ဖြစ်ပြီးရင် ပျက်...
ဆိုးဘူးကွ ဟာသတော့ဖြစ်သား လောကမှာ ဘယ်သူကမှဖန်ဆင်းနေတာမဟုတ်ဘူး ကံဆိုသောလုပ်ရက်ကြောင့်ပေါ့ ရုပ်တရား ဖြစ်ခဲ့မှတော့ မသေလို့မရဘူးလေ မပြတ်ဆီးလို့လည်းမရပါဘူး အချိန်ဆိုတာက နှိုင်းရ သဘော ပါ အမှန်တကယ်က မြေရေလေမီးဆိုသောဓာတ်သဘောတွေကြောင့်သာ လောင်းကျွမ်းစေပီး သင်ခါရအဖြစ်မတည်မြဲတာပေါ့လေ ပုထုဇဉ်ဟာ မသိသေးတာပါ သိအောင်လေ့လာကျင့်ဘို့က မဂ္ဂင်ရှစ်ပါး လိုတယ်လေ အဲ့တော့သိချင်ရင်လေ့လာကျင့်ဆောင်ပေါ့ မသိသေးတဲ့အချိန်မှာတော့ မသိနိုင်ဘူးအပြောခံရမှာလဲသဘာဝပေါ့လေ ဘာကိုမသိတာလည်း တရားကိုမသိတာ တရားကဘာလည်း တရားဆိုတာက မပြောင်းလွဲသော သစ္စာ သဘာဝ သင်ခါရ အကျယ်ချဲ့ရင် ဉာဏ်မမှီသူတွေမှာ ပိုရှုပ်တက်လို့ ဘာမှမသိချင်နဲ့ သေမှာကိုသာသိပါ သေမှာလို့သိပါများရင် လောဘဒေါသမောဟပါးလာမယ် သမာဓိပိုလာမယ် ဥပမာနဲ့ပြရရင် မောင်းနှင်နေတဲ့ယဉ်ရထားဟာ လောင်စာကုန်ရင်ရပ်သလိုပေါ့ ပုထုဇဉ်တွေ လူတွေကိုမောင်းနှင်နေသော လောဘဒေါသ မောဟဆိုသောလောင်စာကုန်ရင်သံသရာလည်ဘို့ရပ်လိတ်မယ် အဲ့ဒီကိလေသာတဏှာအဝိဇ္ဇာ တွေဖုန်းနေသမျှလောင်ကျွမ်းနေမှာပဲလေ လောင်ကျွမ်းနေသမျှလဲလည်ပက်နေမယ်ပေါ့ လည်ပက်နေသမျှပင်ပမ်းရမယ်ဒါပဲလေ ကိုလုပ်လို့ကိုလည်တာပဲကိုလည်တော့ကိုပင်ပမ်းတယ် ဘယ်သူကမှအစားခံပေးလို့မရဘူးပေါ့