ကျွန်ုပ်နှင့် ကျွန်ုပ်၏ သမိုင်း----(၃)
အပိုင်း-(၁)+(၂)အားအောက်ပါlinkတွင် ဖက်ရှုနိုင်ပါသည်။
https://steemit.com/myanmar/@phyozawooburmes/ky-n-up-wng-ky-n-up-ethmong-apong-1
https://steemit.com/myanmar/@phyozawooburmes/ky-n-up-wng-ky-n-up-ethmong-apong-2

အပိုင်း(၃)
" ညီ သင်တန်း စုံစမ်း ချင်လို့လားညီ"
"ဟုတ်ကဲ့ အကို ကျွန်တော် သင်တန်းတတ်ချင်လို့ပါ"(ဆရားဖြစ်မှန်းမသိခဲ့)
"ညီ အထဲကို ကြွပါ ဟိုမှာထိုင်နေတဲ့ ဆရာ နဲ့ စကားပြော ပေးညီ"
ညွှန်ပြသည့်အတိုင်း ထိုင်နေသော ဆရာနှင့် စကားသွား၍ပြောခဲ့သည်။ "ဟုတ်ကဲ့ ဆရာ ကျွန်တော် ဖုန်းဆက်ပြီ စာရင်းသွင်းပြီးပါပြီဆရာ"__ "နာမည်လေးတစ်ချက်ပြောပါ ခင်ဗျ" __ " ဖြိုးဇော်ဦးပါ " "ဟုတ်ကဲ့ တွေ့ပါတယ်ညီ ၊ saftware ရော Hardware ရော နှစ်မျိုးလုံးတတ်မှာနော်" __" ဟုတ်ပါတယ်ဆရာ" စာရင်းပေးသွင်းပြီ ဖြစ်၍ အခြားထွေထွေ ထူးထူး ပြောစရာ မရှိတော့သည်။ ကျသင့်သော သင်တန်း ကြေးအား ပေးပြီးသည့်နှင့်။ " ခုဏ ညီ့ကို ပြောတဲ့သူက ဆရာ အေးချမ်း သူက IOS ကို သင်ကြာတဲ့ ဆရာပါ ၊ ကျနော်ကတော့ Android ကို သင်ကြားတဲ့ ဆရာ၊ အထဲမှာ ဆရာတစ်ယောက်ရှိတယ် သူက Hardware ဆရာပေါ့.." အသီးသီး မိတ်ဆက်ပေးပြီးနောက် ။
" ညီလည်း ခရီးပန်းလာရောပေါ့ ၊ ကဲ ဆရာအေးချမ်းရေ သူ့ကို အဆောင် လိုက်ပို့လိုက်ပါဦး "
ကျွန်တော်လည်းတကယ် နားချင်နေပါပြီ။ ကျွန်တော်တို့မြို့ကလေးနှင့် ရန်ကုန်သို့ ၄နာရီခန့်ကားစီးခဲ့ရပြီး သင်တန်းရောက်ဖို့ အတွက်လည်း တစ်နာရီကျော်လောက် လိုင်းကားစီးခဲ့ရသေးသည်။ အဆောင်သို့ရောက်သည်နှင့် အထုတ်တွေ နေရာချ ကိုယ်နေမည့်နေရာလေးကို ပြင်ဆင်ရသည်။ ကျွန်တော်တတ်မည့် အပတ်စဉ်မှာ ရက်လိုသေး၍ အခြားသင်တန်းသားများ မရောက်ကြသေး။ အဆောင်ကား ၃လွှာတွင်ရှိပြီး ရေချိုးခန်း အိမ်သာ တစ်ခန်းစီရှိသည်။ ချက်ပြုတ် ရန်အတွက်လည်း အခန်းတစ်ခု ရှိပြီး ရေ၊ မီးစုံလေသည်။ ကျွန်တော်တို့ အဆောင်သည် 'အဆောင်' ဟုသည်ထက်ပင် ပိုနေသည်ဟု ထင်ရပေသည်။
