-ဒို့​သွေးကို ဒို့​ဆေးဖြင့်​ကယ်​မည်​-

in #myanmar6 years ago

သာသနာနှစ်​ ၂၅၆၂၊ သက္ကရာဇ်​ ၁၃၈၀ ခုနှစ်​၊ ကဆုန်​လ ပြည့်​​ကျော်​ ၆ရက်​​နေ(့11,5,2018)×××××(5,5,​​​2018 Satသူမ၏​မွေး​နေ့) တွင်​ကွယ်​လွန်​သွားရှာ​သော မ____ အားရည်စူး၍​ကျန်​ရစ်​သူ မိသာစုနှင့်​ သူငယ်​ချင်း များသည်​ အလှူဒါန ​ပေးလှူ၍ အမျှ​ပေး​ဝေပါသည်​။ အမျှ အမျှ မျှ ယူ​လော့မူ ကြပါကုန်​ သာဓု သာဓု သာဓု၊ အမျှ အမျှ အမျှ ယူ​လော့မူကြ ပါကုန်​ သာဓု သာဓု သာဓု၊ အမျှ အမျှ အမျှ ယူ​လော့မူကြပါ ကုန်​ သာဓု သာဓု သာဓု။ သူငယ်​ချင်း​ရေ ​ဖြစ်​​​လေရာ ဘဝ တိုင်းမှာ ခုလို အဖြစ်​ဆုံးနှင့်​ ​ကွေ့ကွင်းပါ​စေကွာ၊ကျွနု​ပ်​တို့အား လုံး၏ နှလုံးသားထဲတွင်​ နာကျင်​​ဝမ်းနည်း နှ​မျောတသစွာဖြင့်​ ကွယ်​လွန်​သွားရှာ​သော သူငယ်​ချင်း၏ ရက်​လည်​အလှူတွင်​ အမျှ ​ပေး​ဝေ​နေကြသည်​။ သူမ၏ မိဘများ၊ အမျိုးသား နှင့်​ ကျွနု​ပ်​တို့သူငယ်​ချင်းတစ်​စု၏ မျက်​ဝန်းများတွင်​ ဝမ်းနည်းလွန်​လှ၍ ဖြစ်​​ပေါ်လာ​သော မျက်​ရည်​စများအား ထိန်းမထားနိုင်​ခဲ့​ချေ။

မြချယ်​က​လေးသည်​ 1999 may​,5 ရက်​​နေ့တွင်​ ​မွေးဖွား ခဲ့ပြီး ယခု 2018 may,5ရက်​​နေ့တွင်​ ၁၉နှစ်​ပြည့်​ခဲ့​ပေပြီ။ ကျွနု​ပ်​၏ အသက်​​အောက်​ ၂နှစ်​ခန့်​ငယ်​ရွယ်​ပြီး သူမ၏ အမျိားသားနှင့်​ပတ်​သက်​၍ ကျွနု​ပ်​နှင့်​ ခင်​မင်​ရင်းနှီးခဲ့ကြ ​လေသည်​။ အိမ်​​ထောင်​သက်​မှာ ၁နှစ်​​ကျော်​မျှသာရှိပြီး လူငယ်​တို့သဘာဝ စိတ်​တိုင်းမကျတိုင်း ဇနီး​မောင်​နှံ ခဏခဏ စကားများတတ်​ကြ​ပေသည်​။ အဆိုးဆုံးဟု၍မျိုး​တော့မဟုတ်​။ သို​သော်​လည်း ခဏ​နေ ပြန်​တည့်​ကာ အတူတူပင်​ ဖြစ်​ကြပြန်​ သည်​။ သူမသည်​ အိမ်​​ထောင်​ကျပြီးသည်​နှင့်​ ယောင်​​နောက်​ဆံထုံးပါ ဆိုသည့်​တိုင်း သူမ၏ အမျိုးသားမိများ အိမ်​သို့လိုက်​ပါ​နေခဲ့သည်​။ သူမအမျိုးသား၏ မိဘများသည်​လည်း ပြည့်​စုံသည်​ဟု ဆိုရ​ပေမည်​။ ကိုယ်​ပိုင်​ ခြံ​မြေ လယ်​ယာများနှင့်​ အခြား​သော စီးပွား​ရေးများလည်း ရှိ​ပေသည်​။

