You are viewing a single comment's thread from:

RE: “ အတွေးများကိုတူးဆွခြင်း ”

in #myanmar8 years ago

မှန်ပါတယ် ကိုမဟော်ရေ ရှေးက စာရေးဆရာများဟာ သွားလေရာမှာ ရေးမှတ်စရာ စာရွက်တစ်ရွက် ခဲတံတစ်ချောင်း အမြဲပါကြတယ် ။ သူတို့ အတွေးစဉ်မှာ ပေါ်လာတာကို ချရေးမှတ်သားထားကြတယ်ဗျ။ ဒီကနေတဆင့် နိုင်ငံကျော်စာပေတွေဖြစ်လာကြတာ အမှန်ပါပဲဗျာ။ အတုယူစရာပါ။

Sort:  

ဗီသိုဗင် ဆိုလည်း သူသွားလေရာမှာ ခဲတံနဲ့ မှတ်စုစာအုပ် အမြဲပါတယ်တဲ့ ၊ သူ့ခေါင်းထဲပေါ်လာတဲ့ ဂီတနုတ်စ်တွေကို ချက်ချင်းချရေးထားတတ်တယ်။ အတုယူစရာပါပဲ ခုခေတ်ဆိုရင်တော့ ပေါ်လာတဲ့အတွေးလေး ဖုန်းထဲက notes လေးထဲ မှတ်ထားလိုက်ရုံပါပဲ။

ဟုတ်တယ်ဗျ မှတ်သားလောက်တဲ့ ရှေးက ပညာရှင်တွေရဲ့ အတုယူဖွယ် အလေ့ကျင့်လေးတွေပါပဲဗျာ။