အပတ်စဉ် နှစ်ခု ကြားရက်တွင်ကြို၍ရောက်လာ သူ ကျွန်တော့ အတွက် ဆရာတွေက သင်တန်းတွင် လေ့လာရန် ဖိတ်ခေါ်လေသည်။ တစ်ယောက်တည်း ပျင်းနေသည်လည်း ဖြစ်ရာ သင်တန်းတွင် ဆရာများနှင့်ရင်နှိးမှုရ ရန်သွားရောက်ခဲ့သည်။ သင်တန်း မှာကား Services နှင့် တွဲထား သည်ဖြစ်၍ သင်တန်းကြားရက်ဖြစ်သော်လည်း အလုပ်က မပျက်ပေ။ ထိုတွင် Heardware ဆရာ သည် မွေးရပ်မြေ မန္တလေးသို့ ခဏ ပြန်သွားရာ လက်ထောက် ဆရာ တစ်ဦးသာ ကျန်လေသည်။ ထိုဆရာနှင့်  ကျွန်တော် ရင်းနှီးမူ ရှိပြီး touch လဲ LCD လဲပုံးများ သင်ပြပေးခဲ့သည်။

သတ်မှတ်ထားသော အပတ်စဉ် ဖွင့်ရက်ရောက်သော် တစ်စ တစ်စ သင်တန်းသားများ အဆောင်တွင် တိုးပွား လာခဲ့သည်။ ရှေးဦးစွား ရောက် နှင့်နေသော ကျွန်တော်ကပင် တာဝန်ကျေစွာ အသီး သီးနေရာ ပြပေးခဲ့ရသည်။ အရပ် ဒေသ ပေါင်း အသီးသီးမှ စရိုက်ပေါင်းစုံနှင့် လူများ ဖြစ်၍ အရက်သမား၊ ဖဲသမား၊ စစ်ထွက်၊ ဘုန်းကြီးလူ ထွက် နှင့် ကလေးအဖေ မျိုးစုံ ရှိခဲ့သည်။ သင်တန်းတွင်လည်း သင်ယူရမည် သင်ခန်းစာများကို သင်ယူခဲ့ကြသော်လည်း အဆောင်သို့ ပြန်လာလျှင် အရက်သမားကလည်း အရက်သောက်၊ စစ်ထွက်ကလည်း သူ့ စတိုင်နှင့်သူ၊ ဘုန်းကြီးလူထွက်ကလည်း တရားအကြောင်းတွေပြော ဖြင့်။
အဆောင်တွင် စည်းကမ်းချက်များ ချမှတ်ထားသော်လည်း ကလေးများ မဟုတ်သည့်အတွက် ဆရာများကလည်း မျက်စိ ဒေါက်ထောက်၍ လိုက်ကြည့်နေစရာ အကြောင်းမရှိ။ မည်သို့ပင် ဖြစ်စေ အဆောင်သားအချင်းချင်း ရန်လို စကားများခြင်း အလျင်းမှိခဲ့ပါ။ ပျော်စရာပင်ကောင်းနေသေးသည်။ ညရောက်သည်နှင့် အရက်ကြိုက်သူက စစ်ထွက်နှင့် အဖော်ညီကာ ဆိုင်သွားသောက်သည်။ ဖဲသမားများကလည်း ဝိုင်းဖွဲ့ကာ ကစားကြသည်။ ဘုန်ကြီးလူထွက်ကဖြင့် အိပ်ယာထဲလှဲကာ နဖူးပေါ်လက်တင်ပြီး တရား တွေရွတ်ဖက်လို့။
