Respect ပေးတတ်ကြပါစေ

in #myanmar8 years ago

လူတိုင်းက
သောက ကိုယ်စီနဲ့ပါ
ပျော်ရွှင်ရမယ် ဆိုရင်တောင်
အချိန် တိုင်း ပျော်ရွှင်နေမယ့်သူ
ရှားပါးပါတယ်
အကြောင်းအရာ တစ်ခု မဟုတ် တစ်ခုကြောင့်တော့
အနည်းနဲ့ အများ စိတ်ရှုပ်နေတတ်တာ သဘာဝပါ

ကိုယ့်ရဲ့ စိတ်ပင်ပန်းမှု Intensity ဘယ်လောက်ရှိသလဲဆိုတာကတော့
တစ်ယောက်ချင်းစီရဲ့
အခက်အခဲ တစ်ခုအပေါ် ထားရှိတဲ့
လက်ခံထားတဲ့ perception အပေါ် မူတည်ပါတယ်

ဒါပေသိ
ကျွန်တော်တို့ကို "မင်း အဆင်ပြေရဲ့လား" ဆိုနဲ့ မေးခွန်းမျိုးမေးရင် "အေး.... အဆင်ပြေပါတယ်ကွာလို့ပဲ" ဖြေတတ်ကြပါတယ်

တစ်ကယ်တမ်းကျတော့
သူတို့တွေရဲ့ စိတ်ထဲမှာ
လက်တွေ့ဘဝ မှာ
သောက ကိုယ်စီ ရှိကြတာ မသိနိုင်ပါဘူး

ဘယ်လောက်ခင်မင်တဲ့ တွယ်တာမှုပဲဖြစ်ဖြစ်
ဘယ်လောက် ခိုင်မာတဲ့ ဖက်တွယ်မှုပဲ ဖြစ်ဖြစ်
သေချာတာက တစ်ယောက် အပေါ် တစ်ယောက် အပြည့်အဝ နားလည်ပေးနိုင်တယ် ဆိုတာ မရှိနိုင်ပါဘူး
Negative thought တစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေမယ့်
ကျွန်တော့် စိတ်ထဲမှာ စွဲမြဲနေတဲ့ အတွေးတစ်ခုပါ

သေချာတာ တစ်ခုကတော့
လူတိုင်း လူတိုင်းမှာ
မထွေးနိုင် မအန် နိုင်တဲ့
ပြသနာတွေ ရင်ဆိုင်နေရတဲ့ အချိန်တွေ
ရှိနိုင်ကောင်းပါရဲ့

ပြီးတော့
လူတိုင်းဟာ
ကိုယ်တိုင် ကြုံတွေ့နေရတဲ့ ပြသနာ ကိုသာ
အကြီးမားဆုံး အခက်ခဲဆုံးလို့ ထင်တတ်တာ
လူ့သဘာဝ ပါ

တစ်ခါတစ်လေ
တောင့်တမိပါရဲ့
တစ်ယောက်ကို တစ်ယောက်
ကြားချ တွေးပြီး
ဘက်မလိုက်တတ်တဲ့ အတွေ့အကြုံမျိုး

တစ်ခါတစ်လေ
မျှော်လင့်မိပါရဲ့
တစ်ဖက်စောင်းနင်း မဆန်ဘဲ
နားလည်ပေးနိုင်တဲ့
logical thinking မျိုး

တစ်ခါတစ်လေ
တောင့်တမိပါရဲ့
သမာသမတ် ကျတဲ့
ခံယူချက်မျိုးနဲ့
အစွန်းမရောက်တဲ့
အတွေးအခေါ်မျိုး

ကိုယ်တိုင်လဲ perfect မဟုတ်မှန်း
သိနေပေမယ့်
တစ်ခါတစ်လေ
မျှော်လင့်မိတာ
လူတစ်ယောက်ရဲ့ dignity ကို
respect ပေးတတ်တဲ့
လူ့အသိုင်းအဝိုင်းမျိုး

Coin Marketplace

STEEM 0.06
TRX 0.29
JST 0.056
BTC 71017.09
ETH 2092.26
USDT 1.00
SBD 0.51