2Q==(6).jpg

သူမတို့ဇနီး​မောင်​နှံသည်​ ၎င်းတို့အိမ်​ဆိုင်​(အိမ်​​ရှေ့​ဈေး ဆိုင်​တည်​)က​လေးတွင်​ ဝိုင်းဝန်း ကူညီ လုပ်​ကြသည်​။ လယ်​ယာလုပ်​ငန်းရှင်​တို့ဖြစ်​သည့်​နယ်​ အိမ်​ထဲသင်​​တော်​ရာ ​နေရာအချို့တွင်​ ဆန်​အိတ်​များ၊ စပါးအိတ်​များ ရှိတတ်​​ပေ သည်​။ သူမတို့ ဇနီး​မောင်​နှံ သည်​ ည​နေ​နေ​အေးချိန်​များတွင်​ မြို့ထဲသို့ ညင်​သာစွာဆိုင်​ကယ်​လှည့်​ပတ်​စီးနင်းတတ်​ကြ​သည်​။ ကျွနု​ပ်​တို့နှင့်​ လမ်းမာဆုံလျှင်​​တောင်​ `အရင်​လိုဘဲလား ရန်​ဖြစ်​ ကြ​သေးလား´ဟု​တောင်​ စ​နောက်​ တတ်​သည်​။

  • 5.5.18 Sat

မချယ်​သည်​ ​ထမင်းဝိုင်းပြင်​ကာ​ရေမိုးချိုးပြီး သနပ်​ခါးလိမ်း​နေ သည်​။ သူမ၏ အမျိုးသားသည်​ ​ဈေးဆိုင်​ထဲတွင်​​​ရောင်းလက်​စ customer အား ​ငွေရှင်းပြန်​အမ်း လက်​စသတ်​သည်​။ သူမ၏ ​ယောက္ခမ ​နှစ်​ဦးသည်​ ထမင်းဝိုင်းတွင်​​ သားနှင့်​သမီး ​ချွေးမအား ​​စောင့်​ဆိုင်းကာ​နေသည်​။ မြချယ်​သည်​ သနပ်​ခါးလူး အဝတ်​စားလဲပီး​သော်​ လက်​​ဆေးရန်​အတွက်​ ​နောက်​​ဖေး သို့သွားမည်​အပြု စပါးအိတ်​​ဘေးတွင်​ထား​သော ဖိနပ်​အား အလျင်​မြန်​စီး​လေရာ စပါးအိတ်​​ဘေးတွင်​ အသင်​ရှိ​နေ​သော 1liter ​ရေသန့်​ဘူးအဖုံးသာသာခန့်​ရှိ​သော မဲမဲရှည်​ရှည်​ ပိုး​ကောင်​သည်​ မြချယ်​၏ ​ချေခုံအထက်​သို့ထိ​လေသည်​။

images(56).jpg

သိသည်​နှင့်​ ​ယောက္ခမနှစ်​ပါသည်​ ​အ​ပြေးလာကာ ​ခြေသလုံးဝယ်​ ကြိုးဖြင့်​တင်းတင်​ချည်​​နှောင်​​လေသည်​။ စိတ်​ ထဲတွင်​လည်း တပြိုက်​နက်​ ငါ့​ချွေးမအား အနီးရှိ မြန်​မာ​မြွေဆရာထံပို့မည်​​လော ​ဆေးရုံသို့​ပြေးရ မည်​​​လော​​ တွေး​လေသည်​။ မိမိ သား/သမီးအရင်းမဟုတ်​သည့်​နယ်​ တစ်​ခုခုလွဲ​ချော်​ကာမူ မိမိအပြစ်​ဖြစ်​မည်​ဆိုး​သော​ကြောင့်​ ​ဆေးရုံသို့သာ ပို​ဆောင်​ရန်​ လျှင်​မြန်​စွာ ဆုံးဖြတ်​ခဲ့ပြီး ဆိုင်​ကယ်​ဖြင့်​ ​ဆေးရုံသို့ အပြင်းနှင်​ခဲ့​လေသည်​။