ဖြစ်လာသည့် အကြောင်းအရာကို အပြစ်ဆိုရမည်ဆိုလျှင် ဖဲသမားများ အပြစ်ဟု ပြောရမလို ဖြစ်နေသည်။ ဖြစ်ပုံ မှာ စစ်ထွက် လူကြီး ၏ပိုက်ဆံ နှစ်သိန်း ပျောက်သွားခြင်း ဖြစ်သည်။ ခါတိုင်း ဆိုလျှင် ဖဲ ကစားသူများမှာ မိုးလင်ပေါက် နီးပါးကစားကြသည်ဖြစ်ရာ ထိုရက်မှ အစောကြီး အိပ်ယာဝင်ကြလေသည်။ စစ်ထွက်ကြီးကလည်း မိုးမလင်ခင် ရေထချိုတတ်သူ ဖြစ်ရာ သူရေချိုးပြီး အခန်းထဲမှ ထွက်လာ စဉ် ပိုက်ဆံယူ၍ ထွက်သွားသော သူကို လှမ်း မြင်လိုက်သည်။ သို့သော် အော်၍သာ ပြောနိုင်ပြီး ပြေလိုက်ရန်သူ့တွင် ခြေထောက်တစ်ဖက် အဆင်သင့် မဖြစ်သေး။စစ်ထဲတွင် မှိုင်းထိ၍ ခြေတစ်ဖက် မရှိခဲ့ပါချေ။
" ဟေ့ကောင်တွေထကြပါဦးဟ လိုက်ကြစမ်းပါ ငါပိုက်ဆံယူပြေးလို့ဟ"
သူ့ခမျာ စိတ်မကောင်း စရာ ပြေးလိုက်ရန်ရန် စိတ်အားထက်သန်သော်လည်း ပြေးလိုက်ဖို့က ခြေတစ်ဖက်မရှိရှာ။ လူငယ်လည်း ဖြစ်သော ကျွန်တော် နှင့် ဘုန်းကြီးလူထွက် နှစ်ယောက်မှာ အသံကြားချင်းလန့်နိုးပြီး ထလိုက်ခဲ့ပါသည်။ သို့သော်လည်း မမှိတော့ပေ။ ထိုလု၏ ပစ္စည်း များမှာလည်း စောင်နှင့် ခြင်ထောင်တွေသာကျန်ခဲ့ပေသည်။ ဆရာ များကလည်း ကာယကံ ရှင်အား မည်သို့လုပ်ချင်ကြောင်းမေးခဲ့ပါသည်။ သင်တန်းအား ထိခိုက်မည် စိုးသောကြောင့် စစ်ထွက်ကြီးက ဘာမှ မလုပ် ဘဲ နေလေသည်။
ဒီလိုနှင့် နေလာကြသည်မှာ သင်တန်းနောက်ဆုံးရက်သို့ရောက်ခဲ့ကြသည်။ အဆောင်သားတွေအားလုံး တစ်ယောက်စိတ်ဓာတ် တစ်ယောက်သီးပြီးကြသည်မို့ အားလုံးက နွေးနွေးထွေးထွေးရှိကြသည်။ နောက်ဆုံးရက်ဖြစ်ကြ၍ ချက်ပြုတ် စားသောက်ကြရန်သင်တန်းအနီး ရှိ ပါရမီ စိန်ဂေဟာ သို့ တက်ရောက်ကြပြီး shopping ထွက်ကြသည်။ အပေါင်အပါးများဖြင့် ပျော် ပျော် ပါးပါး ဖြစ်ရာ အလွယ် တစ်ကူ မမေ့နိုင်သော ရက် တစ်ရက် ဖြစ်ခဲ့ ရသေးသည်။

ညနေပိုင်းတွင် အားလုံး ချက်ပြုတ်ပြီးစီးပြီး ညဦးပိုင်းရောက်သည်နှင့် ပျော်ပျော်ပါးပါး စားကြ သောက်ကြဖြင့် ရှိ သည် ။ ထိုစဉ် တွင် အဆောင်ဖုန်းသို့ သင်တန်းမှ ဖုန်းဝင်လာသည်။ ကျွန်ုပ်အားသင်တန်းခဏလာဖို့ပြောသည်။ တစ်ချက်စိုးရိမ်သွားသည် အဆောင်တွင် သောက်စားနေသည်ကို ဆူဖို့ လား ဘာလားပေါ့။
