စစ်ခွေးမုန်းသူများ မဖက်ရ

in #myanmar6 years ago

image
ကြယ်တွေကြွေတာကိုတိုက်ဆိုင်လို့ မြင်ခွင့်ရတဲ့အခါ ကျွန်တော်တို့ဟာ ကိုယ်သန်ရာ သန်ရာဆုတောင်းလေးတွေနဲ့ ဆုတောင်းပေးတတ်ကြပါတယ်။ဒါက ဘာကိုပြနေတာလည်း ဆိုတော့ ကျွန်တော်တို့ဟာ ထိခိုက်ခံစားလွယ် တုံ့ပြန်လွယ်တဲ့သတ္တဝါ ဖြစ်ခြင်းကို ပြနေတာပါ။ အာရုံမှာ ဖော်ပြခံလာရတဲ့ အရိပ် တွေကို လိုက်ပြီးပျော်စရာဆိုရင် ဝမ်းသာကြည်နူးမယ်။ စိတ်မကောင်းစရာဆိုရင်ကြေကွဲဝမ်းနည်းမယ်။ဒီလိုနဲ့ ခံစားမှု သံသရာမှာ ကျင်လည် နေတတ် ကြပါတယ်။ ဒါပေမဲ့ တစ်ခါ တစ်ခါ မှာလည်း မြင်သလိုနဲ့မတွေ့ သိသလိုနဲ့ မေ့နေတတ်ကြတဲ့ အကြောင်းခြင်းရာလေးတွေက ဟောဒီ လောကဘဝတွေ ထဲမှာ ရှိနေတတ်ကြပါသေးတယ်။ ကြယ်ကြွေတဲ့ အကြောင်းလေးကိုပဲ နည်းနည်းပြန် ပြောပါ့မယ်။ကျွန်တော်တို့ဟာ ကြယ်ကြွေတာကို ညအခါ မှာသာ မြင် ခွင့်ရခဲ့ကြတာပါ။ညဘက် မှာ ကြွေတဲ့ကြယ်တွေရဲ့အကြောင်းကိုပဲ ခံစား တုံ့ပြန်
ပေးခဲ့ကြတာပါ။တကယ့် တကယ် တမ်းကျတော့ နေ့အခါ မှာလည်းကြယ်တွေအများကြီးကြွေ
နေခဲ့တာပါ။ဒါကိုတော့ ကျွန်တော်တို့ မြင်သလိုနဲ့မတွေ့ သိသလိုနဲ့ပဲ မေ့နေခဲ့ကြပါတယ်ဗျာ။
image
ညီလေး အဲ့လမ်းက မလာနဲ့ မိုင်းတွေရှိတယ် လာ လာ ညီ ဒီဘက်ကလာ၊ ညီရာ မင်းနှယ် စစ်ခွေးခေါ်ချင်တာများ ဒီလောက်အန္တရာယ်များတဲ့ နေရာကိုလာရတယ်လို့ကွာ၊ ထမင်းရော စားပြီးပြီလား ကြည့်ရတာ ဆာနေပုံရပါတယ်၊ လာလာ အကိုတို့နဲ့လာစားနော် ထမင်းမကောင်း ဟင်းမကောင်းပေမယ့် စေတနာကောင်းလို့ စားကောင်းမှာပါကွာ၊ ညောင်ချဉ်ဖူးသုတ်လေးထည့်စားနော် သြော်... ထမင်းကမာခဲနေတော့ မျိုမကျဘူးထင်ပါရဲ့
ပဲဟင်းလေးသောက်ညီ ဝရောင်းချဉ်ကြော်လေးစား
ဟင်းမကောင်းပေမယ့် ငါ့ညီအတော်မြိန်ပုံရသားကွ ကောင်းကွာ အကိုစားရမယ့်ရိက္ခာထဲက ညီ့ကို ဖဲ့ကျွေးတာပါ အကိုမဝပေမယ့် နေတတ်ပါတယ်
ညီသာဝအောင်စားနော် စားပြီး ခံတွင်းချဉ်ရင် ပွတ်ချွန်းလေးရှိတယ်ညီ အကိုတစ်ပတ်စာသောက်ဖို့ ချန်ထားတဲ့ ပွတ်ချွန်းလေးတစ်လိပ် ငါ့ညီသောက်ချင်ရင် သောက်လိုက်ပါကွာ အကိုနေတတ်ပါတယ် ဒီလမ်းကပြန်ပါ ငါ့ညီရာ ခလုတ်မထိ ဆူးမငြိပါစေနဲ့
စစ်ခွေးခေါ်ဖို့များ တောထဲမလာပါနဲ့ကွာ မြို့ပေါ်မှာ အေးအေးချမ်းချမ်းနေရင်း အပူအပင်ကင်းကင်းနဲ့ ခေါ်ပါညီရာ ငါ့ညီတို့ အော်ချင်ရာအော် ပြောချင်ရာပြောဖို့ အန္တရာယ်ကင်းကင်းနေရဖို့
အကိုတို့တောထဲမှာ အကိုတို့အသက်တွေ စတေးပေးပါ့မယ့်ညီရေ ဘယ်လိုဘဲ စစ်ခွေးခေါ်ခေါ်
အကိုတို့ကတော့ အပြုံးမပျက် အမုန်းမစွက် ငါ့ညီတို့လို ပြည်သူတွေအတွက် အသက်တွေ ပေးဆပ်နေဦးမှာပါ။မြို့ပေါ်မှာဘဲ အေးအေးချမ်းချမ်း စစ်ခွေးခေါ်ပါ ညီရယ်။

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by Boaungdean from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 62548.40
ETH 3435.15
USDT 1.00
SBD 2.51