၎င်းပိုး​ကောင်​သည်​လည်း အဘယ်​သို့​ရွေ့သည်​မသိခဲ့​ချေ။ ​၅မိနစ်​ခန့်​ကြာ ​ဆေးရုံသို့​ရောက်​​လေသည်​။ သူမပိုးထိ လာ​ကြောင်း ဆရာဝန်​များနှင့်​ ဆရာဝန်​မများအား အသိ​ ပေး​လေရာ ကုတင်​​ပေါ်တွင်​ထိုင်​ခိုင်း​စေပြီး ဘာ​မြွေကိုက်​ ​တာလဲ ဘယ်​​နေရာလဲ​ဆရာဝန်​က​မေးသည်​။ သူမသည်​ အဆိပ်​တတ်​သည်​ လက္ခဏာ မပြ​သေး၍ သူမကိုယ်​တိုင်​ပင်​ သမီး​ခြေ​ထောက်​ကိုပါဆရာ ​မြွေက မဲမဲရှည်​ရှည်​ အလုံးက ဘယ်​​လောက်​ဟု လက်​ဖြင့်​ဝိုင်းပြသည်​။ ဆရာဝန်​သည်​ ဆရာမများအား ​ခြေ​ထောက်​တွင်​ချည်​လာ​သောကြိုးအား ဖြည်​ခိုင်း​စေပြီး ​စောင့်​ကြည့်​ထားဟု မာကြားကာ နား​နေခန်းသို့ ထွက်​သွား​လေသည်​။

ဆရာမများကလည်း ချည်​​နှောင်​ထား​သော ကြိုးကိုဖြည်​ပြီးချင်း လက်​ ထိတ်​အား​သွေး​ဖောက်​ ​ဖောက်​ကာစစ်​​ဆေးသည်​။ ဆီးအားလည်း​တောင်း၍ စစ်​​ဆေးသည်​။ သို့​​သော်​ မည်​သည့်​ လက္ခဏာ မှမပြ​ချေ။ မဆိုးရိမ်​ရပါ ဟု​ပြော​၍ ​စောင့်​ကြည့်​ ထားခိုင်းပြန်​​သေးသည်​။ ​ဆေးရုံတတ်​ရမည်​ဟု​ပြောသဖြင့်​ သူမ၏ ​အမျိုသားအား လိုအပ်​​သော ပစ္စည်းများ အပြန်​ယူခိုင်းပြန်​သည်​။ သူမအမျိုးသား၏ အ​ဖေသည်​ သမီးဘယ်​လို​နေလဲ ဟု ခဏခဏ ​ဘေးထိုင်​ကာ​မေး​ချေသည်​။ နာရီဝက်​ ခန့်​ကြာ​သော ​ခေါင်းမူတယ်​ ​ပြောလာသည်​။ ထိုဦး​လေးကြီး သည်​ ဆရာမအား​ပြေး၍ ​ပြောပြသည်​၊ က​လေးမ​လေး ​ခေါင်း မူးလာတယ်​ ​ဟု သတင်းပို့သည်​၊ ဆရာမများသည်​ မည်​သို့ အမူအရာမရှိ က​လေးရှိရာလည်း လာမကြည့်​။ ​နောက်​၁၀ မိနစ်​ခန့်​ကြာ အန်​ချင်​သည်​ ​ပြောလာ၍ သူမ ​အ​ဖေ သည်​ အိပ်ခုတင်​​ပေါ် အန်​ချခိုင်း​​လေသည်​။ ဤတွင်​ အဝါ​ရောင်​ အရည်​များ အန်​ချ​လေသည်​။

