လူတွေကခတ်တယ်...Life Poem Reading

in #myanmar8 years ago

image

''လူတွေကခက်တယ်''


”လူတွေကခက်တယ်”
ဖြည့်တွေးပေးဖို့ထက် 
အပြစ်တင်ဖို့သာ မြင်ကြတာ...

”လူတွေကခက်တယ်”
ပျော်ရွှင်စေဖို့ထက်
မျက်ရည်ကျအောင်ပဲ လုပ်တတ်တာ...

”လူတွေကခက်တယ်”
နားလည်ပေးဖို့ထက်
အနိုင်ယူဖို့ပဲ စိတ်ထဲထားတတ်တာ...

”လူတွေကခက်တယ်”
မြှင့်တင်ပေးဖို့ထက်
ဆွဲချဖို့ပဲ ကြံစည်တတ်ကြတာ...

”လူတွေကခက်တယ်”
ကိုယ်ချင်းစာတတ်ဖို့ထက်
တစ်ဖက်သတ်ပဲ မြင်တတ်ကြတာ...

”လူတွေက ခက်တယ်”
ချီးကျူးဖို့ထက် 
ကဲ့ရဲ့ဖို့ပဲ ကြည့်တတ်ကြတာ...

”လူတွေကခက်တယ်”
အကောင်းမြင်ဖို့ထက်
အမှားကိုသာ ရှာတတ်ကြတာ...

”လူတွေကခက်တယ်”
လူတစ်ယောက်ရဲ့အရည်အချင်းထက်
အပြစ်အနာအဆာကိုသာ တန်ဆာဆင်တတ်ကြတာ...

”တစ်ခါတစ်ရံ”
လူတွေက သိပ်ခက်တယ်...။

Coin Marketplace

STEEM 0.06
TRX 0.28
JST 0.047
BTC 65470.74
ETH 1921.14
USDT 1.00
SBD 0.51