Thinking ……

in #myanmar7 years ago

ကိုယ်ချစ်တဲ့ကလေးတယောက်က
ကိုယ့်ကို သူလိုချင်တာပူဆာတော့
ကိုယ်က ပေးနိုင် / မပေးနိုင် သူမသိဘဲ
ကိုယ့်ကို ဂျစ်ကန်ကန်တွေလုပ်ပြီး စိတ်ကောက်ပြနေတော့
ကိုယ့်မှာ စိတ်မကောင်း အိပ်မပျော်ဖြစ်ပြီး တွေးရင်းမိုးလင်းသွားခဲ့ရပါတယ် ………

ရုတ်တရက် ကိုယ်ငယ်ငယ်ကအကြောင်းကို ပြန်တွေးမိပြီး ကိုယ့်မိဘဆွေမျိုးတွေကို ချက်ချင်းသတိတရဖြစ်မိတာပေါ့ ………

ကိုယ်ငယ်ငယ်ကလည်း လူကြီးမိဘတွေက အဆင်ပြေလား မပြေလားနားမလည်ဘဲ လိုချင်တာပူဆာလို့ မရမချင်း ခြေဆင်းစိတ်ကောက်ပြီး ငိုတော့တာကိုး ………

ကိုယ်ကံကောင်းတာက ပူဆာတာကို တဦးမဟုတ်တဦးက ဖြည့်ဆည်းကြတာပါဘဲ ………

ကိုယ်ချစ်တဲ့ကလေးကတော့ ကိုယ့်လိုကံမကောင်းရှာဘူးပေါ့ သူပူဆာတာကို ဖြည့်ဆည်းပေးနိုင်တဲ့အခြေအနေ လက်ရှိကိုယ့်မှာမရှိခဲ့လေတော့ ကလေးအတွက် စိတ်မကောင်းဖြစ်မိပါတယ် ………

အဆင်ပြေခြင်းရဲ့နောက်မှာ အဆင်မပြေခြင်းနဲ့ရင်ဆိုင်ရတတ်သလို
အဆင်မပြေခြင်းရဲ့နောက်မှာ အဆင်ပြေခြင်းဆိုတာလဲရှိတတ်တာမို့
တနေ့တော့ ကလေးပူဆာသမျှ ရအောင်ဖြည့်ဆည်းနိုင်မှာပါလို့ ကိုယ့်ကိုယ်ကိုအားပေးရင်း အာရုံတက်တဲ့ဒီမနက်ကို မင်္ဂလာပါလို့ကြိုဆိုလိုက်မယ် ကလေးရယ် ………

f88f083889fff58add70030386a49fa2.jpg

Photo credit to facebook

@pyaesonekhinkhin

Sort:  

ညကဝင်ကြည့်တာကျ ဘာpostမှမတွေ့ဘူး
အခုကျတော့တွေ့ရတယ်😁😁
ညကမျက်မှန်မတက်လိုက်မိလို့ပဲဖြစ်ရမယ်😂😂

Posted using Partiko Android

ဟားး မျက်မှန်တပ်သူတေကို စာနာပါ

စာမေးပွဲပီးရင် ပြန်လာမယ်ဆို မျှော်နေပါတယ် ညီမ

ဟု မမ
လာမှာပေါ့ 😍😍

BP လေး ဘာတွေလုပ်နေလဲ ငါ့တူမ
ကျောင်းတက်နေတာလား ကျောင်းလစ်ပြီး
ဆဲဖီလ်ဆွဲနေလား နေရောကောင်းလား

လစ်ဖူးဦးလေးထွေး
ကျောင်းလဲမလစ်ရဘူး ပိတ်ထားတာလေ ဟီးးး

This post has received a 9.27 % upvote from @boomerang.

စာတွေပြန်ရေးနေပီပေါ့
အယ်လယ်

မမရေ သတိရလို့ တင်လိုက်တာ
miss u sis with MSC team

မင်္ဂလာပါ ဗျ မမပြည့် 😊

မင်ဂါပါ မြန်မာကိုကိုရေ
miss u all and your poems

ကော်ကော်ရီး. သတိရတေ😭😭😭😢😢

ညေးကိုလဲသတိရတယ်လို့ 

ကော်ကော်ရီး. ပန်လာပါ. 😭

Posted using Partiko Android

တနေ့တော့ပြန်လာဖြစ်မယ်ပါ
ငိုနက်ညေး

ဟု ကော်ကော် ရီး ညေး စော်မျော်နေပါ့မယ်

Posted using Partiko Android

‌စေတစ်‌လုံးပိုင်‌ရှင်‌ ဖြစ်‌‌စေသတည်း။အလွဲ‌လေး‌တွေ ဆက်‌မ‌ရေး‌တော့ဘူးလားညီမ။

ရေးမယ်အကို
ရေးထားပီးသားတွေအများကြီး
တင်ရမာ bot မသုံးတော့ နှမြောနေတာ ဟီးးးး