လေးစားမိခြင်း

in #myanmar6 years ago

မင်္ဂလာပါ ဗျို့....
မှတ်​တမ်း​လေးတစ်​ခုကဲ့သို့ အားတုန်း​လေး အ​ရေးသားညီ​စေရန်​ ​ဆောင်းပါးလိုလို ဘာလိုလို ​ရေးတတ်​ မ​ရေးတတ်​နဲ့. ​ကျောက်​တိုင်​စိုက်​ခဲ့အုံးပါမယ်​ဗျို့.

ကိုယ်​​တွေသာ..အရာရာ​နောက်​ကျ​နေပါရဲ့လို့...​တွေးမိ​လေစ။..ကဲ..ဟိုတ​နေ့က​ပေါ့...ချာတိတ်​ ​လေးတစ်​​ယောက်​...ကျွန်​​တော့်​ကို...messangerက​နေ....ဆက်​သွယ်​လာတယ်​။...

အိမ်​အ​ပေါက်​ဝင်​လာသလို..ကျွန်​​တော်​ဘယ်​သူပါ၊ဘယ်​ကပါဆိုပြီး....ယဉ်​ယဉ်​​ကျေး.....ကိုယ့်​ကို...မိတ်​ဆက်​​လေပါ​ရော့။အံ့သြမိပြန်​​ရော။online​ပေါ်​ရောက်​လာတာ.5 years ကာလတစ်​ခုပင်​ ကြာခဲ့ပြီ ။ထိုသို့ မိတ်​ဆက်​ပြီး ဝင်​လာသူမ​တွေ့​သေး​ချေ။

မိတ်​ဆက်​ပြီး သကာလ သူ့၏ အသက်​ကို ​ပြော​လေ၏။ 18နှစ်​တဲ့​လေ။ ကိုယ်​ကလဲ သူရဲ့ info ကို ဝင်​​ရောက်​ကြည့်​မိတာ​ပေါ့။

သူ​ပြောတာလက်​ခံပါတဲ့​လေ။ ​ပြောရရင်​ ကျွန်​​တော့်​ရဲ့ ညီငယ်​လိုပါပဲ။ steemitတွင်​လဲ ကျွန်​​တော့်​ကို ဆုံမိ​လေထင်​ပါရဲ့။ steemit​ကြောင်းလဲ ​ပြောသွား​သေးကို။

စကားစပ်​မိ​လေ​သောအခါ.ထိုသူက ပန်တိုင်​ ကြီး​လေရဲ့။ ငယ်​ရွယ်​သူနဲ့ မလိုက်​​ပေ။ websiteမှာ သတင်း ​ပေး ယူ လုပ်​​နေပါတယ်​တဲ့။ ကိုယ်​ပိုင်​ websiteတဲ့​လေ။ ထူးခြားတာက လိုင်​စင်​ပါ တင်​ထား​သေးတယ်​တဲ့​လေ။

လူကသာ 18နှစ်​အရွယ်​ က​လေးသာသာ ပညာနဲ့မလိုက်​​အောင်​ ​တော်​လွန်း​ပေ။ webပညာကို သင်​ယူခဲ့ 3နှစ်​သာ ကာလတစ်​ခုကြာခဲ့ပင်​တဲ့ဟု စကားစီး​မျောရာက​နေ သိလာခဲ့ရ။

ယခုမှာ​တော့ သူက​တော့ webမှာ adsတစ်​ချို့ ချိတ်​ကာ $ရှာ​နေပါ​လေရဲ့။ ဒါ့အပြင်​ apkအ​သေးစား​တွေလဲ ​ရေး​နိုင်​ပြီတဲ့။ ကိုယ့်​မှာ​တော့ ဆွံ့ အ လို့​နေ။

ပြီး​တော့ ​ပြောသွား​သေးတယ်​။ရုံးထိုင်​ပြီး​တော့ကို သူ့webကို အစီအစဉ်​ တကျ လူပ်​ချင့တာတဲ့။ရည်​ရွယ်​ချက်​ကြီးမား​ပေသည်​ဟု ချီးကျူးစက​တောင်​​ပြောခဲ့မိလိုက်​​သေးတယ်​။

အခုလို ​တော်​တဲ့က​လေးက ကိုယ့်​ကို လာပြီး မိတ်​ဆက်​​တော့ ဝမ်းသာပီတိကို ဖြစ်​လို့.။ အကြံ​ပေးဆိုလို့ ​ပေးလိုက်​မိ​သေးတယ်​။

Google adsenseထည့်​လို့​ပြောမိ​တော့ အာ့​တော့ သူလဲ မလုပ်​တတ်​ဘူးတဲ့​လေ။

image
ဒါပါပဲဗျာ။
@onlinelover

Sort:  

ယခုကလေးများတော်ကြပါသည်

သိပ်​ဟုတ်​တယ်

Congratulations! This post has been upvoted from the communal account, @minnowsupport, by zawmyo from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

အဲ့လို ဗဟုသုတတွေ အတွက် စာအုပ်ရေးထားတာမျိုးရှိလား ညွှန်ပြပေးဦး ဝါသနာပါတယ်

တပည့်​​တော်​လဲဝါသနာပါတယ်​ဘုရား

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.029
BTC 57616.20
ETH 3030.92
USDT 1.00
SBD 2.25