ဒုတိယ အကြိမ်​ ဦး​လေးကြီးသည်​ ဆရာမထံ ​ပြေး၍ ​ပြောသည်​ ထိုအခါမှ ဆရာဝန်​မတို့သည်​ ​ဆေး​လေးတစ်​လုံးလာထိုး​ပေးပြီး ၂နာရီ​စောင့်​ကြည့်​မည်​ဟာ​ပြောပြန်​သည်​။ စုစု​ပေါင်းတစ်​နာရီ အတွင်းတွင်​ က​လေးမ​လေးသည်​ အကြိမ်​​ပေါင်းများစွာ အန်​​ချေ​တော့သည်​။ ထိုအခါ ဆရာဝန်​သည်​ အခြား ​​ဆေးရုံ ဝါးခယ်​မ(ကျုံမ​​ငေးနှင့်​၁၂မိုင်​အကွာ) သို့လွှဲ​လေသည်​။ ဝါးခယ်​မ​ရောက်​​သော်​ ​ဝါးခယ်​မ​ဆေးရုံမှ ​ရန်​ကုန်​သို့ လွှဲ​ချေပြန်​သည်​။ လမ်းတွင်​က​လေးသည်​ အ​ချေ အ​နေစိုးရိမ်​ရ၍ ပန်းတ​နော်​​ဆေးရုံသို့ဝင်​ခဲ့ သည်​။ ​ဆေးရုံမှ ဆရာမကြီးက အ​ခြေအ​နေ မ​ကောင်း​ဘူး ​မြွေ​ဟောက်​ကိုက်​တဲ့ လက္ခဏာ နှလုံးကို​ရောက်​​နေပြီ​ပြောပြီး ​ဆေးသုံးလုံးထိုးကာ ဆရာဝန်​မ သုံးဦးထည့်​​ပေး၍ ရန်​ကုန်​သို့အလျှင်​အမြန်​ သွားရန်​ မှာကြားသည်​။

သို့​သော်​ ကံမ​ကောင်းစွာဖြင့်​ မြချယ်​က​လေးသည်​ ရန်​ကုန်​မ​ ရောက်​မှီး မိုင်​​ပေါင်းများစွာအလို လမ်း၌ပင်​ တစ်​ချက်​ လူးလွန့်​ကာ ကွယ်​လွန်​သွားရှာ​ပေ​တော့သည်​။ ထိုသတင်း ကြားရသူ မြို့သူမြို့သားအ​ပေါင်းတို့ပင်​ များစွာ ဝမ်းနည်းမူခံစား ရ​ချေသည်​။ သူမ၏ မိဘ၊ အမျိုးသားတို့၏ ရင်​ထဲဝယ်​..........။

  • ​ရှောင်​လွှဲ​၍ မရတိုက်​ဆိုင်​လာ၍ အဆိပ်​ရှိ​သော သတ္တ၀ါအချို့ထိခဲ့​သော်​ ဇီဝိတဒါနဖြင့်​ ​အောက်​ပါ နည်းလမ်းအချို့အား ပြန်​လည်​မျှ​ဝေပါသည်​။
  1. ဒန္တသုခ (​တောဓားပြ)​ဆေးပင်

FB_IMG_1526010078632-01.jpeg

မြန်​မာနိုင်​ငံ ​နေရာ အနှံအပြားတွင်​အများအားဖြင့်​ ​တွေ့မြင်​ရပြီး အရွက်​မှာ ​ဆေးခါးရွက်​နှင့်​ဆင်​တူကာ အပွင့်​မှာ ခရမ်း​ရောင်​ ပန်းက​​လေးများဖြစ်​သည်​။ အပင်​က​လေးများသည်​ တစ်​ထွာမှ သုံး​ပေ အထိ အမြင်​ရှိ​ပေသည်​။ ရခိုင်​ဆရာ​တော်​တစ်​ပါးမှ ​ဆေးပညာလိုက်​စား၍ ​တွေ့ရှိခဲ့ရာ လွန်​ခဲ့​သော ၁၅နှစ်​ခန်​က စမ်းသပ်​သုံးစွဲခဲ့ရာ ရာနုန်းအပြည့်​​အောင်​မြင်​​ကြောင်းသိရသည်​။

အဆိပ်​ရှိ​သော သတ္တ၀ါ ဟုသမျှ ​ပျောက်​ကင်း​ကြောင်းနှင့်​ အထူးသဖြင့်​ ​မြွေ​ပွေး ​မြွေ​ဟောက်​ကဲ့သို့​သော အဆိပ်​ပြင်း များအား ၅မိနစ်​အတွင်းသက်​သာ ​ပျောက်​ကင်း သည်​ဟု​ ဖော်​ပြ ထားပါသည်​။

အရွက်​အားခူး၍ ​ရေ​ဆေးကာ ဝါးပါ။ ထွက်​လာ​သောအရည်​ အား အနာဝတွင်​သုတ်​လိမ်း၍ အဖက်​အားမြိုချ​ပေးပါ။

