နှလုံးသားက လက်မခံချင်

in #myanmar8 years ago (edited)

image

ဒါဟာ အမှန်တရားပါလို့
ကိုယ့်ကိုကိုယ်
အထပ်ထပ် သတိပေးနေရင်းက
နှလုံးသားက လက်မခံချင်
ရူးမိုက်စွာနဲ့ပဲ
မင်းရဲ့ လက်ကို ဆုပ်ကိုင်မိချင်နေဆဲ.....

ဒါဟာ အိမ်မက်တစ်ခုပါလို့
အကြိမ်ကြိမ် သတိပေးနေရင်းက
နှလုံးသားက လက်မခံချင်
အချိန်တန်လို့
ဒီအိမ်မက်က လန့်နိုးတိုင်း
မောပန်းနွမ်းလျမိသည့်တိုင်
အိမ်မက် မက်ချိန်ကို စောင့်နေမိဆဲ......

ဒါဟာ ခဏတာရူးသွပ်ခြင်းပါလို့
အခါခါ သတိပေးနေရင်းက
နှလုံးသားက လက်မခံချင်
ငြိတွယ်မိတဲ့ ဒီနှောင်ကြိုးက
ထာဝရထက် တစ်ရက်ပိုတယ်ထင်
မိုက်မဲစွာနဲ့ပဲ
သစ္စာတရားတို့ဖြင့် တွဲလက်တွေ ခိုင်မြဲစေချင်...

@nainghtookhant
Photo Credit; Facebook image

image

Coin Marketplace

STEEM 0.06
TRX 0.31
JST 0.062
BTC 66851.67
ETH 2049.79
USDT 1.00
SBD 0.51