အကြောက်တရားနှင့် အဆုံးမဲ့သံသရာခရီး
ပျော်စရာ မရှိပြီ
ဘဝ သည် မွေးဖွားချိန်မှ စ၍ သာယာပျော်ရွှင်ချိန်များ နည်းပါးခဲ့၏။
ပြည့်စုံကြွယ်ဝခြင်း အလျဉ်းမရှိခဲ့
ကုသိုလ် အကုသိုလ် ကို သိနေသော စိတ်နှင့် ရိုးဂုဏ် မှလွဲကာ
လက်ဆိုင်လက်ကိုင်ပြစရာ ဟူ၍ ပှိုင်ဆိုင်ခြင်း တစ်စုံတစ်ရာ မရှိခဲ့
သံဝေဂ ငြီးငွေ့စိတ်ပျက်ခြင်းမှ လွဲ၍
ဘဝ တွင် နေထိုင်ချင်စရာ ကောင်းလောက်အောင် အကြောင်းပြချက်မရှိပြီ။
သေဆုံးရမည် လား?
အဖန်ငါးရာ ငါးကမ္ဘာ ကို မကြောက်
သို့ရာတွင် မိမိကိုယ်ကို သေကြောင်းကြံစည်ဖို့ရာ တွေးမရ
လက်တွေ ဘဝ လက်ရှိအခြေအနေသည်သာ အကောင်းဆုံးဟု
မြတ်ဘုရား ဟောတော်မူခဲ့သည်။
ဘဝ တွေသည် ကံ စိတ် ဥတု အာဟာရ မျှတနေသရွေ့ သေဆုံးဖို့ရာ မဖြစ်နိုင်
အတိအကျဆိုရသော် ဘဝ သည် ကံဖြတ်မှပြတ်၏။
အခိုးအငွေ့အဖြစ် ပျောက်ဆုံးသွားချင်မိသည်။
ဘဝ ကို ပျော်စရာ ကောင်းသည်ဟုသော အမြင် မရှိသည်မှာ ကြာခဲ့ပြီ။ ပြုံး နေသည် ရီနေသည် စကားတွေ ပြောနေသည်။
ထိုအခိုက် အတန့် ပျော်နေသည်။သို့ရာတွင် ထို အပျော်စိတ်များသည်လည်း ခဏတာ ရေပွက်စာမျှ မကြာမြင်ချေ။
ဒုက္ခ သည် ဘဝ တလျောက်လုံး အရိပ်ပမာ လိုက်လာနေသည်။
သူ့ ကို ထားရစ်ခဲ့၍မရ။မောပန်းနွမ်းလျ နေသည် ဟု ခံစားမိသည်။
ထိုသို့ ခံစားမိသော်လည်း လူပ်ရှားရုန်းကန်နေရ၏။
စားသုံးဖို့ ရှင်သန်နေသည် မဟုတ်သော်လည်း
ရှင်သန်ဖို့ အတွက် စားသုံးနေမိသည်။ အမှန်မှာ ရှင်သန်ဖို့အတွက် စားသုံးနေသည် မဟုတ် သေဆုံးဖို့ရန်အတွက်သာ စာသုံးနေရသည်။လူသားတွေ သည် မသေသေးသော မသာကို ပြုစုပျိုးထောင်နေကြသူများ သာ။ ထိုထက် မပိုပြီ။
လူ့တန်ဘိုးနှင့် လူ့သမိုင်းသည် အခိုက်အတန့်သာ
ဖြစ်ပျက်ပြောင်းလဲ ခြင်းသည် လူ့သား ဆန္ဒနှင့် အတ္တ ကို ချုပ်ကိုင်ထားသည် ထိုသည်ကိုပဲ အနိစ္စ. ဟုခေါ်လေသလား။
လူသားများသည် အတ္တ ကို အရောင်တင်ကြသည်။
ငါ လုပ်ရင် ဖြစ်ရမည်။ငါ လိုချင်သမျှ ရရမည်။ ငါ့ သဘောဆန္ဒအတိုင်းနေရမည်။ တ ငါ ငါနှင်သာ ကြွေးကြော်နေ၏။
ထိခိုက်ရှနာ ဖြစ်တိုင်း ရောဂါ ဝေဒနာ ခံစားရတိုင်း
မဖြစ်နဲ့ မခံစားနှင့်ဟု တားဆီးမရ ကိုယ် ကိုယ်ကိုယ် တောင် မပိုင်ဆိုင်နိုင်သော ဘဝမှာ ဘာတွေ ကို ကြိုးကိုင်ချယ်လှယ်ချင်နေကြသည်မသိ။
အတ္တ သည် မမြဲနိုင် အနတ္တ နှင့်သာ ကြုံတွေ့ရမည်။
ထို စိတ်ပျက်ငြီးငွေ့ဖွယ်ရာ ဘဝ ကြီးကို ဟန်ဆောင်ပျော်ပြနေရသည်မှာ ပင်ပန်းလှပြီ။ငြိမ်သက်ဆိတ်ငြိမ်ခြင်း ကို တောင့်တမိ၏။
ဆုတောင်းတိုင်း မပြည့်နိုင်၊ဆုတောင်းသည် အလှမ်းကွာလွန်းလှ၏။
သံသရာသည် ကြောက်ရွံထိတ်လန့်ဖွယ်ထက် ပို၍ ဘာမှမရှိပြီ။