Discrimination ကင်းဝေးကြပါစေ

in #myanmar8 years ago

image

အမျိုးမျိုးအထွေထွေသော ဘဝပေါင်းများစွာမှာ
မတူညီသော
မရိုးနိုင်တဲ့ အကြောင်းချင်းရာတွေ
ရှိနေမယ်ဆိုရင်

တစ်ခါတစ်လေ
ဘဝချင်းတူတာတောင်
ရှင်သန်ရပ်တည်မှုချင်း မတူညီနိုင်တာကို
စာနာ နားလည်ပေးနိုင်ကြမယ်ဆိုရင်

အချို့သော ဘဝတွေမှာ
လူသိမခံဝံ့တဲ့
နာကျည်းစရာ အတိတ်တို့နဲ့
ပြည့်နှက်နေလိမ့်မယ်ဆိုတာ
လက်ခံပေးနိုင်မယ်ဆိုရင်
image
ဖြစ်တည်မှုတိုင်းဟာ
ကိုယ့်ရဲ့ ကံကြောင့်ပါလို့
မချိတင်ကဲ ရေရွတ်ရင်း
အားတင်းကာရှင်သန်နေရတဲ့ ဘဝတွေကို
ဖေးမပေးနိုင်ကြမယ်ဆိုရင်

ကျွန်တော်တို့ရှင်သန်ရာ ဘဝကြီးဟာလေ
discrimination လို့ အော်ဟစ်နေတဲ့
ခွဲခြားဆက်ဆံခံရမှုတွေ ကင်းဝေးပြီး
လူကို လူလို့သတ်မှတ် နိုင်ကြပါစေဗျာ။

image

@nainghtookhant
photo credit; google image

Coin Marketplace

STEEM 0.06
TRX 0.29
JST 0.056
BTC 71017.09
ETH 2092.26
USDT 1.00
SBD 0.51