာတဲ့အခါ တစ်နေ့တာလုံး လန်းဆန်းတက်ကြွနေတာကို
ထူးထူးခြားခြားခံစားရပါလိမ့်မယ်…….
Steemit မိသားစုဝင်များ တစ်နေ့တာလုံး လန်းဆန်းတက်ကြွပြီး ပျော်ရွှင်ကြပါစေဗျာ...
Reference book : : ဘ၀ပြောင်းပညာ / ရွှေမိုး
: : ရွှေမိုးရဲ့ ဘာသာပြန်စာအုပ်လေးကိုဖတ်ပြီးကိုးကားထားပြီး ကိုယ်ပိုင်ဟန်ဖြင့်ရေးသားထားခြ င်းဖြစ်ပါသည်။

photo credit from google image
ကိုကိုမိုးဟိန်း
သစ်အယ်သီး
Written by @kokomoehein
MSC no. 118
မောနင်းပါ ကျေးဇူးတင်ပါတယ် bro
ဟုတ် ကျေးဇူးပါကိုညီ
Thank you Thank you Thank you.
Thank you Thank you Thank you Ko Hein
မှန်ပါတယ်bro လေ့ကျင့်ကြည့်ပါမယ်
ဟုတ် အကျိုးထူးမှာပါ
ကျေးဇူးညီ
အမှန်ပါဘဲ bro
ကျေးဇူးပါ bro
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ကိုကိုမိုးဟိန်း
ကျေးဇူးပါ အကို
ဒါကြောင့် foreigner တွေက Thank you ကို ပါးစပ်ကမချဘူး
နေ့တိုင်းပြောကြတာဗျ
အစကောင်းရင် အနှောင်းသေချာပါတယ်ဗျာ
ဟုတ် ကျေးဇူးပါ အမှန်ပဲbro
ကျေးဇူးပါ
ကျေးဇူးပါ bro လာအားပေးလို့
ဟုတ်တယ်ဗျ ခက်တာက မနက်အစောမထနိုင်ခြင်းက ပြသာနာအကြီးဆုံး ပဲဗျ