Helath

in #myanmar8 years ago (edited)

မီးအပူလောင်ခြင်း၊ဆီးပူလောင်ခြင်းစသည်ဖြင့် လူအတော်များကြုံဖူးပါလိမ့်မည်။ ထိုသို့ကြုံတိုင်းတင်ပြပါနည်း လေးကို သတိရပါ။ လွယ်ကူပါသော်လည်းတန်ဖိုးကြီးပါသည်။
မန္တလေးမြို့တွင် ရွှေနန်းစဉ်သုံး ကမ္ဘာရောဂါအထူးကုဗဟို ဆေးခန်းဟူပြီးဖွင့်လှစ်ကုသသော တရုတ်သမားတော်ကြီး ဟိုပင်ရောင်၏ဆေးနည်းလည်းဖြစ်ပါသည်။ထိုတရုတ်သမား တော်ကြီးထံမှ လက်ဆင့်ကမ်းရသော နည်းလေးဖြစ်ပါသည်။
အပူလောင်ပါလျှင် ဂျုံမှုန့်ကို ရေနှင့်ပျစ်ပျစ်လေးကျိုပြီး အအေးခံကာဆီပူ၊ ရေနွေးပူ၊ မီးလောင်နာပေါ်သို့ ထိုဂျုံမှုန့် ကော်ရည်လေး ကိုခပ်ထူထူ လေးလိမ်းပေးရခြင်းဖြစ်ပါသည်။ မကြာခဏ လိမ်းပေးပါ။
ရေဖုမထွက်၊အမာရွက်မကျန်ပါဘဲ သက်သာပျောက်ကင်း သွားပါလိမ့်မည်။
image
ငါးမျက်စိရောဂါကို အင်္ဂလိပ်လိုCron ခေါ်ပါသည်။ ငါးမျက်စိရောဂါ(molluscum Contagiosum) သည်အရေပြားပေါ်တွင်ဖြစ်ပေါ်နေသော အဖုလေးအလုံးလေး များဖြစ် ပါသည်။ညှစ်လိုက်ပါက အဖုလုံးလေးများမှ အဆံလေးများထွက်တတ်ပါသည်။ ကူးစက် မှုလွယ်ကူးပြီး။ ထိမိ၊ဖိမိက နာလှပါသည်။
ခန္ဓာကိုယ်အနှံအပြားတွင်လည်း ပေါက်တတ် ပါသည်။သို့သော်ငါးမျက်စိသည်ခြေထောက်တွင်ပေါက်သည်က များပါသည်။အချို့ကအသားမာဟုလည်းခေါ်သည်။
ကြွက်နို့(Wart)ခေါ်သည်။ကြွက်နို့ဟာHPI လို့ခေါ်ကြသည့် Human Papilloma Virusဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပါတယ်။ HPI ဗိုင်းရပ်စ် အမျိုးအစား(၈၀)ကျော်ကြောင့် ကြွက်နို့ဟာ လူခန္ဓာအနှံ့ပေါက်တယ်လို့ဆိုပါသည်။မြန်မာတိုင်းရင်းဆေးနည်း တစ်ခုဖြင့် ကြွက်နို့၊ငါးမျက်စိရောဂါကို အသေအချာပျောက် ကင်းပါသည်။
ကွမ်းစားထုံး (ဖေါက်ထုံး) ကွမ်းသီးတစ်လုံးစာ ဂျင်း (၁)ကျပ်သား တစ်တက် ကြက်သွန်ဖြူဥ (၁)ဥ အိမ်တွင်းလွယ်လွယ်ကူကူရရှိစေသော အမယ်(၃)မျိုးဖြစ်ပါသည်။
ထိုသုံးမျိုးကို ညက်အောင်ထောင်းပြီး ငါးမျက်စ(သို့)၊ကြွက်နို့ပေါ်သို့ အုံ၍ ပတ်တီးစည်း ထားရပါသည်။(၁၀)မိနစ်ကြာလျှင် ငါးမျက်စိ၊ကြွက်နို့သည် အသားပေါ်သို့မသိမသာကြွ ၍ တက်လာပါသည်။ထိုအခါ လက်ဖြင့်ကိုင်ကာဆွဲနုတ်လိုက်ပါက အမြစ်အုံပါ ကျွတ်၍ ပါလာမည်ကိုကိုယ်တိုင်ကိုယ်ကျမြင် ရမည်ဖြစ်ပါသည်။
(ကြွက်နို့၊ငါးမျက်စိသတ်နည်းများလည်းများစွာရှိပါသည်)။တင်ပြပါနည်းမှာ ကိုယ်တိုင်ကြုံကြိုက်ဖူးသော ဆေးနည်းဖြစ်ပါသည်။

Coin Marketplace

STEEM 0.06
TRX 0.28
JST 0.049
BTC 68423.90
ETH 1988.94
USDT 1.00
SBD 0.49