တိတ်ဆိတ်ခြင်း

in #myanmar8 years ago (edited)

image
Credit to Google
ကျွန်တော်တို့တွေ ဘဝမှာ လှုပ်ရှားရုန်းကန်ရင်း တစ်ခါတစ်လေ စိတ်သောက ဖြစ်စရာတွေ၊စိတ်ညစ်စရာတွေ၊စိတ်ပူပန်စရာတွေ ကြုံလာရပြီဆိုရင် တိတ်ဆိတ်ခြင်း ဆိုတဲ့ အကာအကွယ်ကိုယူပြီး ဖြေရှင်းဖို့လိုပါမယ်။တိတ်ဆိတ်တယ် ဆိုလို့ ဘာမှ မပြော မလုပ်တာကို ဆိုလိုတာ မဟုတ်ပါဘူး။ တိတ်ဆိတ်ငြိမ်သက်မှ ကောင်းတဲ့ အကြံညဏ်၊ ကောင်းတဲ့ အတွေးတွေနဲ့ ရင်ဆိုင်ဖြေရှင်းစရာတွေကို ရင်ဆိုင်နိုင်မှာပါ။ တစ်ခုခုဖြစ်တိုင်း ငြီးညူနေတာထက် လုပ်စရာရှိတာကို ပြီးမြောက်အောင် လုပ်လိုက်ရင် စိတ်ကျေနပ်မှုလည်း ရလာပါတယ်။ ဒါပေမဲ့ လူတော်တော် များများက ပြသနာကို ဖြေရှင်းရင် အာရုံတစ်ခုကို တစ်ခုနဲ့လွဲပြီး ဖြေရှင်းတတ်ကြတယ်။ ဒါကလည်း မရတာတော့ မဟုတ်ဘူးပေါ့။ပြသနာဖြစ်တိုင်း စိတ်ဖြေစရာ အာရုံလိုက်ရှာနေရင် အဖြေရှာတွေ့ဖို့ ဝေးလေဖြစ်နေမှာပါဘဲ။ ဖြစ်လာတဲ့ အခြေအနေ ပေါ်မှာ စိတ်ကြည်ကြည်လင်လင်နဲ့ ဖြေရှင်းမှ အကောင်းဆုံးအဖြေရမှာပါ။ကျွန်တော်ဖတ်ခဲ့ဖူးတဲ့ စာအုပ်ထဲမှာ ပြောတာ ပြန်ပြောရရင် အာရုံဟာ တစ်ကြိမ်ထဲမှာ အများကြီး အလုပ်မလုပ်နိုင်ဘူး။တစ်ကြိမ်မှာ တစ်ခုကိုဘဲ အာရုံစိုက်နိုင်တာပါ။ တစ်ကြိမ်ထဲမှာ အများကြီးလုပ်နိုင်နေလို့ လုပ်သမျှ အကုန် အာရုံစိုက်နိုင်တယ်လို့ ထင်ရတာပါ။ အဲဒီတော့ တစ်ခြားပြင်ပ အာရုံတွေ လျော့ဖို့ဆိုရင် ပတ်ဝန်းကျင်ရဲ့ တိတ်ဆိတ်မှု အများကြီး လိုအပ်ပါတယ်။ မဟုတ်ရင် အာရုံ တစ်ခုထဲကို စူးစိုက်ဖို့ မဖြစ်နိုင်တော့ပါဘူး။ လာသမျှ အာရုံတွေနဲ့ ဆက်ဆံပြီး ပြသနာရဲ့ အစကို ရှာဖို့လဲ ခက်နေအုံးမှာပါဘဲ။ အဲဒီတော့ တိတ်ဆိတ်တဲ့ ဝန်းကျင် တည်ငြိမ်တဲ့ အခြေအနေတွေဟာ ကျွန်တော်တို့ ဘဝမှာ အောင်မြင်ဖို့အတွက် လိုအပ်တဲ့ အကြာင်းအရင်းတစ်ခုလို့ ထင်မြင်မိပါကြောင်း။

Coin Marketplace

STEEM 0.06
TRX 0.29
JST 0.055
BTC 70710.67
ETH 2073.81
USDT 1.00
SBD 0.52