steemit ကို စတင် သုံးစွဲခြင်း

in #myanmar8 years ago

steemit အကြောင်းကို လွန်ခဲ့တဲ့ ၅ လ လောက်က ကို henry aung ရေးသားသော pdf တစ်ခု ကို ဖတ် ကာ စတင် သိရှိခဲ့ သည်။ ထို အချိန်က cropty currency လောက ကို စတင် လေ့လာ ခဲ့ သော အချိန်ဖြစ်သည်။ တစ်ဖက်တွင်လညိး သင်္ဘောသား အလုပ်အတွက် စာမေးပွဲ ဖြေရန် ကျောင်းတက်နေရသော အချိန်ဖြစ်သည်။ အချိန်ရလျှင် steemit ကို သေချာ လေ့လာမည် ဟု စိတ်ထဲ တေးမှတိထားခဲ့သည်။
ခုတော့ ညီငယ် ကို Myo Min Aung က MSO အဖွဲ့ ဖွဲ့ ကာ steemit ကို ကျကျနန လုပ်မည် သိရသဖြင့် steemit ကို စတင် သုံးစွဲ ခွင့် ရခဲ့ ပြီ ဖြစ်သည်။ မိမိအလုပ်သဘောအရ ရေထဲ ရောက် နေချိန်မှာ internet လိုင်းရဖို့ မသေချာ ပေမဲ့ ကုန်းပေါ် ရောက်နေချိန် ယနေ့ ခေတ် ပြောင်းလဲ လာနေသော နည်းပညာ များကို မပြတ်လေ့လာ ချင်မိသည်။ ထိုစိတ်ကြောင့်ပင် crypto currency အကြောင်းများကို လေ့လာမိခဲ့ သည်။ သို့သော် တစ်ဖက်က မိမိ လက်ရင်း အလုပ်သည်လည်း များစွာအားစိုက်ရသော အလုပ် ဖြစ်သောကြောင့် လေ့လာ ချင်သည်များကို အချိန်သိပ် မပေးဖြစ်ခဲ့ ပါ။ ယခု steemit တွင်လည်း နေ့စဉ်နှင့် အမျှ vote ပေးခြင်းများ comment ပေးခြင်းများ ကို MSO ၏ guide line များအတိုင်း လုပ်နိုင် ဖို့ရာ မသေချာပါ။ သို့ သော် လေ့လာသူ တစ်ယောက် အနေနှင့် တော့ steemit တွင် ရှိနေပါမည်။ ကမ်းကပ်ချိန် internet connection ရလျှင် MSO တွင် ပါဝင် အားဖြည့် ပါမည်။ MSO အောင်မြင်ပါစေကြောင်း ဆုတောင်းပေးပါသည်။
အောင်မြင်မှုနှင့် ပက်သက်၍ စာရေး ဆရာများ၏ဟောပြော မှုများနှင့် ကိုယ်တွေ့အရ သုံးသပ်မိပါသည်။ အောင်မြင်မှု သို့မဟုတ် ထိပ်ဆုံး တစ်နေရာ ရောက်ဖို့ အတွက် အချိန် သို့ မဟုတ် ငွေ အား ရင်းရပါသည်။ ပုံ မှန် အသက်မွေးဝမ်းကြောင်း မှု တစ်ခု အတွက် အချိန်ရင်းနှီး မည် ဆိုပါက 5 နှစ် ကနေ 10 နှစ် ကြာတတ်ပါသည်။ ကျနော် ကိုယ်တိုင်လည်း လက်ရှိအလုပ် ထိပ်ဆုံး တစ်နေရာ အတွက် ဆယ်စု နှစ် တစ်ခု ကြာရင်းခဲ့ရပါသည်။
ယနေ့ ခေတ်တွင် နည်းပညာ များ ၏ အကျိုးကျေးဇူးကြောင့် အောင် မြင်မှု ရရန် ပို၍ မြန်လာခဲ့ ပါပြီ။ သို့ သော် လုပ်အား နှင့် အချိန် များ ကိုတော့ အတိုင်းအတာ တစ်ခု ထိ ရင်းနှီးရမြဲ ဖြစ်ပါသည်။ သို့ဖြစ်၍ MSO အဖွဲ့ထူထောင်သူများနှင့် အဖွဲ့ဝင်များ စိတ်ရှည် ရှည် ဖြင့် အချိန်နှင့် လုပ်အားများ ရင်းနှီးကာ အောင်မြင်မှုများ ရပါစေကြောင်း ဆုမွန်ကောင်းတောင်း အပ်ပါသည်။!DSC_0332.JPG

Coin Marketplace

STEEM 0.06
TRX 0.30
JST 0.058
BTC 70841.83
ETH 2195.94
USDT 1.00
SBD 0.53