  1. ​မြွေ​ဟောက်​ပင်

FB_IMG_1526011521230-01.jpeg

မြွေ​ဟောက်​ပင်​ သည်​ ရှားပါ​သော အပင်​မျိုးဖြစ်​သည်​။ ​ပေါက်​ကာ စတွင်​ ​မြေပင်​မှ နှစ်​​ပေခန့်​မြင်​တတ်​ပြီး ပြန်​လည်​ ​ငိုက်​ကျကာ ​မြေပြင်​နှင့်​ထိသည့်​​နေရာမှ အမြစ်​ထွက်​ အတတ်​ ထွက်​ပြီးပွား​သော အပင်​မျိုးဖြစ်​သည်​။

အရွက်​သည်​ ခံတတ်​ရွက်​ထက်​ ဗျက်​ကြီးပြီး မျက်​နှာပြင်​ အ​ပေါ်ဘက်​တွင်​ သိသိသာသာ အမဲစက်​ တစ်​စက်​ရှိ​သည်​။

အရွက်​အား အရည်​ညှစ်​လိမ်း၍ ကပ်​​ပေးခြင်းဖြင့်​သက်​သာ ​ပျောက်​ကင်း​ပေသည်​။

ဤ​ဆေးနည်း အချို့ဖြင်​ အဆိပ်​သင့်​ခြင်းအား ကာကွယ်​နိုင်​ကြပြီး။ ကုသချိန်​အား ကြာရှည်​​အောင်​ ပြုနိုင်​ကြပါ​စေ။

ခင်​မင်​​လေးစားစွာဖြင့်​ ဖြိုး​ဇော်​ဦး ကျုံမ​ငေး

Writing by phyozawoo
@phyozawooburmes
MSC-071


Sort:  

အနောက်တိုင်းဆေးနဲ့ ကုမရတဲ့ ရောဂါတော်တော်များများကို ကိုယ့်တိုင်းရင်းဆေးနဲ့မှကုလို့သက်သာတာတွေ တစ်ပုံကြီးပါ

ဟုတ်​တာ​ပေါ့ အစ်​ကို လက်​ခံပါတယ်​။

မြန်မာ့တိုင်းရင်းဆေးနဲ့ပါတ်သက်ပြီးတော်တော်လေ့လာထားတာဘဲ ခုလိုဝေမျှပေးလို့ ကျေးဇူးပါ

အဲ့​အောက်​လဲ မဟုတ်ပါဘူး အစ်​မ နည်းပါးပါ။

I don't know about your post.

ခုလိုတိုင်းရင်း​ဆေးအစွမ်းသိရလို ​ကျေးဇူးပါ

ဟုတ်​ကဲ့ အစ်​ကို ဝမ်းနည်းလိုပါဗျာ။

စိတ်​မ​ကောင်းစရာပါ😢...အ​ရေး​ပေါ်အဆိပ်​​ပြေ​စေတဲ့​ဆေးနည်း​တွေမျှ​ဝေ​ပေးလို့​ကျေးဇူးပါ....

အနည်းဆုံး​တော့ အချိန်​ပိုရနိုင်​တာ​ပေါ့ အမရယ်​။

ဘာလဲညေး ဆေးကုစားတော့မှာလား အိမ်ခေါ်အုံးမှပါ ဆေးဆရာကို😁😁

ဟား ​သောက်​စားရိတ်​ တာဝန်​ယူရင်​ လိုက်​​မေ။

သနားပါတယ် သား😔😟

She is mean "Sorry.!"

သနာပါတယ် ဆေးရုံရောက်တာစောရဲ့သားနဲ့

ဟုတ်​တယ်​ အစ်​မ။

ဒါက ဆရာဝန်တွေရဲ့ပေါ့ဆမှုပါ

ဟုတ်​ကဲ့ ညီလည်း အဲ့လိုဘဲ ထင်​မိပါတယ်​။

မြွေဟောက်ပင်က တော့ …ကြားဖူးတယ်ဗျ စွမ်းတယ်

ဟုတ်​တယ်​ အစ်​ကို။

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.029
BTC 61657.19
ETH 3452.67
USDT 1.00
SBD 2.52