သင်တန်းရောက်သော် အခန်းထဲတွင် ဆရားများအားလုံး စုဝေးနေသည်။ စိတ်ထဲတွင်တော့" သေပြီဟ" ဟု တွေးမိသည်။ သို့သော် ထင်သလိုမဟုတ်။" ဒီည မင်းတို့ နုတ်ဆက်ပွဲ ရှိတယ်ဟုတ်" ဆရာတစ်ယောက်က စပြောသည်။ "ဟုတ်ကဲ့ဆရာ " ခေါင်းကိုမဖော်ရဲ ဘာဆက်ဖြစ်မည် ကို ကြို မသိခဲ့။
" အေးအေး မင်းတို့လူငယ်တွေ လူကြီးတွေကို ပြန်ထိန်းနော် ဟားဟား"
အခြေအနေတော့ကောင်းသည်ဟုထင်ရပေသည်။
"ဟုတ်ကဲ့ဆရာ"
"ငါတို့လည ခုမ meeting ပြီးတာကွ ၊ မင်း ခု သင်တန်းလည်းပြီးပြီ ၊တတ်သင့်သလောက်လည်းတတ်မြောက်ပြီးပြီ ဘာဆက်လုပ်ဖို့ စိန်ကူးလဲ"
"ခုတော့ ဆရာ အိမ်အရင်ပြန်ပါမယ်၊ နောက်တစ်ခေါပြန်တတ်လာပြီး အတွေ့အကြုံ ယူတဲ့အနေနဲ့ အလုပ်ရှာပြီးလုပ်ပါဦးမယ်"။
" အေးဟုတ်ပြီ မင်းကို ခေါ်တာ အကြောင်းရှိတယ် ငါတို့ခု meeting မှာ တိုင်ပင် ပြီးပြီ"
"ဟုတ်ကဲ့ ဆရာ "
"မင်း နောက်တစ်ခေါက်ပြန်လာရင် သင်တန်းကို အရင်ဝင်ခဲ့ကွား အကြာကြီးတော့ မနေနဲ့ မြန်မြန်ပြန်လာခဲ့ကွာ"
"ဟုတ်ကဲ့ဆရာ ကျွန်တော် တစ်ပတ်လောက်ဘဲ ပြန်မှာပါ"
" အေး ဟညတ်ပြီ မင်းလာရင်သင်တန်းကိုသာ အရင်ဝင်လာခဲ့ ခုတော့ရပြီ မင်းတို့နုတ်ဆက်ပွဲလေးကိုပြန်သွတော့"
ဆရာ အေးချမ်းက ထပြောသည်။
" နောက်ကျမှ ခေါ်ပြောရင် မင်းတို့မူးနေမှာစိုးလို့ ဟားဟား"
အပိုင်း-(၄)ဆက်ရန်------

Writting by ဖြိုးဇော်ဦး
Photo by ဖြိုးဇော်ဦး
@phyozawooburmes
MSC-071
Waiting
Soon.
ဖတ်လို့ကောင်းပါတယ်သင်တန်းအတွေ့ကြုံ
ဟုတ်ကဲ့ 😁😁
နှုတ်ဆက်ပွဲမှာ မူးသွားသေးလားဗျ
ဘယ်လိုပြောရပါ့ 😂😂
ကောင်းတယ် ဖတ်လို့
ဟုတ်ကျေးဇူး ပါ။
ဖတ်လို့ကောင်းတယ် bro
thank
the last ဆိုတဲ့ပုံကိုသိပ်မကြိုက်ဘူး တစ်ခြားပုံလေးပြောင်းထည့်ပါလား ဝေဖန်ကြည့်တာနော် ဟီးးး
အဲ့တာ သင်တန်းရဲ့ logo ပါဗျ ဆရာတွေဆီက ခွင့်တောင်းပြီးတင်တာ။ logoကတော့ ဆရာတွေနဲ့ဘဲဆိုင်တယ်။ 😊
ဟီးးး မသိပါဘူး
ဖက်လို့ကောင်းနေပီ အဆက်မြန်မြန်လာပါ
အယ့်။ဟုတ်ကဲ့ ခင်ဗျ။
အတွေ့အကြုံလေးတွေပေါ့
ဟုတ်တာပေါ့အကို
များတာဗျာ😂.အပိုင်း၎မျှော်
သည်းခံ ဗျ 😁😁
အပိုင်းလေးတွေနဲ့ဖော်ပြတာ ကောင်းပါတယ်@phyo
ဟုတ်ကဲ့ အားပေးတာ ကျေးဇူးပါ